မြန်မာ့ရုပ်ရှင်လောကမှာ အဓိကဇာတ်ဆောင်တွေ ဖြစ်ကြတဲ့ မင်းသားမင်းသမီး သာမက ဇာတ်ပို့ဇာတ်ရန် ၊ ဟာသသရုပ်ဆောင် တွေကဟာလဲ ဇာတ်ကားတစ်ကား ဖြစ်မြောက်ဖို့အတွက် ဝိုင်းဝန်းပံ့ပိုးး အင်အားဖြည့်ပေးရပါတယ်။ ဒါမှလဲ ဇာတ်ကားကောင်းတစ်ကားအဖြစ် ပရိသတ်လက်ခံအားပေးမူ့ကို ရရှိမှာပဲ ဖြစ်ပါတယ်။ လက်ရှိနိုင်ငံရေးအခြေအနေတွေနဲ့ ကပ်ရောဂါကြောင့် ရုပ်ရှင်ရုံတွေ ပိတ်ထားရတာပါတယ်။ ဒါကြောင့် မြန်မာ့ရုပ်ရှင်လောကတစ်ခုလုံးက အနုပညာသမားတွေ အားလုံးခက်ခဲနေကြတဲ့အချိန်ပဲ ဖြစ်ပါတယ်။ ဒီလိုခက်ခဲနေတဲ့ အထဲမှာတော့ လူရွှင်တော်၊ဟာသသရုပ်ဆောင် သိန်းဇံလဲ အပါအဝင်ပဲ ဖြစ်ပါတယ်။
ဟာသသရုပ်ဆောင် သိန်းဇံ ဟာ အနုပညာလုပ်ငန်းတွေမရှိတော့တာကြောင့် ထိုင်စားရင်း ကားလေးကို ရင်းနှီးပြီး သမီးဖြစ်သူနဲ့အတူ ရပ်ကွက်ထဲမှာ ဈေးလိုက်ရောင်းကြည့်ခဲ့သေးပေမယ့် ရောင်းမကောင်းတဲ့အပြင် မကိုက်တာကြောင့် ကားလေးပြန်ဝယ်ပြီး taxi ပြန်မောင်းနေတယ်လို့ သိရပါတယ်။ သရုပ်ဆောင် သိန်းဇံ ကတော့ taxi မောင်းနေတာ ၇ လလောက်ရှိနေပြီလို့ သိရပါတယ်။ “အနုပညာအလုပ်တွေ မရှိတော့ ထိုင်စားရင်း၊ ကားပါ ရောင်းလိုက်ရတယ်။ သမီး နဲ့အတူ ရပ်ကွက်ထဲ ဈေးလိုက်ရောင်းကြည့်ပေမယ့် မကိုက်တဲ့ အတွက် နောက်ဆုံး ကားလေး ပြန်ဝယ်ပြီး Taxi ဆွဲစားရတာပါ။ ကားမောင်းတာ (၇) လ လောက်တော့ ရှိပါပြီ သမ္မာအာဇီဝ ကျကျ ရှာဖွေ စားသောက်နေတာ ဖြစ်လို့ မရှက်ပါဘူး” အင်တာဗျူးတစ်ခုမှာ ပြောကြားသွားခဲ့ပါတယ်နော်။
ပရိသတ်ကြီးရေ ဒီကာလကြီးမှာ အနုပညာသမားတွေအတွက် ခက်ခဲလွန်းတဲ့ကာလကြီးပဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ဝမ်းရေးအတွက် ကျရာအလုပ်ကို လုပ်ကိုင်ပြီးဖြေရှင်းနေရတာလဲ ဖြစ်ပါတယ်။ မြန်မာပြည်သူပြည်သား အားလုံးကျန်းမာချမ်းသာပြီး ဘေးကင်းကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
အနုပညာအလုပ်တွေ မရှိတော့တာကြောင့် Taxi မောင်းရင်းရုန်းကန်နေရတဲ့ ဟာသ၊သရုပ်ဆောင် သိန်းဇံ