Cele News

ဘယ်ဇာတ်ကားပဲဖြစ်ဖြစ် ကမ်းလှမ်းလာရင် ရိုက်ကူးသွားမယ်လို့ အသိပေးလိုက်တဲ့ သရုပ်ဆောင် ညီနန္ဒ

သရုပ်ဆောင် ညီနန္ဒ ကတော့ ကျရာဇာတ်ရုပ်ကို ပီပီပင်ပင် သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှု့ကို အခိုင်အမာရရှိထားပါတယ်။

ဆယ်စုနှစ်တစ်ခုကြာ သရုပ်ဆောင်အလုပ်ကို လုပ်ကိုင်ခဲ့ပြီးတော့ ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

ညီနန္ဒ ဟာ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ရပ်တည်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ နဲ့တရားစွဲဆိုခံရပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရပေမယ့်

လက်ရှိမှာ‌တော့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ ဘာမှမတွေ့ရတော့ဘဲ မိသားစုနဲ့အဆင်ပြေပြေ နေထိုင်လျှက်ရှိတာကို‌ တွေ့ရပါတယ်။

သရုပ်ဆောင် ညီနန္ဒ ကတော့ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ အရသာကောင်းမွန်တဲ့ ထောပတ်ထမင်း ချက်ရောင်းနေပြီး အော်ဒါများစွာရရှိတာကြောင့် လက်မလည်နိုင်အောင် ရောင်းချနေရပါတယ်နော်။

ဒါအပြင် Online Live Sale တွေရောင်းချပေးတဲ့အလုပ်ကလဲ အောင်မြင်နေပါသေးတယ်။

ညီနန္ဒ ဟာ စီးပွားရေးမှာအောင်မြင်တဲ့အပြင် အိမ်ထောင်ရေးမှာလဲ ‌ကံကောင်းတဲ့ခြင်းတွေကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။

သရုပ်ဆောင် ညီနန္ဒ ကတော့ ဒီကာလမှာ ဘယ်ဇာတ်ကားမဆို ကမ်းလှမ်းလာရင် ရိုက်ကူးသွားမယ်ဖြစ်ကြောင်း အသိပေးလိုက်ပါတယ်။

“”သမီးဆိုး” ဇာတ်ကား ကိုမှ မဟုတ်ပါဘူး။ ဘယ်ကားမဆို ကမ်းလှမ်းလာတိုင်းလက်ခံဖြစ်မှာပါ။ ကျွန်တော်ကအနုပညာရှင်

ကျွန်တော့်တို့မှာ ရွေးချယ်စရာမရှိပါဘူး။ ဒီ့အတွက် အပြစ်တင်ရင်လည်း ခံပါ့မယ် “ဆိုပြီး အင်တာဗျူးတစ်ခုမှာ ဖြေထားတာကို တွေ့ရပါတယ်။

ပရိသတ်ကြီးရေ ညီနန္ဒ ရဲ့ အသိပေးချက်နဲ့ပတ်သက်ပြီး ထင်မြင်ယူဆချက်တွေကို ကောမန့်မှာ ရေးသားသွားပေးခဲ့ပါအုန်းနော်။

ဘယ္ဇာတ္ကားပဲျဖစ္ျဖစ္ ကမ္းလွမ္းလာရင္ ႐ိုက္ကူးသြားမယ္လို႔ အသိေပးလိုက္တဲ့ သ႐ုပ္ေဆာင္ ညီနႏၵ

သ႐ုပ္ေဆာင္ ညီနႏၵ ကေတာ့ က်ရာဇာတ္႐ုပ္ကို ပီပီပင္ပင္ သ႐ုပ္ေဆာင္ႏိုင္တာေၾကာင့္ ပရိသတ္ေတြရဲ႕ခ်စ္ခင္အားေပးမႈ႕ကို အခိုင္အမာရရွိထားပါတယ္။

ဆယ္စုႏွစ္တစ္ခုၾကာ သ႐ုပ္ေဆာင္အလုပ္ကို လုပ္ကိုင္ခဲ့ၿပီးေတာ့ ဇာတ္ကားေပါင္းမ်ားစြာကို ႐ိုက္ကူးခဲ့တဲ့ အႏုပညာရွင္တစ္ဦးျဖစ္ပါတယ္။

ညီနႏၵ ဟာ ျပည္သူေတြနဲ႔အတူ အမွန္တရားဘက္က ရပ္တည္ခဲ့တာေၾကာင့္ ပုဒ္မ ၅၀၅ နဲ႔တရားစြဲဆိုခံရၿပီး ထြက္ေျပးတိမ္းေရွာင္ခဲ့ရေပမယ့္

လက္ရွိမွာ‌ေတာ့ ႏိုင္ငံေရးနဲ႔ပတ္သက္တဲ့ အေၾကာင္းအရာေတြ ဘာမွမေတြ႕ရေတာ့ဘဲ မိသားစုနဲ႔အဆင္ေျပေျပ ေနထိုင္လွ်က္ရွိတာကို‌ ေတြ႕ရပါတယ္။

သ႐ုပ္ေဆာင္ ညီနႏၵ ကေတာ့ ကိုယ္ပိုင္စီးပြားေရးတစ္ခုျဖစ္တဲ့ အရသာေကာင္းမြန္တဲ့ ေထာပတ္ထမင္း ခ်က္ေရာင္းေနၿပီး ေအာ္ဒါမ်ားစြာရရွိတာေၾကာင့္ လက္မလည္ႏိုင္ေအာင္ ေရာင္းခ်ေနရပါတယ္ေနာ္။

ဒါအျပင္ Online Live Sale ေတြေရာင္းခ်ေပးတဲ့အလုပ္ကလဲ ေအာင္ျမင္ေနပါေသးတယ္။

ညီနႏၵ ဟာ စီးပြားေရးမွာေအာင္ျမင္တဲ့အျပင္ အိမ္ေထာင္ေရးမွာလဲ ‌ကံေကာင္းတဲ့ျခင္းေတြကို ပိုင္ဆိုင္ထားတာပဲ ျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ ညီနႏၵ ကေတာ့ ဒီကာလမွာ ဘယ္ဇာတ္ကားမဆို ကမ္းလွမ္းလာရင္ ႐ိုက္ကူးသြားမယ္ျဖစ္ေၾကာင္း အသိေပးလိုက္ပါတယ္။

“”သမီးဆိုး” ဇာတ္ကား ကိုမွ မဟုတ္ပါဘူး။ ဘယ္ကားမဆို ကမ္းလွမ္းလာတိုင္းလက္ခံျဖစ္မွာပါ။ ကြၽန္ေတာ္ကအႏုပညာရွင္

ကြၽန္ေတာ့္တို႔မွာ ေ႐ြးခ်ယ္စရာမရွိပါဘူး။ ဒီ့အတြက္ အျပစ္တင္ရင္လည္း ခံပါ့မယ္ “ဆိုၿပီး အင္တာဗ်ဴးတစ္ခုမွာ ေျဖထားတာကို ေတြ႕ရပါတယ္။

ပရိသတ္ႀကီးေရ ညီနႏၵ ရဲ႕ အသိေပးခ်က္နဲ႔ပတ္သက္ၿပီး ထင္ျမင္ယူဆခ်က္ေတြကို ေကာမန႔္မွာ ေရးသားသြားေပးခဲ့ပါအုန္းေနာ္။