Cele News

အသက်(၇၃) နှစ်ကျော်နေပြီဖြစ်ပေမဲ့ ကျန်းမာလန်းဆန်းနေဆဲ လူရွှင်တော်ကြီး ဦးချစ်စရာ

ပရိသတ်ကြီးရေ ရုပ်ရှင်နဲ့ဗီဒီယိုကားတွေထဲမှာ ပရိသတ်တွေကို ပျော်ရွှင်ရယ်မောအောင် အကောင်းဆုံးသရုပ်ဆောင်ခဲ့တဲ့ လူရွှင်တော်ကြီး ချစ်စရာ ကိုတော့ လူတိုင်းသိကြမယ်ထင်ပါတယ်။ ဦးချစ်စရာ ကတော့ဆယ်စုနှစ်တစ်ခုကြာအောင် အနုပညာလောကမှာ ရပ်တည်ခဲ့ပြီးတော့ ပရိသတ်တွေအတွက် ပျော်ရွှင်မှု့ရသတွေကိုပေးစွမ်းခဲ့တဲ့ ဝါရင့်လူရွှင်တော်သရုပ်ဆောင်ကြီးပဲဖြစ်ပါတယ်။ ဦးချစ်စရာ ကတော့ အသက် ၇၃ နှစ်ရှိနေပီဖြစ်ပေမယ့် အခုချိန်ထိ ကျန်းမာလန်းဆန်းနေတယ်လို့ သိရပါတယ်။

ဒီနေ့မှာတော့ အသက်(၇၃) နှစ်ကျော်နေပြီဖြစ်တဲ့ ဦးချစ်စရာ ကို လူရွှင်တော် မိုးစက် ကတော့ သွားရောက်ကန်တော့ခဲ့တာပဲဖြစ်ပါတယ်။ “ထင်မထားဘဲ လာကန်တော့တာဆိုတော့အရမ်းပျော်တာပေါ့ကွာ…တဲ့ ။အသက်၇၃နှစ်ကျော်ပြီဖြစ်ပေမဲ့ ကျန်းမာလန်းဆန်းနေတဲ့ ဦးချစ်စရာကြီးကို ကန်တော့ခွင့်ရတာဟာ.တန်ဖိုးမဖြတ်နိုင်တဲ့ ပီတိတစ်ခုပေါ့ဗျာ”လို့ မိုးစက်ကသူ့ရဲ့ ဖေ့ဘွတ်အကောင့်မှာ ရေးသားထားပါတယ်။

ပရိသတ်ကြီးချစ်ခင်ရတဲ့ လူရွှင်တော်ကြီး ဦးချစ်စရာ အခုထိတိုင်အောင် ကျန်းမာနေတာသိရတဲ့အတွက် ဝမ်းသာကြမယ်လို့ မျှော်လင့်ပါတယ်။ အချိန်ပေးဖတ်ရှု့ပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးတင်ပါတယ် သာယာပျော်ရွှင်ဖွယ်နေ့ရက်လေးများကို အမြဲတမ်းပိုင်ဆိုင်နိုင်ကြပါစေ။



