Celebrity

လူကြမ်းတွေဇာတ်ရန်တွေ ကွယ်လွန်တဲ့အခါ လိုက်ပို့မယ့်လူမရှိတာ နာမည်ကြီးသရုပ်ဆောင်တွေ မဟုတ်လို့လားလို့ ရင်နာနာနဲ့မေးခဲ့တဲ့ ခင်စိုးပိုင်

ပရိသတ်ကြီးရေ ဗီဒီယိုတစ်ခေတ်ဖြစ်ခဲ့စဥ်ကတည်းက ရုပ်ရှင်၊ဗီဒီယိုဇာတ်ကားတွေထဲမှာ ပါဝင်ခဲ့တဲ့ အရပ်ပုပုအသံစွာစွာ၊ဆံပင်ကောက်ကောက်နဲ့ သရုပ်ဆောင်တစ်ဦးကို မှတ်မိကြအုန်းမှာပါ။

သူမကတော့အတင်းပြောတဲ့ဇာတ်ဝင်ခန်းတွေ၊ဟာသဇာတ်ရုပ်တွေမှာ ဇာတ်ပို့တစ်ဦးအဖြစ် ပါဝင်အားဖြည့်ပေးခဲ့တဲ့ ဘိုကလေးစိန် ပဲဖြစ်ပါတယ်။

ဘိုကလေးကလာလို့ အားလုံးက ဘိုကလေးစိန် လို့ ချစ်စနိုးခေါ်ကြတဲ့ သူမကိုတော့ ပရိသတ်အားလုံးနဲ့ အနုပညာအသိုင်းအဝိုင်းက ချစ်ကြပါတယ်။

သူမရဲ့နာမည်အရင်းကတော့ ဒေါ်လှလှငွေဖြစ်ပြီး အသက်ကတော့ ၅၈ နှစ်ရှိနေပါပြီ။

ဘိုကလေးစိန် ဟာ ရင်သားကင်ဆာရောဂါကို အဆင့်လေးအထိ နှစ်ရှည်လများ ပြင်းထန်စွာ ခံစားနေရပြီးတော့ နိုဝင်ဘာလ ၁၈ နေ့မှာတော့ ကွယ်လွန်သွားခဲ့ပြီ။

သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ သူမရဲ့နာရေးကတော့ ထင်သလောက် ပရိသတ်မများခဲ့ပါဘူး။ဒါအပြင် လိုက်ပို့ခဲ့တဲ့ အနုပညာရှင်ဆိုလို့ ခင်စိုးပိုင် တစ်ဦးထဲရှိခဲ့ပါတယ်။

သရုပ်ဆောင် ခင်စိုးပိုင် ဟာ နာရေးနဲ့ပတ်သက်ပြီး အစအဆုံးကူညီပေးခဲ့ပြီး ရုပ်ရှင်အစည်းအရုံး ရဲ့ ကိုယ်စားအမိန့်စာ ပြန်ပေးခဲ့ရပါသေးတယ်။

ဘိုကလေးစိန်ဟာ ရုပ်ရှင်အစည်းအရုံးနဲ့ပတ်သက်ပြီး အလုပ်တွေအများကြီးလုပ်ခဲ့ပြီး ချစ်ခင်သူပေါများခဲ့ပေမယ့် နောက်ဆုံးခရီးကို လိုက်ပို့မယ့်လူမရှိခဲ့ပါဘူး။

နာရေးဖိတ်တာကို ဖုန်းမကိုင်တဲ့အနုပညာရှင်တွေ ရှိခဲ့တဲ့အပြင် အချို့အနုပညာရှင်တွေကျ အလုပ်မအားလို့ လိုက်မပို့ကြဖူးလို့ ခင်စိုးပိုင် ဟာ အခုလိုပဲ ရင်ဖွင့်ခဲ့ပါတယ်။

“ဇာတ်ပို့ဇာတ်ရံတွေသေတဲ့အခါမှာ ပို့တဲ့လူလည်းမရှိကြဘူး ၊ အဲဒီလိုမြင်ရတာကြီးက စိတ်ထဲလုံးဝကိုမကောင်းဘူး။

ဘိုကလေးစိန်မို့လို့လား ..လာပို့တဲ့သူမရှိရအောင် ။ မျက်နှာမရှိလို့ ဘယ်သူမှမလာတဲ့ သူငယ်ချင်း နောက်ဘဝတွေမှာဒီလိုရောဂါဆိုးကြီးမဖြစ်ပါစေနဲ့” လို့ အင်တာဗျူးတစ်ခုမှာ ဝမ်းနည်းစွာဖြေကြားခဲ့ပါတယ်။

ခင်စိုးပိုင်ဟာ မင်းသမီးမင်းသားသေရင်တော့ ကျမလိုက်ပို့ဖြစ်မှာမဟုတ်ဖူး ဇာတ်ပို့၊ဇာတ်ရန်၊လူကြမ်းဖြတ်လျာက် သေရင်ကူညီဖို့အဆင်သင့်ပဲလို့ ပြောထားပါတယ်။

လူၾကမ္းေတြဇာတ္ရန္ေတြ ကြယ္လြန္တဲ့အခါ လိုက္ပို႔မယ့္လူမရွိတာ နာမည္ႀကီးသ႐ုပ္ေဆာင္ေတြ မဟုတ္လို႔လားလို႔ ရင္နာနာနဲ႔ေမးခဲ့တဲ့ ခင္စိုးပိုင္

ပရိသတ္ႀကီးေရ ဗီဒီယိုတစ္ေခတ္ျဖစ္ခဲ့စဥ္ကတည္းက ႐ုပ္ရွင္၊ဗီဒီယိုဇာတ္ကားေတြထဲမွာ ပါဝင္ခဲ့တဲ့ အရပ္ပုပုအသံစြာစြာ၊ဆံပင္ေကာက္ေကာက္နဲ႔ သ႐ုပ္ေဆာင္တစ္ဦးကို မွတ္မိၾကအုန္းမွာပါ။

သူမကေတာ့အတင္းေျပာတဲ့ဇာတ္ဝင္ခန္းေတြ၊ဟာသဇာတ္႐ုပ္ေတြမွာ ဇာတ္ပို႔တစ္ဦးအျဖစ္ ပါဝင္အားျဖည့္ေပးခဲ့တဲ့ ဘိုကေလးစိန္ ပဲျဖစ္ပါတယ္။

ဘိုကေလးကလာလို႔ အားလုံးက ဘိုကေလးစိန္ လို႔ ခ်စ္စႏိုးေခၚၾကတဲ့ သူမကိုေတာ့ ပရိသတ္အားလုံးနဲ႔ အႏုပညာအသိုင္းအဝိုင္းက ခ်စ္ၾကပါတယ္။

သူမရဲ႕နာမည္အရင္းကေတာ့ ေဒၚလွလွေငြျဖစ္ၿပီး အသက္ကေတာ့ ၅၈ ႏွစ္ရွိေနပါၿပီ။

ဘိုကေလးစိန္ ဟာ ရင္သားကင္ဆာေရာဂါကို အဆင့္ေလးအထိ ႏွစ္ရွည္လမ်ား ျပင္းထန္စြာ ခံစားေနရၿပီးေတာ့ ႏိုဝင္ဘာလ ၁၈ ေန႔မွာေတာ့ ကြယ္လြန္သြားခဲ့ၿပီ။

သ႐ုပ္ေဆာင္တစ္ဦးျဖစ္တဲ့ သူမရဲ႕နာေရးကေတာ့ ထင္သေလာက္ ပရိသတ္မမ်ားခဲ့ပါဘူး။ဒါအျပင္ လိုက္ပို႔ခဲ့တဲ့ အႏုပညာရွင္ဆိုလို႔ ခင္စိုးပိုင္ တစ္ဦးထဲရွိခဲ့ပါတယ္။

သ႐ုပ္ေဆာင္ ခင္စိုးပိုင္ ဟာ နာေရးနဲ႔ပတ္သက္ၿပီး အစအဆုံးကူညီေပးခဲ့ၿပီး ႐ုပ္ရွင္အစည္းအ႐ုံး ရဲ႕ ကိုယ္စားအမိန႔္စာ ျပန္ေပးခဲ့ရပါေသးတယ္။

ဘိုကေလးစိန္ဟာ ႐ုပ္ရွင္အစည္းအ႐ုံးနဲ႔ပတ္သက္ၿပီး အလုပ္ေတြအမ်ားႀကီးလုပ္ခဲ့ၿပီး ခ်စ္ခင္သူေပါမ်ားခဲ့ေပမယ့္ ေနာက္ဆုံးခရီးကို လိုက္ပို႔မယ့္လူမရွိခဲ့ပါဘူး။

နာေရးဖိတ္တာကို ဖုန္းမကိုင္တဲ့အႏုပညာရွင္ေတြ ရွိခဲ့တဲ့အျပင္ အခ်ိဳ႕အႏုပညာရွင္ေတြက် အလုပ္မအားလို႔ လိုက္မပို႔ၾကဖူးလို႔ ခင္စိုးပိုင္ ဟာ အခုလိုပဲ ရင္ဖြင့္ခဲ့ပါတယ္။

“ဇာတ္ပို႔ဇာတ္ရံေတြေသတဲ့အခါမွာ ပို႔တဲ့လူလည္းမရွိၾကဘူး ၊ အဲဒီလိုျမင္ရတာႀကီးက စိတ္ထဲလုံးဝကိုမေကာင္းဘူး။

ဘိုကေလးစိန္မို႔လို႔လား ..လာပို႔တဲ့သူမရွိရေအာင္ ။ မ်က္ႏွာမရွိလို႔ ဘယ္သူမွမလာတဲ့ သူငယ္ခ်င္း ေနာက္ဘဝေတြမွာဒီလိုေရာဂါဆိုးႀကီးမျဖစ္ပါေစနဲ႔” လို႔ အင္တာဗ်ဴးတစ္ခုမွာ ဝမ္းနည္းစြာေျဖၾကားခဲ့ပါတယ္။

ခင္စိုးပိုင္ဟာ မင္းသမီးမင္းသားေသရင္ေတာ့ က်မလိုက္ပို႔ျဖစ္မွာမဟုတ္ဖူး ဇာတ္ပို႔၊ဇာတ္ရန္၊လူၾကမ္းျဖတ္လ်ာက္ ေသရင္ကူညီဖို႔အဆင္သင့္ပဲလို႔ ေျပာထားပါတယ္။