မန္တလေးမှာ ကျင်းပတဲ့ Mrs.Grand International ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု ချင်းအလှမယ် ဆု ၄ ဆုရရှိ
မန္တလေးမှာ ကျင်းပတဲ့ Mrs.Grand International ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု အလှမယ်က နောက်ဆုံး Top 5 အထိ အရွေးချယ်ခံရကာ ဆု ၄ ဆုရရှိခဲ့တယ်လို့ အဆိုပါပြိုင်ပွဲမှ သိရပါတယ်။
နိုင်ငံပေါင်း ၃၀ က အိမ်ထောင်ရှင် အမျိုးသမီးများ ဝင်ပြိုင်ယှဉ်ပြိုင်တဲ့ Mrs.Grand International ပြိုင်ပွဲကို နိုဝင်ဘာ ၇ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ မန္တလေးမြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး ယင်းပြိုင်ပွဲမှာတော့ မြန်မာကိုယ်စားပြု ချင်းအမျိုးသမီး Sarah Boih က နောက်ဆုံး Top 5 အထိ အရွေးချယ်ခံရကာ ဆု ၄ ဆုရရှိခဲ့တာဖြစ်ပါတယ်။
အဆိုပါ Mrs Grand International ပြိုင်ပွဲမှာ Winner ဆုကို ဗီယက်နမ်နိုင်ငံကအိမ်ထောင်ရှင် အမျိုးသမီးကရရှိခဲ့ပြီး မြန်မာကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ချင်းအမျိုးသမီး Mrs. Sarah Boih က Mrs. Grand International (Standard) Winner ဆု ၊Mrs. Friendship Award ဆု၊ Mrs. Popularity Award ဆုနှင့်Mrs. Best Talent Award ဆု ၄ ဆုကိုရရှိခဲ့တာဖြစ်ပါတယ်။
photo Crd