⚽ လေးနှစ်တစ်ကြိမ်ကျင်းပတဲ့ ကမ္ဘာ့ဖလား
ဘောလုံးပြိုင်ပွဲကြီးကို ဒီနှစ် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့မှာ စတင်ကျင်းပတော့မှာဖြစ်ပါတယ်။ ပုံမှန်ဆိုရင် ဇွန်နဲ့ဇူလိုင်လမှာပြုလုပ်တာဖြစ်ပေမယ့် အိမ်ရှင်ကာတာနိုင်ငံရဲ့ ရာသီဥတုကြောင့် အခုလို နိုဝင်ဘာထဲ ပြောင်းရွှေ့စီစဉ်ခဲ့တာပါ။
အောက်မှာတော့ ပွဲစဉ်အချိန်ဇယား၊ ပွဲကျင်းပမယ့်ကစားကွင်းရှိရာနေရာတွေနဲ့ စောင့်ကြည့်ရမယ့်ကစားသမားတွေကို လေ့လာနိုင်ပါတယ်။ဒီတကြိမ်မှာရော ဗွီအိုအေပရိတ်သတ်တွေအနေနဲ့ ဘယ်အသင်းဗိုလ်စွဲမယ်လို့ ခန့်မှန်းပါသလဲ။
ဘယ်ပွဲစဉ်တွေကို အကြည့်ချင်ဆုံးလဲဆိုတာ မှတ်ချက်ပေးရေးသားနိုင်ပါတယ်။