သရုပ်ဆောင် မင်းသားတစ်ဦးဖြစ်တဲ့ ဂျွန်ဂို ကတော့ အက်ရှင်ဇာတ်ကားတွေမှာ အမိုက်စား သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်များရဲ့ ချစ်အားပေးမှုကို ရရှိခဲ့ပါတယ်။ ဒါအပြင် နယ်ပရိသတ်တွေရဲ့ အဓိချစ်ခင်အားပေးမူ့ကို ရရှိခဲ့တဲ့ မင်းသားတစ်လက်လဲ ဖြစ်ပါတယ်။ ဂျွန်ကို ဟာ မင်းသား နေထူးနိုင် ရဲ့ ယောက်ဖတော်စပ်သူတစ်ဦးပါ။ အနုပညာနာမည်က ဂျွန်ဂို ဖြစ်ပြီး နာမည်အရင်းကတော့ ချစ်မိုးအောင်ဖြစ်ပါတယ်။
မင်းသား ဂျွန်ဂို ဟာ အက်ရှင်ကားတွေကို အဓိကအသားပေး ရိုက်ကူးပြီး ကိုယ်ခံပညာပေါင်းစုံကို တတ်ကျွမ်းသူတစ်ဦးပါနော်။ ဒါအပြင် သူ့ရဲ့ဇာတ်ကားတွေက သဘာဝဆန်ဆန် ဇာတ်အိမ်ဖွဲ့ထားတာကြောင့် ပရိသတ်တွေ အားပေးခံခဲ့ရတဲ့ အနုပညာရှင်တစ်ဦးပါ။ ပရိသတ်တွေချစ်ခင်အားပေးရတဲ့ မင်းသား ဂျွန်ဂို ဟာ အသက် ၂၇ နှစ်မှာ ဦးနှောက်အမြှေးပါးရောင် ရောဂါနဲ့ ကွယ်လွန်သွားခဲ့တာဆိုရင် ၈ နှစ်နီးပါးရှိခဲ့ပါပြီ။
ဂျွန်ဂို ဟာ အစ်မဖြစ်သူနဲ့ အတူနေထိုင်တာဖြစ်ပြီး ဦးနှောက်အမြှေးပါးရောင် ရောဂါဖြစ်နေတာ ကို နောက်ကျမှသိခဲ့ရပါတယ်။ ဒါပေမယ့်လဲ အက်ရှင်မင်းသားကြီး ကတော့ မိသားစုနဲ့ချစ်တဲ့ပရိသတ်တွေကို ထာဝရ ခွဲခွာသွားခဲ့ပါပြီ။
အက်ရှင်မင်းသား ဂျွန်ဂို ကွယ်လွန်သွားပြီ ဆိုပေမယ့်လဲ သူ့ကိုချစ်တဲ့ ပရိတ်သတ်တွေကတော့ ယနေ့ထိတိုင် အမှတ်ရနေဆဲပဲ ဖြစ်ပါတယ်နော်။ ဂျွန်ဂိုကို သတိရနေတဲ့ ပရိသတ်တွေရှိသေးလား???။
ပရိသတ်တွေမေ့နေတဲ့ ပြည်သူချစ်အနုပညာရှင်ကြီး အက်ရှင်မင်းသား ဂျွန်ဂို ရဲ့ အလွမ်းပုံရိပ်များ