Cele News

ရင်ဘတ်ချင်းမတူတဲ့သူတွေနဲ့ မပတ်သက်ချင်ဘူးလို့ ပြတ်ပြတ်သားသား‌ ပြောလိုက်တဲ့ ဟားငါးကောင် လူရွှင်တော် တိုးကျော်

ပရိသတ်ကြီးရေ ဟားငါးကောင်အဖွဲ့ ဟာဆိုရင်တော့ ပြည်သူတွေနဲ့တစ်သားတည်း ရပ်တည်ခဲ့တဲ့ ပြည်သူချစ်တဲ့ လူရွှင်တော်တွေပဲ ဖြစ်ပါတယ်။ အမှန်တရားကို ချစ်မြတ်နိုးတဲ့ သူငယ်ချင်းညီအစ်ကို ငါးယောက်ဖြစ်တဲ့ တိုင်းကျော်၊တိုးကျော်၊ဝိုင်းကျော်၊ပြည်ကျော်၊ပိုးလေး တို့နဲ့ဖွဲ့စည်းထားပါတယ်။

ဒါကြောင့် ပုဒ်မ ၅၀၅ ကနဲ့ တရားစွဲဆိုခံရပြီးနောက် လွတ်မြောက်နယ်မြေကို ရောက်ရှိနေတာဆိုရင် လပေါင်းများစွာ ကြာမြင့်နေပြီပဲဖြစ်ပါတယ်။ ခက်ခဲကြမ်းတမ်းမေယ့် သူတို့တို့တော်လှန်ရေးစိတ်ဓာတ်တွေဟာ အခုချိန်ထိခိုင်မာနေဆဲပဲဖြစ်ပါတယ်။

ပြည်သူချစ်အနုပညာရှင်များဖြစ်ကြတဲ့ ဟားငါးကောင်အဖွဲ့ကတော့ အမှန်တရားအတွက် လွတ်မြောက်နယ်မြေမှာ တိုက်ပွဲဝင်နေပါတယ်။

မိသားစုကိုခွဲခွာပြီးတော့ ခက်ခဲကြမ်းတမ်းတဲ့တောတွင်းတစ်နေရာမှာ ရရာတာဝန်ကိုထမ်းဆောင်နေတာဟာ ဂုဏ်ယူဝမ်းမြောက်စရာပင်ဖြစ်ပါတယ်။ ဒါကြောင့်လဲ ပရိသတ်တွေက ပိုမိုချစ်ခင်အားပေးနေတာပဲဖြစ်ပါတယ်။

လူရွှင်တော် တိုးကျော် ဟာ ရင်ဘတ်ချင်းမတူတဲ့သူတွေနဲ့ မပတ်သက်ချင်ဘူးလို့ ပြတ်ပြတ်သားသား‌ ပြောလိုက်ပါတယ်။

” အခုချိန်မှာ ပျော်ရွှင်စရာpostနဲ့ feelတဲ့postတွေတင်ရင်ကျွန်တော်blမယ်……ကျေနပ်မှfri မကျေနပ်ရင် ကိုယ်အသိစိတ်နဲ့ ဒိုး ” လို့ သူ့ရဲ့လူမူ့ကွန်ယက်စာမျက်နှာ ပေါ်မှာ ရေးသားထားပါတယ်။

ဆုံးဖြတ်ချက်ပြတ်သားတဲ့ လူရွှင်တော် တိုးကျော် ရဲ့ စိတ်ဓာတ်ကတော့ လေးစားစရာပဲ ဖြစ်ပါတယ်။ ကဲ… ပရိသတ်ကြီးရေ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေတဲ့ ဟားငါးကောင် အတွက် အားပေးစကားလေးတွေ ပြောပေးခဲ့ပါအုန်းနော်။







