Cele News

ရင်သားကင်ဆာကို နှစ်ရှည်ခံစားနေရတဲ့ အားလုံးကချစ်ကြတဲ့ ဟာသသရုပ်ဆောင် ဘိုကလေးစိန် ကွယ်လွန်

ပရိသတ်ကြီးရေ ဇာတ်ပို့သရုပ်ဆောင် ဘိုကလေးစိန် ‌ကတော့ဇာတ်ကားတော်တော်များများမှာ ပါဝင်ပြီးတော့ ပရိသတ်နဲ့မစိမ်းနဲ့ ဇာတ်ပို့သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ သူမဇာတိက ဘိုကလေးဇာတိဖြစ်တာကြောင့် ဘိုကလေးစိန် လို့ချစ်စနိုးနဲ့ မှည့်ခေါ်ရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

ကိုဗစ်‌လှိုင်းတွေနဲ့ နိုင်ငံရေးအခြေအနေတွေအရ အနုပညာလောကမှာ ရုပ်ရှင်ရိုက်ကူးမှု့တွေကို နှစ်နဲ့ချီပြီး နားထားတကြောင့် ရုပ်ရှင်အပေါ်မှီခိုနေရတဲ့ ဇာတ်ပို့ဇာတ်ရန် သရုပ်ဆောင်အတွက် စား‌ဝတ်နေရေး ခက်ခဲရတဲ့ကာလတစ်ခုပါ။ ကျန်းမာရေးမကောင်းတဲ့အနုပညာရှင်တွေအတွက်က ပိုမိုဆိုးဝါးတဲ့ အခြေအနေတွေနဲ့ရင်ဆိုင်နေရပါတယ်။ ဇာတ်ပို့ သရုပ်ဆောင် ဘိုကလေးစိန် ဟာ ရင်သား ကင်ဆာရောဂါ ခံစားနေရပါတယ်။

သရုပ်ဆောင် ဘိုကလေးစိန် ကတော့လက်ရှိမှာ ‌ကင်ဆာဆေးတွေ ‌သွင်းနေရတာကြောင့် ငွေကြေးအခက်အခဲတွေရှိခဲ့ရပါတယ်။ နေစရာလည်းမရှိတော့ သူမရဲ့ဆရာပေးထားတဲ့ဆေးခန်းလေးထဲမှာပဲနေရပြီးတော့ အလှူရှင်လေးတွေလာလှူတဲ့ငွေကြေးလေးနဲ့ ရင်သားကင်ဆာရောဂါကိုကုသနေရပါတယ်။

သူမကတော့ ကင်ဆာရောဂါကို လေးလပိုင်းလောက်ကတည်းက စတင်ခံစားရပြီးတော့ တစ်ပတ်တစ်ခါ ဆေးရုံစရိတ်က တစ်သိန်းကျော်ကုန်ပါပြီး ရင်သားကင်ဆာ အဆင့် (၄) ကို ခံစားနေရပြီး ခွဲစိတ်ကုသဖို့လိုအပ်ခဲ့ပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာတော့ ဘိုကလေးစိန် ဟာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါပြီ။ ဆီးချိုသွေးတိုးရောဂါအခံရှိသူဖြစ်တာကြောင့် ရင်သားကင်ဆာအဆင့်(၄ )အထိရောက်ရှိခဲ့ပြီး ကင်ဆာဆဲလ်များ အသည်းထိပါပျံ့နှံ့သွားသောကြောင့် အခုလိုကွယ်လွန်သွားခဲ့တာလို့ ဆွေမျိုးများမှတဆင့် သိရပါတယ်။

သရုပ်ဆောင် ဘိုကလေးစိန် ကွယ်လွန်သွားတဲ့သတင်းကြောင့် မိသားစုနဲ့ထပ်တူဝမ်းနည်းမိပါတယ်၊ကောင်းရာမွန်ရာရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ရင္သားကင္ဆာကို ႏွစ္ရွည္ခံစားေနရတဲ့ အားလုံးကခ်စ္ၾကတဲ့ ဟာသသ႐ုပ္ေဆာင္ ဘိုကေလးစိန္ ကြယ္လြန္

ပရိသတ္ႀကီးေရ ဇာတ္ပို႔သ႐ုပ္ေဆာင္ ဘိုကေလးစိန္ ‌ကေတာ့ဇာတ္ကားေတာ္ေတာ္မ်ားမ်ားမွာ ပါဝင္ၿပီးေတာ့ ပရိသတ္နဲ႔မစိမ္းနဲ႔ ဇာတ္ပို႔သ႐ုပ္ေဆာင္တစ္ဦးျဖစ္ပါတယ္။ သူမဇာတိက ဘိုကေလးဇာတိျဖစ္တာေၾကာင့္ ဘိုကေလးစိန္ လို႔ခ်စ္စႏိုးနဲ႔ မွည့္ေခၚရတဲ့ အႏုပညာရွင္တစ္ဦးျဖစ္ပါတယ္။

ကိုဗစ္‌လႈိင္းေတြနဲ႔ ႏိုင္ငံေရးအေျခအေနေတြအရ အႏုပညာေလာကမွာ ႐ုပ္ရွင္႐ိုက္ကူးမႈ႕ေတြကို ႏွစ္နဲ႔ခ်ီၿပီး နားထားတေၾကာင့္ ႐ုပ္ရွင္အေပၚမွီခိုေနရတဲ့ ဇာတ္ပို႔ဇာတ္ရန္ သ႐ုပ္ေဆာင္အတြက္ စား‌ဝတ္ေနေရး ခက္ခဲရတဲ့ကာလတစ္ခုပါ။ က်န္းမာေရးမေကာင္းတဲ့အႏုပညာရွင္ေတြအတြက္က ပိုမိုဆိုးဝါးတဲ့ အေျခအေနေတြနဲ႔ရင္ဆိုင္ေနရပါတယ္။ ဇာတ္ပို႔ သ႐ုပ္ေဆာင္ ဘိုကေလးစိန္ ဟာ ရင္သား ကင္ဆာေရာဂါ ခံစားေနရပါတယ္။

သ႐ုပ္ေဆာင္ ဘိုကေလးစိန္ ကေတာ့လက္ရွိမွာ ‌ကင္ဆာေဆးေတြ ‌သြင္းေနရတာေၾကာင့္ ေငြေၾကးအခက္အခဲေတြရွိခဲ့ရပါတယ္။ ေနစရာလည္းမရွိေတာ့ သူမရဲ႕ဆရာေပးထားတဲ့ေဆးခန္းေလးထဲမွာပဲေနရၿပီးေတာ့ အလႉရွင္ေလးေတြလာလႉတဲ့ေငြေၾကးေလးနဲ႔ ရင္သားကင္ဆာေရာဂါကိုကုသေနရပါတယ္။

သူမကေတာ့ ကင္ဆာေရာဂါကို ေလးလပိုင္းေလာက္ကတည္းက စတင္ခံစားရၿပီးေတာ့ တစ္ပတ္တစ္ခါ ေဆး႐ုံစရိတ္က တစ္သိန္းေက်ာ္ကုန္ပါၿပီး ရင္သားကင္ဆာ အဆင့္ (၄) ကို ခံစားေနရၿပီး ခြဲစိတ္ကုသဖို႔လိုအပ္ခဲ့ပါတယ္။

ဒီကေန႔ ႏိုဝင္ဘာလ ၁၈ ရက္ေန႔မွာေတာ့ ဘိုကေလးစိန္ ဟာ ကင္ဆာေရာဂါနဲ႔ ကြယ္လြန္သြားခဲ့ပါၿပီ။ ဆီးခ်ိဳေသြးတိုးေရာဂါအခံရွိသူျဖစ္တာေၾကာင့္ ရင္သားကင္ဆာအဆင့္(၄ )အထိေရာက္ရွိခဲ့ၿပီး ကင္ဆာဆဲလ္မ်ား အသည္းထိပါပ်ံ႕ႏွံ႔သြားေသာေၾကာင့္ အခုလိုကြယ္လြန္သြားခဲ့တာလို႔ ေဆြမ်ိဳးမ်ားမွတဆင့္ သိရပါတယ္။

သ႐ုပ္ေဆာင္ ဘိုကေလးစိန္ ကြယ္လြန္သြားတဲ့သတင္းေၾကာင့္ မိသားစုနဲ႔ထပ္တူဝမ္းနည္းမိပါတယ္၊ေကာင္းရာမြန္ရာေရာက္ရွိပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။