သီချင်းတွေနဲ့အတူ အမြဲတမ်းရှင်သန်နေတဲ့ အဆိုတော်ကြီး ဦးငှက် (သို့) ထူးအိမ်သင် ဘဝအကြောင်း
ထူးအိမ်သင်လို့ပြောလိုက်ရင်ဂီတလောကမှာ အနုပညာ အစစ်အမှန်တွေကို ပရိတ်သတ်တွေကို ထိတွေ့ခံစားခွင့်ပေးခဲ့ပြီး၁၉၈၀ ခုနှစ်လယ်များတွင် မြန်မာ့ဂီတလောက၌ ပေါ့ဂီတကို အသွင်တမျိုးဖြင့် ယူဆောင်ပေးသည့် ကျော်ကြားသော အဆို တော် တေးရေးဆရာတစ်ယောက်ဖြစ်တယ် ဆိုရင် မမှားပါဘူး။
အသံချိုချိုနဲ့သီချင်းကောင်းများစွာကို ကိုယ်ပိုင်ဟန်နဲ့ ရေးစပ်ခံစားသီဆိုနိုင်သူအဖြစ် ပရိတ်သတ်ကြီးတို့ ရင်ထဲမှာ စွဲမြဲသိရှိကြပါလိမ့်မယ်။
အဆိုတော်ထူးအိမ်သင် ကို အဘဦးထွန်းမြင့်နှင့် အမိဒေါ်မြရင်တို့မှ ၁၉၆၃ခုနှစ် ဇူလိုင်လ(၁)ရက်နေ့တွင် ပုသိမ်မြို့၌ မွေးဖွားခဲ့ပါတယ်။
အဖေ ဗမာ၊ အမေ မွန်ဖြစ်ပြီး မွေးချင်းမောင်နှမ ခြောက်ယောက်ရှိတဲ့ အနက်မှာ အကိုအကြီးဆုံးဖြစ်ပါတယ် ။
ထူးအိမ်သင်ရဲ့ အမည်ရင်းမှာ ကျော်မြင့်လွင်ဖြစ်ပါတယ်။ကိုသျှပ်၊ ဘဲဥ၊ ငှက်ကြီးစသည်ဖြင့် ချစ်စနိုးခေါ်ဝေါ်ကြပါတယ်။
ကိုသျှပ်ဆိုတဲ့ နာမည်ကို အရက်ကြိုက်လွန်းတဲ့ အတွက် အမည်ပြောင် ရခဲ့တာဖြစ်ပါတယ်။
ငယ်စဥ်က အ.မ.က (၂၀) ပုသိမ်တွင် မူလတန်းပညာကို သင်ကြားခဲ့ပြီး အ.ထ.က (၃) ပုသိမ်မှ အထက်တန်းအောင်မြင်ခဲ့ပါတယ်။
၁၉၇၉-၈၀ တွင် ဧရာဝတီတိုင်း ရှိ ပုသိမ်ဒေသကောလိပ် သို့တက်ရောက်ခဲ့ပါတယ်။ငယ်ငယ်ကလေးထဲက ပျော်ပွဲရွင်ပွဲကို ဝါသနာပါပြီး အနုပညာပိုးပါလာခဲ့တယ်လို့ ဆိုပါတယ်။ငယ်ငယ်လေးထဲက တူရိယာတွေ စမ်းမှုတ်ကြည့် တီးကြည့်ပြီး ကျောင်းပွဲတွေမှာလည်းပါဝင်ခဲ့ပါတယ်။
အဆိုတော် ဒီမွန် ၊ ဦးမင်းဆုမွန်တို့ ဟာလည်း ထူးအိမ်သင်ရဲ့ ညီတွေဖြစ်ပါတယ်။ မောင်နှမတွေအပေါ် အကိုကြီး အဖရာဆိုသလိုမျိုး ဖခင်နဲ့ မိခင် မအားလပ်တဲ့ အချိန်မျိုးမှာ ညီငယ် ညီမငယ်တွေကို ထိန်းကျောင်းတဲ့ အပြင် ကျောင်းစာတွေကို လည်း သင်ပြပေးခဲ့တယ်လို့ ညီဖြစ်သူ အဆိုတော် ဒီမွန်က ဆိုပါတယ်။
ရိုးပွဲတွေကို အဖေမသိအောင် ခိုးဆိုခဲ့ပြီး သူငယ်ချင်းတွေနဲ့ ဝိုင်းဖွဲ့ကာ သိဆိုခဲ့ပါတယ်။ ၁၉၈၁ ခုနှစ်တွင် မိသားစုနှင့်အတူ မော်လမြိုင်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ၁၉၈၄ ခုနှစ်တွင်မော်လမြိုင်တက္ကသိုလ် မှ ရုက္ခဗေဒ အထူးပြုဖြင့် သိပ္ပံဘွဲ့ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ထူးအိမ်သင်၏ဇနီးမှာ မသွယ်သွယ်ထွေးဖြစ်ပြီး သူ၏တစ်ဦးတည်းသော သမီးအမည်မှာ မိကွန်ထော ဖြစ်ပါတယ်။
ဂီတာ၊ ပီယာနို၊ ၊ ဂျက်စ်၊ drums စတဲ့ တူရိယာအမျိုးမျိုးကို တီးခတ်နိုင်ပြီးတော့ သီချင်းများကို လည်း အဓိပ္ပာယ်အပြည့် ခံစားမှုအပြည့် ရေးဖွဲ့နိုင်တာကြောင့် ပရိတ်သတ်ကြား ရေပန်းစားပြီး အယ်လ်ဘမ် ၁၄ ခုအထိ ထုတ်လုပ်နိုင်ခဲ့ပါတယ်။
မော်လမြိုင်မြို့တွင် ဂီတဆရာ ဦးအောင်စိုး (KC Francis) ထံမှ ဂီတ သင်္ကေတနှင့် ဂီတပညာ သင်ယူခဲ့ပါတယ်။၁၉၈၇ ခုနှစ်တွင် နာရီပေါ်မှမျက်ရည်စက်များ စီးရီးဖြင့် ဂီတလောကသို့ စတင်ဝင်ရောက်ခဲ့ပါတယ်။
oasis စတီဒီယို မှာ အသံသွင်းခဲ့ပြီး ဂန္ဓမာတေးသံသွင်း ကနေ ထုတ်လုတ်ဖြန့်ချီခဲ့ပါတယ် ။ ထူးအိမ်သင်သည် ကိုယ်ပိုင်သံစဉ်သီချင်းအများစုကို ရေးသားသီကုံးခဲ့ပြီး ဂီတပညာရှင်တစ်ဦး ဖြစ်ရန် ကြိုးပမ်းအားထုတ်ခဲ့ပါတယ်။
ထူးအိမ်သင်၏ အခြားတစ်ကိုယ်တော် တေးစီးရီးများမှာ မှော်ဆရာအိပ်မက်၊ သက်ငြိမ်၊ အတ္တပုံဆောင်ခဲများ၊ အရင်အတိုင်း၊ စကားလုံးမရှိတဲ့ကောင်းကင်၊ မြို့ပြလရောင်တမ်းချင်း၊ ဝင်ရိုးစွန်းမီး၊ အမေ (သို့မဟုတ်) မေတ္တာတော်ဘွဲ့၊ အစိမ်းရောင်ရက်စွဲများ၊ တစ်နေ့စာအလွဲများ၊ ချစ်ခြင်းအားဖြင့် စသည်တို့ဖြစ်ပါတယ်။
ချစ်သူ့လက်ဆောင်၊ မင်းမရှိတဲ့နောက်၊ ဂျပ်ဆင်ထိပ်က၊ လရိပ်ပြာ၊ ကြယ်တွေစုံတဲ့ည ၊နွေဦးကံ့ကော် ၊ပထမအသဲကွဲဇာတ်လမ်း လွမ်းသူ့အိမ်မက် ၊အချစ်ဆိုသည်မှာ စတဲ့ တေးသီချင်းတွေဟာ နာမည်ကြီး လူကြိုက်များပြီး အခုချိန်ထိတိုင် ပရီတ်သတ်တွေရင်ထဲမှာ အသဲစွဲနေဆဲ သီချင်းများဖြစ်ပါတယ် ။
တေးရေးတေးဆို တစ်ယောက်ဖြစ်ပြီး အရင်ခေတ်က နာမည်ကြီး ခဲ့သော သီချင်းဆိုပြိုင်ပွဲတစ်ခုဖြစ်တဲ့ melody world သီချင်းဆိုပြိုင်ပွဲကို ဦးဆောင်ခဲံသူ ဆရာ မြင့်မိုးအောင်ရဲ့ ဆရာဖြစ်ပြီး ဆရာမြင့်မိုးအောင်ဟာ ထူးအိမ်သင်လိုမျိုးအနုပညာရှင်တစ်ယောက် ပေါ်ထွက်လာဖို့ မလွယ်တော့ဘူးလို့ ဆိုပါတယ်။
စိုးလွင်လွင်၊ ကိုင်ဇာ စသည့်နာမည်ကြီး တေးသံရှင်များနဲ့ အတူတူ ကျော်ကြားခဲံပြီး ဂီတမျိုးဆက် အဆက်ဆက်တိုင် ထူးအိမ်သင်ရဲ့ သီချင်းများ ဆိုဟန်များကို ယှဥ်တုနိုင်အောင် မရှိလောက်အောင် ကိုယ်ပိုင်ဟန်နဲ့ သီဆိုနိုင်သူဖြစ်ပါတယ်။
အမေနဲ့ သား ကြားက မေတ္တာဖွဲ့သီချင်းတွေကို သီဆိုခဲ့ပြီး အမေ ဆိုတဲ့ ခေါင်းစဥ်နဲ့ တေးစီးရီး album ကို ၁၉၉၇ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ အမေအိမ်၊ အမေ့ရဲ့ ဒုက္ခအိုးလေး ၊မေ့မေချစ်တဲ့ သားကြီး စတဲ့ တေးသီချင်းတွေဟာ နာမည်ကြီးခဲ့သော မိခင်မေတ္တာဖွဲ့ တေးသီချင်းများဖြစ်ပါတယ်။
ပထမဆုံး တကိုယ်တော် one man show ဖြော်ဖြေမှုကို အောင်ရင် တာရာ ၊မင်းခေါင်၊ ဟေမာနေဝင်း ပိုးဒါလီသိန်းတန် တို့နှင့်အတူ ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ ကျင်းပခဲ့ပြီးတော့ ထူးအိမ်သင်ရဲ့ ၃၀ နှစ်မြောက် မွေးနေ့ ဖြစ်တဲ့ ၁ရက် ၇ လ ၁၉၉၃ ခုနှစ်မှာ ပြုလုပ်ခဲ့ပါတယ်။
ထူးအိမ်သင်သည် ကဗျာများကိုလည်း ရေးသားခဲ့ပါတယ်။ ကလောင် အမည်မှာ လင်းထက် ၊ သျှပ်မှူးကျော် စတဲ့ ကလောင်နာမည်တွေနဲ့ ကဗျာ စာ တွေ ရေးသားခဲ့ပါတယ်။၁၉၉၁ခုနှစ်တွင်ထွက်ရှိခဲ့သည့် ရာဇဝင်များရဲ့ သတို့သမီးသီချင်းကြောင့် ပရိတ်သက်များမျက်ခုံးလှုပ်ခဲ့ရပါတယ်။
သီချင်းသည် မြန်မာနိုင်ငံ၏ အဓိက ရေစီးကြောင်းဖြစ်သည့် ဧရာဝတီမြစ်ကို ဖော်ကျူးထားသော်လည်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရည်စူး၍ ရေးသားထားသည်ဟု အများက ထင်ကြပါတယ်။
ထို့ကြောင့် သူ၏ ဖျော်ဖြေတင်ဆက်ရေးပွဲများကို စစ်အစိုးရမှ ပိတ်ပင်ခဲ့တယ်လို့ ဆိုပါတယ်။ ၁၉၈၈ အရေးအခင်းအပြီးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၌ ပြန်ကြားရေးတာဝန်ခံအဖြစ် အဆိုတော် မွန်းအောင် နှင့် အတူ ခေတ္တမျှ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
“အရေးကြီးပြီ” ဆိုသောတိုက်ပွဲဝင်သီချင်းကို ထိုစဉ်ကရေးစပ်ခဲ့ခြင်းဖြစ်ပါတယ်။ ထို့နောက် မြို့ပေါ်သို့ပြန်လာပြီး အနုပညာလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။
ထူးအိမ်သင်သည် တေးသီချင်းပေါင်းများစွာကို ဆက်ဆိုခဲ့ပြီး နာမည်ကြီး အဆိုတော် အောင်ရင် ရဲ့ ဆရာဖြစ်ပြီး နာမည်ကြီး အဆိုတော် တစ်ယောက်ဖြစ်သူ ဟေမာနေဝင်းဟာလည်း ထူးအိမ်သင်ရဲ့ သီချင်းများကို အမှတ်တရအနေနဲ့ ပြန်လည်သီဆိုခဲ့ပါသေးတယ်။
ထူးအိမ်သင်သည် စိတ်ဓာတ်ပြင်းထန်လွန်းပြီး ပိုက်ဆံစကားမပြောတတ်သူလို့ ထူးအိမ်သင်ရဲ့ အမေ ဒေါ်မြရင်က ပြောပါတယ်။
ထူးအိမ်သင်သည် နောက်ဆုံးသီချင်းခွေအတွက် Oasis တေးသံသွင်းတွင် အသံသွင်းမှုများ ပြုလုပ်ခဲ့ကာ ၁၄-၈-၂၀၀၄ နံနက် ၁၁:၄၀ နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ပါတယ်။ကွယ်လွန်စဥ်မှာ အသက် ၄၂ နှစ်ပဲရှီပါသေးတယ်။ အဆိုတော့ ထူးအိမ်သင် ဆုံးပါးသွားမှုအတွက် ဂီတအနုပညာအသိုင်းအဝိုင်းကကော ပရိတ်သတ်များကပါ ယူကျုံးမရဖြစ်ခဲ့ပါတယ်။
အဆိုတော် ထူးအိမ်သင် ဆုံးပါးသွားစဥ်မှာ ဝေးသွားတဲ့ အခါ သီချင်းရဲ့ note တွေ စာသားတွေကို သူရဲ့ အုတ်ဂူမှာ ထိုးပေးထားဖို့ တောင်းဆိုခဲ့ဖူးတယ်လို့ ဆိုပါတယ်။ထူးအိမ်သင် ဆုံးပါးသွားစဥ်က သမီးဖြစ်သူ မိကွန်ထောဟာ ငယ်ငယ်လေးပဲရှိသေးပြီး ထူးအိမ်သင် သီဆိုသွားတဲ့ ချစ်သမီးလေးအတွက် သီချင်းကို နားထောင်တိုင်း မျက်ရည်ကျ ဝမ်းနည်းရတယ်လို့ ဆိုပါတယ်။
ငယ်စဥ်က အရက်ကြိုက်ခဲ့ပြီး လက်ရှိမှာလည်း နာမည်ကြီး နေဆဲ စွဲထင်နေဆဲဖြစ်တဲ့ ဝေးသွားတဲ့အခါ ၊ အခါလွန်မိုး စတဲ့ တေးသီချင်းတွေကို တက္ကသိုလ်ကျောင်းသား ပထမနှစ် ဒုတိယနှစ် လောက် ကတည်းက ရေးနေခဲ့တာလို့ ထူးအိမ်သင်ရဲ့ သူငယ်ချင်းများဖြစ်သူက ပြောပါတယ်။
ထိုခေတ်အခါက ပေါလစီသီချငိးများကို သီဆိုခဲ့ပေမယ့်လည်း ထူးအိမ်သင်ကတော့ တစ်ပုဒ်မှာ မသီဆိုခဲ့ပဲ ယုံကြည်ရာကို သာ လျှောက်လှမ်းခဲ့တယ်လို့ ဆိုပါတယ်။ သူ့ကိုချစ်ခင်လေးစားသော ပရိသတ်များက သူ့အတွက်အမှတ်တရအဖြစ် ဝက်ဆိုဒ်တစ်ခု ထောင်ပေးထားကြသည်။
ထူးအိမ်သင် ၁၀ နှစ်တာလွမ်းခြင်းအားဖြင့် ဂီတပွဲတော်ကို ၂၃ ရက် ၈ လ ၂၀၀၄ တွင် မြန်မာ event park မှာ ကျင်းပခဲ့ပြီး ဇော်ဝင်းထွဋ့် ဂျေမောင်မောင် စည်သူလွင် အာဇာနည် စတဲ့ အနုပညာရှင်များက ပါဝင်သီဆိုခဲ့ပါတယ်။
ထူးအိမ်သင်ဟာ အရင်ခေတ်ပရိတ်သတ်တွေကြားထဲမှာကော အခုခေတ် ပရိတ်သတ်တွေရဲ့ ရင်ထဲမှာပါ သူချန်ရစ်ခဲ့တဲ့ အနုပညာတွေ စွဲထင်နေဆဲဖြစ်တဲ့ တေးသံရှင် တစ်ယောက်ဖြစ်ပါတယ်။
ပရိတ်သတ်များကလည်း သူရဲ့ သီချင်းများကို တစ်ခြားသူ cover ပြန်ဆိုတာမျိုး မကြိုက်ကြဘဲ ဝေဖန်ကြတဲ့ အထိ သူရဲ့ တေးသီချင်းတွေကို ကြိုက်နှစ်သက်ကြပါတယ်။ထူးအိမ်သင် ဟာ လူသေသွားပေမယ့်လည်း နာမည်မသေခဲ့တဲ့ ကျော်ကြားတဲ့ အနုပညာရှင်စစ်စစ်ကြီးပဲဖြစ်ပါတော့တယ်ရှင့် ။
Crd..