သရုပ်ဆောင် မြတ်နိုးအေး ကတော့ နွေဦးတော်လှန်ရေးအစထဲက ပြည်သူတွေနဲ့ အတူ တစ်သားတည်း ရပ်တည်ခဲ့ပြီး လမ်းမထက်မှာ အတူတကွဆန္ဒထုတ်ဖော်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ဒါအပြင် ဆိုရှယ်မီဒီယာတွေဖြစ်ကြတဲ့ Facebook , Instagram , Twitter နဲ့ Tiktok မှာ လည်း မြန်မာပြည်ရဲ့အခြေအနေတွေကို Speak out လုပ်ပေးခဲ့တာသူလဲ ဖြစ်ပါတယ်။
လက်ရှိမှာ မြတ်နိုးအေး ကတော့ ပုဒ်မ ၅၀၅ နဲ့တရားစွဲဆိုခံထားရပြီးနောက် လွတ်မြောက်နယ်မြေတစ်နေရာကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။မြတ်နိုးအေး ကတော့ မွေးနေ့အစီအစဥ်အနေနဲ့ သူမရဲ့တန်ဖိုးထားရတဲ့ လက်စွပ်လေးကို မဲစနစ်နဲ့ရောင်းချပေးနေခဲ့တာပဲ ဖြစ်ပါတယ်။
သူမဟာ တော်လှန်ရေးအတွက် လွတ်မြောက်နယ်မြေမှာ ခက်ခက်ခဲခဲနေထိုင်နေပြီး နိုင်သလောက်တာဝန်တွေကို ထမ်းဆောင်နေတာပါ။ဒါကြောင့်လဲ မြတ်နိုးအေး ကိုတော့ ပြည်သူတွေအားလုံးက အရင်ကထက်ပိုမို ချစ်ခင်အားပေးနေတာကိုလဲ တွေ့ရပါတယ်။
သူမ ကတော့ ပြည်သူတွေကို နေ့စဥ် Click ဖို့အတွက်နဲ့ တော်လှန်ရေးအတွက် သွေးမအေးသွားဖို့ လူမှု့ကွန်ယက်ပေါ်ကနေ တိုက်တွန်းနေတာကိုလဲ တွေ့ရပါတယ်။မြတ်နိုးအေး ကတော့အနုပညာရှင် ၃ ဦးကို ကိုယ်တိုင်ဆွဲထားတဲ့ ပုံတူပန်းချီကားလေးတွေ လက်ဆောင်ပေးပြီး လေးစားကြောင်းပြသလိုက်ပါတယ်။
သူမလေးစားအားကျရတဲ့ အနုပညာရှင်တွေကတော့ မင်းသား ဒေါင်း၊ချစ်သုဝေနဲ့ ပိုင်ဖြိုးသုတို့ပဲ ဖြစ်ပါတယ်။ “My first ever portrait sketches for my beloved ones လက်ဆောင်ပေးချင်လို့ ပုံတူဆွဲနည်း ဆရာမနုယဉ်ကို အပူကပ်ပြီး အတင်းသင်ခိုင်းပြီးသကာလ ပထမဆုံး ဆွဲဖြစ်ခဲ့တဲ့ ပုံလေးတွေ..(
မသု ပုံ က ပထမဆုံးဆွဲတာ ဆိုတော့ ဆရာမ တော်တော် ပြန်ပြင်ပေးရတာလေးတွေရှိတယ်ပေါ့လေ) ဒုတိယ ကိုဒေါင်းပုံကတော့ နည်းနည်းအဆင့်မြင့်သွားတော့ သိပ်မပြင်ပေးရတော့ဘူးဟဲဟဲ ရေဆေးတွေ ကိုယ့်ဘာကို စဆွဲနေကတည်းက ဆွဲတာ အားပေးတယ်ဆိုပြီး ပန်းချီပစ္စည်းတွေပါ လက်ဆောင်ပေးပြီး မြေတောင်မြှောက်ပေးတဲ့အပြင် နှစ်ရက်သုံးရက်နဲ့
ပုံတူတွေ ထွက်လာအောင် သင်ပေးနိုင်တဲ့ ဆရာမကို appreciate လုပ်ချင်လွန်းလို့ ပို့စ်လေး လာတင်ပြီး ကြွားရတာပါ “လို့ သူမရဲ့ လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။
အႏုပညာရွင္ ၃ ဦးကို ကိုယ္တိုင္ဆြဲထားတဲ့ ပုံတူပန္းခ်ီကားေလးေတြ လက္ေဆာင္ေပးၿပီး ေလးစားေၾကာင္းျပသလိုက္တဲ့ ျမတ္ႏိုးေအး
သ႐ုပ္ေဆာင္ ျမတ္ႏိုးေအး ကေတာ့ ေႏြဦးေတာ္လွန္ေရးအစထဲက ျပည္သူေတြနဲ႔ အတူ တစ္သားတည္း ရပ္တည္ခဲ့ၿပီး လမ္းမထက္မွာ အတူတကြဆႏၵထုတ္ေဖာ္ခဲ့သူတစ္ဦးျဖစ္ပါတယ္။ဒါအျပင္ ဆိုရွယ္မီဒီယာေတြျဖစ္ၾကတဲ့ Facebook , Instagram , Twitter နဲ႔ Tiktok မွာ လည္း ျမန္မာျပည္ရဲ႕အေျခအေနေတြကို Speak out လုပ္ေပးခဲ့တာသူလဲ ျဖစ္ပါတယ္။
လက္ရွိမွာ ျမတ္ႏိုးေအး ကေတာ့ ပုဒ္မ ၅၀၅ နဲ႔တရားစြဲဆိုခံထားရၿပီးေနာက္ လြတ္ေျမာက္နယ္ေျမတစ္ေနရာကို ေရာက္ရွိေနတာပဲ ျဖစ္ပါတယ္။ျမတ္ႏိုးေအး ကေတာ့ ေမြးေန႔အစီအစဥ္အေနနဲ႔ သူမရဲ႕တန္ဖိုးထားရတဲ့ လက္စြပ္ေလးကို မဲစနစ္နဲ႔ေရာင္းခ်ေပးေနခဲ့တာပဲ ျဖစ္ပါတယ္။
သူမဟာ ေတာ္လွန္ေရးအတြက္ လြတ္ေျမာက္နယ္ေျမမွာ ခက္ခက္ခဲခဲေနထိုင္ေနၿပီး ႏိုင္သေလာက္တာဝန္ေတြကို ထမ္းေဆာင္ေနတာပါ။ဒါေၾကာင့္လဲ ျမတ္ႏိုးေအး ကိုေတာ့ ျပည္သူေတြအားလုံးက အရင္ကထက္ပိုမို ခ်စ္ခင္အားေပးေနတာကိုလဲ ေတြ႕ရပါတယ္။
သူမ ကေတာ့ ျပည္သူေတြကို ေန႔စဥ္ Click ဖို႔အတြက္နဲ႔ ေတာ္လွန္ေရးအတြက္ ေသြးမေအးသြားဖို႔ လူမႈ႕ကြန္ယက္ေပၚကေန တိုက္တြန္းေနတာကိုလဲ ေတြ႕ရပါတယ္။ျမတ္ႏိုးေအး ကေတာ့အႏုပညာရွင္ ၃ ဦးကို ကိုယ္တိုင္ဆြဲထားတဲ့ ပုံတူပန္းခ်ီကားေလးေတြ လက္ေဆာင္ေပးၿပီး ေလးစားေၾကာင္းျပသလိုက္ပါတယ္။
သူမေလးစားအားက်ရတဲ့ အႏုပညာရွင္ေတြကေတာ့ မင္းသား ေဒါင္း၊ခ်စ္သုေဝနဲ႔ ပိုင္ၿဖိဳးသုတို႔ပဲ ျဖစ္ပါတယ္။ “My first ever portrait sketches for my beloved ones လက္ေဆာင္ေပးခ်င္လို႔ ပုံတူဆြဲနည္း ဆရာမႏုယဥ္ကို အပူကပ္ၿပီး အတင္းသင္ခိုင္းၿပီးသကာလ ပထမဆုံး ဆြဲျဖစ္ခဲ့တဲ့ ပုံေလးေတြ..(
မသု ပုံ က ပထမဆုံးဆြဲတာ ဆိုေတာ့ ဆရာမ ေတာ္ေတာ္ ျပန္ျပင္ေပးရတာေလးေတြရွိတယ္ေပါ့ေလ) ဒုတိယ ကိုေဒါင္းပုံကေတာ့ နည္းနည္းအဆင့္ျမင့္သြားေတာ့ သိပ္မျပင္ေပးရေတာ့ဘူးဟဲဟဲ ေရေဆးေတြ ကိုယ့္ဘာကို စဆြဲေနကတည္းက ဆြဲတာ အားေပးတယ္ဆိုၿပီး ပန္းခ်ီပစၥည္းေတြပါ လက္ေဆာင္ေပးၿပီး ေျမေတာင္ေျမႇာက္ေပးတဲ့အျပင္ ႏွစ္ရက္သုံးရက္နဲ႔
ပုံတူေတြ ထြက္လာေအာင္ သင္ေပးႏိုင္တဲ့ ဆရာမကို appreciate လုပ္ခ်င္လြန္းလို႔ ပို႔စ္ေလး လာတင္ၿပီး ႂကြားရတာပါ “လို႔ သူမရဲ႕ လူမႈ႕ကြန္ယက္ေပၚမွာ ေရးသားထားပါတယ္။