Cele News

ရှေ့တန်းထွက်ခါနီး CDMရဲဘော်က လာရောက်ကန်တော့တာကြောင့် ပီတိဖြစ်နေတဲ့ ဒါရိုက်တာ ကိုပေါက်

ပရိသတ်ကြီးရေ ဒါရိုက်တာ ကိုပေါက် ကတော့ ပရိသတ်တွေနဲ့မစိမ်းတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။

လူတိုင်းကချစ်ခင်ကြရတဲ့ ကိုပေါက်ကြီးကတော့ ဇာတ်ကားတွေမှာ ကျရာဇာတ်ရုပ်ကို အကောင်းဆုံး အပိုင်နိုင်ဆုံး သရုပ်ဆောင်နိုင်တဲ့အပြင် ဇာတ်ကားတွေကိုလဲ ဖန်တီးရိုက်ကူးနိုင်တဲ့

ဒါရိုက်တာ တစ်ဦးလဲဖြစ်တာကြောင့် ပရိသတ်ချစ်ခင်အားပေးမှု့များစွာကို ရရှိထားသူကြီးတစ်ဦးလဲဖြစ်ပါတယ်နော်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သတ်ပြီး အမှန်တရားကိုချစ်မြတ်နိုးသူပီပီ ပြည်သူတွေဘက်နေ ပြတ်ပြတ်သားသားရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ဦးလဲဖြစ်ပါတယ်။

ဒါရိုက်တာ ကိုပေါက် ကတော့ ရှေ့တန်းထွက်ခါနီး CDM ရဲဘော်က လာရောက်ကန်တော့တာကြောင့် ပီတိဖြစ်နေပါတဲ့အကြောင်းကို

လိုရာခရီးမှာ ဘေးကင်းကြပါစေ ရဲဘော်တွေ CDMတွေ တစ်ယောက်ပြီးတစ်ယောက် လာလာကန်တော့ပြီးလိုရာခရီးကိုဆက်ကြတယ်။တစ်ချို့ရဲဘော်တွေက ရှေ့တန်းသွားဖို့ လာကန်တော့တယ်။

တစ်ချို့က ဘန်ကောက်တက်အလုပ်လုပ်ဖို့ လာကန်တော့ ကြတယ်။တစ်ချို့က မဲဆောက်အလုပ်တက်လုပ်ဖို့လာကန်တော့ကြတယ်။တစ်ချို့က တတိယနိုင်ငံထွက်လို့ လာကန်တော့ ကြတယ်။အခုလည်းစစ်CDMရဲဘော်တစ်ဦး လာကန်တော့တယ်။

မိုးခါးရေ ဇာတ်ကားထဲက ရဲဘော်အဖြစ်သရုပ်ဆောင်သူတပ်ကြပ်ကြီးညီလေးတစ်ယောက်ပေါ့။သူတို့သွားတိုင်း မုန့်ဖိုး ဘတ် ၁၀၀၀~၁၀၀၀~ပေးဖြစ်တယ်။လိုရာဆန္ဒပြည့်ပြီး ခရီးလမ်းချောမွေ့ပါစေ။

အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေရပါစေ။ CDM ရဲဘော်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေအများကြီး ရှိပါတယ်။

တစ်ယောက်ပြီးတစ်ယောက် ထွက်သွားတိုင်း ကျန်ခဲ့တဲ့သူတွေက တစ်ယောက်စာ တစ်ယောက်စာအတွက်အလုပ်တွေ ပိုလုပ်ရအုံးမှာပေါ့။ ဘာပဲဖြစ်ဖြစ် မင်းတို့အဆင်ပြေကြပါစေ။” လို့ ကိုပေါက် ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။










