Cele News

နာမကျန်းဖြစ်နေတဲ့ နိုင်ငံတော်မှာ အပျော်အတုတွေ ဖန်တီးပြဖို့စိတ်မခိုင်ဘူးလို့ ပြတ်ပြတ်သားသား ပြောခဲ့တဲ့ ဖြူဖြူကျော်သိန်း

ပရိသတ်ကြီးရေ ‌အသံပါဝါကောင်းကောင်းကို ပိုင်ဆိုင်ထားပြီးတော့ ချစ်ဖို့ကောင်းတဲ့ သွင်ပြင်လေးရှိတဲ့ အဆိုတော် ဖြူဖြူကျော်သိန်း ကိုတော့ အားလုံးပဲသိကြမှာပါ။

သူမဟာ သီချင်းကောင်းများစွာကို သီဆိုထားပြီး ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှု့ကို ရရှိထားပိုင်ဆိုင်ထားတဲ့ အဆိုတော်တစ်လက်လဲဖြစ်ပါတယ်။

ဒါအပြင် ဒီမိုကရေစီတိုက်ပွဲမှာ ပြည်သူတွေနဲ့အတူတူ အမှန်တရားဘက်ကရပ်တည်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ နဲ့ တရားစွဲဆိုခံထားရတာကြောင့် လက်ရှိမှာ ဘေးလွတ်ရာကိုတိမ်းရှောင်ခဲ့ရတာလဲ ဖြစ်ပါတယ်။

အဆိုတော် ဖြူဖြူကျော်သိန်း ဟာ ခံဝန်ထိုးပြီး အနုပညာတွေကို ပြန်လည်လုပ်ကိုင်လို့ရပေမယ့်လဲ ယခုအချိန်ထိတိုင် ဂီတနဲ့ပတ်သက်တဲ့အရာတွေကို ဘာတစ်ခုမှ မလုပ်ကိုင်သေးတာကို တွေ့ရပါတယ်။

ဆုံးဖြတ်ချက်ခိုင်မာစွာနဲ့ ပြည်သူတွေဘက်က ရပ်တည်နေတဲ့ ဖြူဖြူကိုတော့ ပရိသတ်အားလုံးက ချစ်ခင်ကြပါတယ်။

အဆိုတော် ဖြူဖြူကျော်သိန်း ကတော့ နာမကျန်းဖြစ်နေတဲ့ နိုင်ငံတော်မှာ အပျော်အတုတွေ ဖန်တီးပြဖို့စိတ်မခိုင်ဘူးလို့ ပြတ်ပြတ်သားသား ပြောလိုက်ပါတယ်။

“မဖြူ ပွဲတွေ မဆိုသေးဘူးလားတဲ့…ကိုယ့်နှလုံးသားက နူးညံ့တယ်လေ။နာမကျန်းဖြစ်နေတဲ့ နိုင်ငံတော်မှာ အပျော်အတုတွေ ဖန်တီးပြဖို့ စိတ်မခိုင်ဘူးရယ်။ သိပါတယ်…အရမ်းအားပေးကြတာတဲ့။

ကိုယ်ကိုက စိတ်နုတာပါ။ ဒါကြောင့် ဖြားယောင်းသွေးဆောင်မှုတွေနဲ့ ဝေးရာမှာ တော်သလိုနေပါတယ်။အဲ့တော့ မဖြူက သီချင်းတွေ မဆိုတော့ဘူးလားတဲ့….ဆိုတာပေါ့…ဆိုမှာပေါ့။ သူများတွေ ပြောသလို

အဆိုတော်ကသီချင်းပဲဆိုတတ်တာလေခုချိန် အားနေလို့ရယ်၊ ဟိုတလောက ပြေးရ ပုန်းရတုန်းကရယ် ကိုယ်တိုင်ရေးထားတဲ့ သီချင်းလေးတွေမှ အများကြီးပဲ။ ခက်တာက အားလုံးကြိုက်မယ့် အချစ်သီချင်းတွေတော့ မဟုတ်ဘူးရယ်။

ပြည်သူပရိသတ်ရဲ့ ဝေဒနာကို တဆင့်ခံ ပြောပြတဲ့ သီချင်းလေးတွေပေါ့လေ။ ဥပမာ “ဖေဖေ့စကား” လိုမျိုး။ အချစ်သီချင်း‌တွေဆိုဖို့လည်း ခုချိန်မှာ ဘယ်လိုမှကို စိတ်ပါမနေဘူးရယ်။ဒီလိုသာဆို မဖြူ ထမင်းငတ်မှာ မကြောက်ဘူးလားတဲ့….မကြောက်ပါဘူး၊ ဘာလို့ဆို ကိုယ်က အယုံလွယ်တယ်လေလွန်ခဲ့တဲ့

ဆယ်နှစ်လောက်တည်းက ကိုယ့်ပရိသတ်တွေကပြောတယ်…..တနေ့ မဖြူ အဖွားကြီးဖြစ်လို့ ပွဲတွေမဆိုနိုင်တော့ရင် ကျွန်တော်တို့၊ ကျွန်မတို့ တစ်အိမ် တစ်ပတ်တာဝန်ယူပြီး ကျွေးထားမယ်တဲ့ ။ မဖြူပရိသတ်တွေက နေရာအနှံ သန်းနဲ့ချီရှိတာဆိုတော့ မဖြူသေတဲ့အထိ ကျွေးထားလို့ရပါတယ်တဲ့။

တကယ်လာစားတဲ့အခါ တံခါးပိတ်မထားနဲ့ဦးနော်။ ဖြူဖြူက အစားလည်းမကြီးပါဘူး။ လူကောင်လည်းသေးတော့ ခြေရာလည်း မကြီးရပါဘူးလေ။”လို့ သူမရဲ့ လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။

နာမက်န္းျဖစ္ေနတဲ့ ႏိုင္ငံေတာ္မွာ အေပ်ာ္အတုေတြ ဖန္တီးျပဖို႔စိတ္မခိုင္ဘူးလို႔ ျပတ္ျပတ္သားသား ေျပာခဲ့တဲ့ ျဖဴျဖဴေက်ာ္သိန္း

ပရိသတ္ႀကီးေရ ‌အသံပါဝါေကာင္းေကာင္းကို ပိုင္ဆိုင္ထားၿပီးေတာ့ ခ်စ္ဖို႔ေကာင္းတဲ့ သြင္ျပင္ေလးရွိတဲ့ အဆိုေတာ္ ျဖဴျဖဴေက်ာ္သိန္း ကိုေတာ့ အားလုံးပဲသိၾကမွာပါ။

သူမဟာ သီခ်င္းေကာင္းမ်ားစြာကို သီဆိုထားၿပီး ပရိသတ္ေတြရဲ႕ခ်စ္ခင္အားေပးမႈ႕ကို ရရွိထားပိုင္ဆိုင္ထားတဲ့ အဆိုေတာ္တစ္လက္လဲျဖစ္ပါတယ္။

ဒါအျပင္ ဒီမိုကေရစီတိုက္ပြဲမွာ ျပည္သူေတြနဲ႔အတူတူ အမွန္တရားဘက္ကရပ္တည္ခဲ့တာေၾကာင့္ ပုဒ္မ ၅၀၅ နဲ႔ တရားစြဲဆိုခံထားရတာေၾကာင့္ လက္ရွိမွာ ေဘးလြတ္ရာကိုတိမ္းေရွာင္ခဲ့ရတာလဲ ျဖစ္ပါတယ္။

အဆိုေတာ္ ျဖဴျဖဴေက်ာ္သိန္း ဟာ ခံဝန္ထိုးၿပီး အႏုပညာေတြကို ျပန္လည္လုပ္ကိုင္လို႔ရေပမယ့္လဲ ယခုအခ်ိန္ထိတိုင္ ဂီတနဲ႔ပတ္သက္တဲ့အရာေတြကို ဘာတစ္ခုမွ မလုပ္ကိုင္ေသးတာကို ေတြ႕ရပါတယ္။

ဆုံးျဖတ္ခ်က္ခိုင္မာစြာနဲ႔ ျပည္သူေတြဘက္က ရပ္တည္ေနတဲ့ ျဖဴျဖဴကိုေတာ့ ပရိသတ္အားလုံးက ခ်စ္ခင္ၾကပါတယ္။

အဆိုေတာ္ ျဖဴျဖဴေက်ာ္သိန္း ကေတာ့ နာမက်န္းျဖစ္ေနတဲ့ ႏိုင္ငံေတာ္မွာ အေပ်ာ္အတုေတြ ဖန္တီးျပဖို႔စိတ္မခိုင္ဘူးလို႔ ျပတ္ျပတ္သားသား ေျပာလိုက္ပါတယ္။

“မျဖဴ ပြဲေတြ မဆိုေသးဘူးလားတဲ့…ကိုယ့္ႏွလုံးသားက ႏူးညံ့တယ္ေလ။နာမက်န္းျဖစ္ေနတဲ့ ႏိုင္ငံေတာ္မွာ အေပ်ာ္အတုေတြ ဖန္တီးျပဖို႔ စိတ္မခိုင္ဘူးရယ္။ သိပါတယ္…အရမ္းအားေပးၾကတာတဲ့။

ကိုယ္ကိုက စိတ္ႏုတာပါ။ ဒါေၾကာင့္ ျဖားေယာင္းေသြးေဆာင္မႈေတြနဲ႔ ေဝးရာမွာ ေတာ္သလိုေနပါတယ္။အဲ့ေတာ့ မျဖဴက သီခ်င္းေတြ မဆိုေတာ့ဘူးလားတဲ့….ဆိုတာေပါ့…ဆိုမွာေပါ့။ သူမ်ားေတြ ေျပာသလို

အဆိုေတာ္ကသီခ်င္းပဲဆိုတတ္တာေလခုခ်ိန္ အားေနလို႔ရယ္၊ ဟိုတေလာက ေျပးရ ပုန္းရတုန္းကရယ္ ကိုယ္တိုင္ေရးထားတဲ့ သီခ်င္းေလးေတြမွ အမ်ားႀကီးပဲ။ ခက္တာက အားလုံးႀကိဳက္မယ့္ အခ်စ္သီခ်င္းေတြေတာ့ မဟုတ္ဘူးရယ္။

ျပည္သူပရိသတ္ရဲ႕ ေဝဒနာကို တဆင့္ခံ ေျပာျပတဲ့ သီခ်င္းေလးေတြေပါ့ေလ။ ဥပမာ “ေဖေဖ့စကား” လိုမ်ိဳး။ အခ်စ္သီခ်င္း‌ေတြဆိုဖို႔လည္း ခုခ်ိန္မွာ ဘယ္လိုမွကို စိတ္ပါမေနဘူးရယ္။ဒီလိုသာဆို မျဖဴ ထမင္းငတ္မွာ မေၾကာက္ဘူးလားတဲ့….မေၾကာက္ပါဘူး၊ ဘာလို႔ဆို ကိုယ္က အယုံလြယ္တယ္ေလလြန္ခဲ့တဲ့

ဆယ္ႏွစ္ေလာက္တည္းက ကိုယ့္ပရိသတ္ေတြကေျပာတယ္…..တေန႔ မျဖဴ အဖြားႀကီးျဖစ္လို႔ ပြဲေတြမဆိုႏိုင္ေတာ့ရင္ ကြၽန္ေတာ္တို႔၊ ကြၽန္မတို႔ တစ္အိမ္ တစ္ပတ္တာဝန္ယူၿပီး ေကြၽးထားမယ္တဲ့ ။ မျဖဴပရိသတ္ေတြက ေနရာအႏွံ သန္းနဲ႔ခ်ီရွိတာဆိုေတာ့ မျဖဴေသတဲ့အထိ ေကြၽးထားလို႔ရပါတယ္တဲ့။

တကယ္လာစားတဲ့အခါ တံခါးပိတ္မထားနဲ႔ဦးေနာ္။ ျဖဴျဖဴက အစားလည္းမႀကီးပါဘူး။ လူေကာင္လည္းေသးေတာ့ ေျခရာလည္း မႀကီးရပါဘူးေလ။”လို႔ သူမရဲ႕ လူမႈ႕ကြန္ယက္ေပၚမွာ ေရးသားထားပါတယ္။