Cele News

မြန်မာပြည်ကြီးငြိမ်းချမ်းဖို့ ဆက်လက်ဆုတောင်းပေးနေဆဲပဲ ဆိုတဲ့ အောင်လအန်ဆန်

ကချင်လူမျိုးတစ်ဦးဖြစ်တဲ့ အောင်လအန်ဆန် ဟာ အရပ် ၆ပေ နဲ့ ၁ လက်မရှိပြီး ကိုယ်အလေးချိန်ကတော့ ၂၀၄ ပေါင်ရှိပါတယ်။

ကြိုးဝိုင်းထဲမှာ အနိုင်ရရှိဖို့အတွက် သူ့ရဲ့ team နဲ့အတူ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကို ကြိုးကြိုးစားစားလုပ်ကိုင်ခဲ့ပါတယ်။

အောင်လအန်ဆန် ဟာ Katherine Oliphant ဆိုတဲ့ အမျိုးသမီးနဲ့ လက်ထပ်ခဲ့ပြီး သားသမီးနှစ်ဦး ထွန်းကားခဲ့ပါတယ်။

မနေ့က နိုဝင်ဘာလ ၁၉ရက်နေ့၊စင်ကာပူနိုင်ငံမှာကျင်းပတဲ့ ဝမ်းချန်ပီယံရှစ်ပြိုင်ပွဲမှာ သိုင်းပေါင်းစုံလက်ဝှေ့သမား အောင်လအန်ဆန်နဲ့ ဂျပန်နိုင်ငံက ယူရှင် အိုကာမီတို့ ယျဉ်ပြိုင်ခဲ့ကြပါတယ်။

ပွဲစစချင်းမှာပဲ အိုကာမီက အောင်လကို လှဲချပြီး ချုပ်ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဒုတိယအကြိမ် ဝင်ချုပ်ဖို့ ထပ်ကြိုးစားတဲ့ အိုကာမီဟာ အောင်လရဲ့ ပင့်ဒူးနဲ့တွေ့သွားခဲ့ပါတယ်။

ကြမ်းပြင်ပေါ် ပက်လက်အနေအထားနဲ့ လဲနေတဲ့ အိုကာမီကို အောင်လရဲ့ ဒူးတိုက်ချက်အပြင် ဆက်တိုက်လက်သီးလုံးတွေကို အလူးအလဲခံရပြီးနောက် နောက်ဆုံးမှာ ဒိုင်ပွဲရပ်နဲ့ အောင်လက အနိုင်ရသွားပါတယ်။

အောင်လအန်ဆန်ဟာ ယူရှင်အိုကာမီကို ပထမအချီ ရဲ့ ၁ မိနစ် ၄၂ စက္ကန့်မှာပဲ အနိုင်ထိုးသတ်နိုင်ခဲ့ပြီး နိုင်ပွဲရရှိခဲ့ပါတယ်။

ပွဲပြီးတဲ့အချိန် စကားပြောတဲ့အခါ အောင်လဟာ မြန်မာပြည်ကြီးနဲ့ ပြည်သူပြည်သားတွေအတွက် အခုလိုပဲ ဆုတောင်းပေးခဲ့ပါတယ်။

“မြန်မာအတွက် ကျွန်တော် ဆုတောင်းပေးနေပါတယ်။ မြန်မာနိုင်ငံသားတွေကိုလည်း ချစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေကတည်းက ကျွန်တော်တို့ မြန်မာနိုင်ငံမှာအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ကျွန်တော်ဆက်ပြီးတောင်းဆုပြုနေပါတယ်။ ဘုရားက ငြိမ်းချမ်းမှုတွေကို ပေးအပ်ပါမယ်လို့ ယုံကြည်ပါတယ်။ ဒါကိုလည်း အမြဲဆုတောင်းနေပါတယ်” လို့ ပြောခဲ့ပါတယ်။

ဒါအပြင် အောင်လ ဟာ သူ့အနေနဲ့ ဘယ်သူနဲ့မဆို ဆက်လက် ထိုးသတ်ဖို့ အဆင်သင့်ပဲလို့လည်း ပြောခဲ့ပါတယ်။

ျမန္မာျပည္ႀကီးၿငိမ္းခ်မ္းဖို႔ ဆက္လက္ဆုေတာင္းေပးေနဆဲပဲ ဆိုတဲ့ ေအာင္လအန္ဆန္

ကခ်င္လူမ်ိဳးတစ္ဦးျဖစ္တဲ့ ေအာင္လအန္ဆန္ ဟာ အရပ္ ၆ေပ နဲ႔ ၁ လက္မရွိၿပီး ကိုယ္အေလးခ်ိန္ကေတာ့ ၂၀၄ ေပါင္ရွိပါတယ္။

ႀကိဳးဝိုင္းထဲမွာ အႏိုင္ရရွိဖို႔အတြက္ သူ႔ရဲ႕ team နဲ႔အတူ ျပင္းထန္တဲ့ေလ့က်င့္ခန္းေတြကို ႀကိဳးႀကိဳးစားစားလုပ္ကိုင္ခဲ့ပါတယ္။

ေအာင္လအန္ဆန္ ဟာ Katherine Oliphant ဆိုတဲ့ အမ်ိဳးသမီးနဲ႔ လက္ထပ္ခဲ့ၿပီး သားသမီးႏွစ္ဦး ထြန္းကားခဲ့ပါတယ္။

မေန႔က ႏိုဝင္ဘာလ ၁၉ရက္ေန႔၊စင္ကာပူႏိုင္ငံမွာက်င္းပတဲ့ ဝမ္းခ်န္ပီယံရွစ္ၿပိဳင္ပြဲမွာ သိုင္းေပါင္းစုံလက္ေဝွ႔သမား ေအာင္လအန္ဆန္နဲ႔ ဂ်ပန္ႏိုင္ငံက ယူရွင္ အိုကာမီတို႔ ယ်ဥ္ၿပိဳင္ခဲ့ၾကပါတယ္။

ပြဲစစခ်င္းမွာပဲ အိုကာမီက ေအာင္လကို လွဲခ်ၿပီး ခ်ဳပ္ဖို႔ ႀကိဳးစားခဲ့ေပမဲ့ မေအာင္ျမင္ခဲ့ပါဘူး။ ဒုတိယအႀကိမ္ ဝင္ခ်ဳပ္ဖို႔ ထပ္ႀကိဳးစားတဲ့ အိုကာမီဟာ ေအာင္လရဲ႕ ပင့္ဒူးနဲ႔ေတြ႕သြားခဲ့ပါတယ္။

ၾကမ္းျပင္ေပၚ ပက္လက္အေနအထားနဲ႔ လဲေနတဲ့ အိုကာမီကို ေအာင္လရဲ႕ ဒူးတိုက္ခ်က္အျပင္ ဆက္တိုက္လက္သီးလုံးေတြကို အလူးအလဲခံရၿပီးေနာက္ ေနာက္ဆုံးမွာ ဒိုင္ပြဲရပ္နဲ႔ ေအာင္လက အႏိုင္ရသြားပါတယ္။

ေအာင္လအန္ဆန္ဟာ ယူရွင္အိုကာမီကို ပထမအခ်ီ ရဲ႕ ၁ မိနစ္ ၄၂ စကၠန႔္မွာပဲ အႏိုင္ထိုးသတ္ႏိုင္ခဲ့ၿပီး ႏိုင္ပြဲရရွိခဲ့ပါတယ္။

ပြဲၿပီးတဲ့အခ်ိန္ စကားေျပာတဲ့အခါ ေအာင္လဟာ ျမန္မာျပည္ႀကီးနဲ႔ ျပည္သူျပည္သားေတြအတြက္ အခုလိုပဲ ဆုေတာင္းေပးခဲ့ပါတယ္။

“ျမန္မာအတြက္ ကြၽန္ေတာ္ ဆုေတာင္းေပးေနပါတယ္။ ျမန္မာႏိုင္ငံသားေတြကိုလည္း ခ်စ္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ေတြကတည္းက ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာအခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။

ကြၽန္ေတာ္ဆက္ၿပီးေတာင္းဆုျပဳေနပါတယ္။ ဘုရားက ၿငိမ္းခ်မ္းမႈေတြကို ေပးအပ္ပါမယ္လို႔ ယုံၾကည္ပါတယ္။ ဒါကိုလည္း အၿမဲဆုေတာင္းေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။

ဒါအျပင္ ေအာင္လ ဟာ သူ႔အေနနဲ႔ ဘယ္သူနဲ႔မဆို ဆက္လက္ ထိုးသတ္ဖို႔ အဆင္သင့္ပဲလို႔လည္း ေျပာခဲ့ပါတယ္။