Cele News

လုပ်ကွက်အဟောင်းတွေနဲ့ ပြည်သူတွေကိုလှည့်စားဖို့ကြိုးစားနေတဲ့ စကစရဲ့အကြံကို သတိပေးလိုက်တဲ့ ရန်ရန်ချမ်း

ဝါရင့်ဟစ်ဟော့အဆိုတော်တစ်ဦးဖြစ်တဲ့ ရန်ရန်ချမ်း ကတော့ တစ်ခေတ်တစ်ခါတုန်းက နာမည်ကြီး လူကြိုက်များခဲ့တဲ့ နာမည်ကျော်အက်ဆစ်အဖွဲ့ဝင်ပဲဖြစ်ပါတယ်။

ရန်ရန်ချမ်း ဟာနာမည်ကြီးအစီအစဉ်တစ်ခုဖြစ်တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာလည်း ဒိုင်အဖြစ်နဲ့ပါဝင်ခဲ့ပါသေးတယ်။

ထို့နောက် မြန်မာပြည်ကို စစ်အာဏာသိမ်းတာကို လက်မခံနိုင်တာကြောင့် ပြည်သူတွေနဲ့အတူ ပြတ်ပြတ်သားသား ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်ခဲ့ပါတယ်။

ဒါကြောင့် စစ်ကောင်စီဘက်မှ ပုဒ်မ ၅၀၅ ဖြင့်တရားစွဲဆိုခံထားရပြီးနောက် လက်ရှိမှာ မိသားစုနဲ့အတူ ဘေးလွတ်ရာမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

လွတ်မြောက်နယ်မြေမှာ အတော်ကြာနေခဲ့ပြီးနောက် နိုင်ငံရပ်ခြားကို မိသားစုနဲ့အတူပြောင်းရွှေ့နေထိုင်ပြီး တော်လှန်ရေးတာဝန်တွေကို အဝေးကနေ ထမ်းဆောင်နေပါတယ်။

ရန်ရန်ချမ်း ကတော့ စကစတွေဟာ သူတို့ရဲ့လုပ်ကွက်အဟောင်းကြီးတွေကို ထုတ်သုံးနေပြီလို့ ပြည်သူတွေကို သတိပေးလိုက်ပါတယ်။

” ကျွန်တော့် ဘဝရဲ့လက်ရှိသက်တမ်းမှာပဲဒီနေရာလေးမှာ ပြည်သူတွေကိုရိုက်နှက်အကြမ်းဖက်ဖြိုခွင်းတာတွေလုပ်တာ သုံးခါတိတိကြုံဘူးခဲ့တယ် နောက်မျိုးဆက်တွေထပ်မကြုံ‌ေစချင်တော့ဘူး

ဒီတစ်ခေါက်ပိုဆိုးတာ ကျွန်တော်ရဲ့ငယ်ပေါင်းကြီးဖော်တွေ အသက်တွေပေး ထောင်ထဲတွေရောက်နဲ့ တစ်ကယ့်အိမ်မက်ဆိုးကြီးပဲ ….. စခ တွေကိုအားမပေးပေမဲ့သူတို့ရေးတဲ့ဇာတ်ကိုတော့လိုက်မကကြဖို့

တောင်းဆိုချင်တယ်ဗျာ သူတို့ဇာတ်ညွှန်းအဟောင်းကြီးတွေထုတ်‌ေရးနေပြီ ဒါပေမဲ့ပရိတ်သတ်ကအသစ်တွေဆိုတော့

ပါပီမ တို့ လှေသဘင်ပွဲ တို့ လိုမြောပါသွားမှာပဲဆိုးတယ် “လို့ ရန်ရန်ချမ်း ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

လုပ္ကြက္အေဟာင္းေတြနဲ႔ ျပည္သူေတြကိုလွည့္စားဖို႔ႀကိဳးစားေနတဲ့ စကစရဲ႕အႀကံကို သတိေပးလိုက္တဲ့ ရန္ရန္ခ်မ္း

ဝါရင့္ဟစ္ေဟာ့အဆိုေတာ္တစ္ဦးျဖစ္တဲ့ ရန္ရန္ခ်မ္း ကေတာ့ တစ္ေခတ္တစ္ခါတုန္းက နာမည္ႀကီး လူႀကိဳက္မ်ားခဲ့တဲ့ နာမည္ေက်ာ္အက္ဆစ္အဖြဲ႕ဝင္ပဲျဖစ္ပါတယ္။

ရန္ရန္ခ်မ္း ဟာနာမည္ႀကီးအစီအစဥ္တစ္ခုျဖစ္တဲ့ The Voice Myanmar သီခ်င္းဆိုၿပိဳင္ပြဲမွာလည္း ဒိုင္အျဖစ္နဲ႔ပါဝင္ခဲ့ပါေသးတယ္။

ထို႔ေနာက္ ျမန္မာျပည္ကို စစ္အာဏာသိမ္းတာကို လက္မခံႏိုင္တာေၾကာင့္ ျပည္သူေတြနဲ႔အတူ ျပတ္ျပတ္သားသား ဒီမိုကေရစီရရွိေရးအတြက္ တိုက္ပြဲဝင္ခဲ့ပါတယ္။

ဒါေၾကာင့္ စစ္ေကာင္စီဘက္မွ ပုဒ္မ ၅၀၅ ျဖင့္တရားစြဲဆိုခံထားရၿပီးေနာက္ လက္ရွိမွာ မိသားစုနဲ႔အတူ ေဘးလြတ္ရာမွာ ထြက္ေျပးတိမ္းေရွာင္ခဲ့ရပါတယ္။

လြတ္ေျမာက္နယ္ေျမမွာ အေတာ္ၾကာေနခဲ့ၿပီးေနာက္ ႏိုင္ငံရပ္ျခားကို မိသားစုနဲ႔အတူေျပာင္းေ႐ႊ႕ေနထိုင္ၿပီး ေတာ္လွန္ေရးတာဝန္ေတြကို အေဝးကေန ထမ္းေဆာင္ေနပါတယ္။

ရန္ရန္ခ်မ္း ကေတာ့ စကစေတြဟာ သူတို႔ရဲ႕လုပ္ကြက္အေဟာင္းႀကီးေတြကို ထုတ္သုံးေနၿပီလို႔ ျပည္သူေတြကို သတိေပးလိုက္ပါတယ္။

” ကြၽန္ေတာ့္ ဘဝရဲ႕လက္ရွိသက္တမ္းမွာပဲဒီေနရာေလးမွာ ျပည္သူေတြကို႐ိုက္ႏွက္အၾကမ္းဖက္ၿဖိဳခြင္းတာေတြလုပ္တာ သုံးခါတိတိႀကဳံဘူးခဲ့တယ္ ေနာက္မ်ိဳးဆက္ေတြထပ္မႀကဳံ‌ေစခ်င္ေတာ့ဘူး

ဒီတစ္ေခါက္ပိုဆိုးတာ ကြၽန္ေတာ္ရဲ႕ငယ္ေပါင္းႀကီးေဖာ္ေတြ အသက္ေတြေပး ေထာင္ထဲေတြေရာက္နဲ႔ တစ္ကယ့္အိမ္မက္ဆိုးႀကီးပဲ ….. စခ ေတြကိုအားမေပးေပမဲ့သူတို႔ေရးတဲ့ဇာတ္ကိုေတာ့လိုက္မကၾကဖို႔

ေတာင္းဆိုခ်င္တယ္ဗ်ာ သူတို႔ဇာတ္ၫႊန္းအေဟာင္းႀကီးေတြထုတ္‌ေရးေနၿပီ ဒါေပမဲ့ပရိတ္သတ္ကအသစ္ေတြဆိုေတာ့

ပါပီမ တို႔ ေလွသဘင္ပြဲ တို႔ လိုေျမာပါသြားမွာပဲဆိုးတယ္ “လို႔ ရန္ရန္ခ်မ္း ရဲ႕လူမႈ႕ကြန္ယက္ေပၚမွာ ေရးသားထားတာကို ေတြ႕ရပါတယ္။