ဇာတ်ပို့သရုပ်ဆောင် အေးသီတာ ကတော့ ရုပ်ရှင်ဇာတ်ကားတွေထဲမှာ အကောင်းဆုံးပံ့ပိုးကူညီသရုပ်ဆောင်နိုင်ပြီးတော့
ပရိသတ်တွေအတွက်လဲပျော်ရွှင်အောင် ရသမျိုးစုံပေးစွမ်းနိုင်တဲ့ ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။
လက်ရှိအခြေအနေတွေကြောင့် ရုပ်ရှင်ဇာတ်ကားရရိုက်ကူးမှု့တွေကို ရပ်နားထားတာကြောင့် အနုပညာရှင်အားလုံးကတော့ ပရိသတ်တွေနဲ့အနည်းငယ် အလှမ်းဝေးနေကြတာပဲဖြစ်ပါတယ်။
လက်ရှိမှာ ဇာတ်ပို့သရုပ်ဆောင် အေးသီတာ ဟာ ပရဟိတကိုသာ တစ်စိုက်မတ်မတ် လုပ်ဆောင်နေပြီးတော့ ဘဝကိုစိတ်ချမ်းသာ ဖြတ်သန်းနေတာကို တွေ့ရပါတယ်။
အနုပညာနယ်ပယ်ထဲကနေ ပျောက်ကွယ်နေတဲ့ အဆိုတော် သဇင် ဟာ အေးသီတာ နဲ့အရမ်းကိုခင်မင်တဲ့ အနုပညာညီအစ်မတွေပဲ ဖြစ်ပါတယ်။
တစ်ခေတ်တစ်ခါက သီချင်းကောင်းများစွာကို သီဆိုခဲ့တဲ့ ပရိသတ်အသည်းစွဲ အဆိုတော်အဖွဲ့တစ်ခုဖြစ်တဲ့ No အဖွဲ့ကိုတော့ အားလုံးပဲ မှတ်မိကြအုန်းမယ်ထင်ပါတယ်။
ခပ်ချောချောအဖွဲ့ဝင် ကောင်မလေးသုံးယောက်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခုဖြစ်ပြီး ပရိသတ်တွေကြားမှာ အတော်လေးအောင်မြင်မူ့ရခဲ့တာပဲ ဖြစ်ပါတယ်။
သဇင်၊ရတနာ၊ရည်မွန် တို့နဲ့ဖွဲ့စည်းထားတဲ့ No အဖွဲ့ဟာ အဆိုကောင်းတဲ့အပြင် ချောမောလွန်းတာကြောင့် ယောက်ကျားလေးပရိသတ်တွေရဲ့ အသည်းစွဲအဖွဲ့တစ်ခုလဲ ဖြစ်ခဲ့တာပါနော်။
ပရိသတ်ကြီးရေ အဆိုတော် သဇင် နဲ့ သူမရဲ့ဓာတ်ပုံလေးတွေကို ပြန်လည်မျှဝေတင်ဆက် ပေးလိုက်ပါတယ်နော်။
ပျောက်နေတာကြာပြီဖြစ်တဲ့ အဆိုတော် သဇင် နဲ့ အမှတ်တရဓာတ်ပုံတွေ တင်ပေးလိုက်တဲ့ ဇာတ်ပို့သရုပ်ဆောင် အေးသီတာ