ဝါသနာအရ အလှမော်ဒယ်လုပ်ရင်း အနုပညာလောကကို ဝင်ရောက်လာခဲ့တဲ့ မင်းသမီးလေး အေးမြတ်သူ ကိုတော့ ပရိသတ်တိုင်း သိကြလိမ့်မယ်ထင်ပါတယ်နော်။
သူမကတော့ နောက်ပိုင်းမှာ ဗီဒိယိုဇာတ်ကားတွေ တောက်လျောက်ရိုက်ကူးရင်း ပရိသတ်တွေလက်ခံအားပေးတဲ့ မင်းသမီးတစ်လက်ဖြစ်လာခဲ့တာပါ။
အေးမြတ်သူ ဟာ မိဘကိုသိတတ်တဲ့ သမီးအလိမ္မာလေးတစ်ဦး ဖြစ်တာကြောင့်လဲ ပရိသတ်တွေက ပိုမိုချစ်ခင်အားပေးကြရပြန်ပါတယ်။
အေးမြတ်သူ ဟာ အားကစားကိုလိုက်စားသူတစ်ဦးဖြစ်တာကြောင့် ခုချိန်ထိနုပျိုလန်းဆန်း လှပနေတာကို သူမရဲ့ ဓာတ်ပုံလေးတွေကို ကြည့်ပြီးသိနိုင်ပါတယ်နော်။
သရုပ်ဆောင် အေးမြတ်သူ ကတော့ ၂နှစ်လောက်တောင့်ခံခဲ့ပေမယ့် လက်ရှိအချိန်မှာ ပြောင်းလဲမှရပ်တည်နိုင်တော့မယ်လို့ သူမအခက်အခဲတွေကို ရင်ဖွင့်လာခဲ့ပါတယ်။
” ဘယ်ထင်ခဲ့ပါ့မလည်း … ဘဝတဆစ်ချိုး ကို ပြောင်းလဲ လိုက်ရမယ်လို့ … အရာရာအသားတကျ အခြေတကျဖြစ်ဖို့ ၁၀နှစ်လောက် ကြိုးစားရင်း ၅နှစ်လောက်နေသားတကျဖြစ်နေချိန်မှာ
၂နှစ်လောက်တောင့်ခံနိုင်ပေမယ့်….လက်ရှိနှစ်တွေမှာတော့ ပြောင်းလဲမှ ရပ်တည်နိူင်တော့မှာ မို့ထပ်ပြီးကြိုးစားရုန်းကန်ရဦးမယ်….
အရင်က ကမ္ဘာကျော်တံဆိပ်တွေ နဲ့ ဖက်ရှင်ကျတဲ့ဝတ်စုံတွေ ရောင်းတဲ့နေရာ မှာ ပျော်တဲ့ကျမ ခုတော့ …စုံစီနဖာရောင်းတဲ့စျေးတွေမှာ ပျော်နိုင်အောင်ကြိုးစားနေတက်ပါပြီ…
အရင်အချိန်တွေကိုလွမ်းရင်းလက်ရှိအချိန်မှာကြိုးစားနေပါတယ်…..”လို့ အေးမြတ်သူ ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။
ပရိသတ်ကြီးရေ ကြိုးစားရုန်းကန်နေရတဲ့ သရုပ်ဆောင် အေးမြတ်သူအတွက် အားပေးစကားလေးတွေကို ကောမန့်မှာ ရေးသားသွားပေးခဲ့အုန်းနော်။
၂နှစ်လောက်တောင့်ခံခဲ့ပေမယ့် လက်ရှိအချိန်မှာ ပြောင်းလဲမှရပ်တည်နိုင်တော့မယ်လို့ ရင်ဖွင့်လိုက်တဲ့ အေးမြတ်သူ
၂နှစ်လောက်တောင့်ခံနိုင်ပေမယ့်….လက်ရှိနှစ်တွေမှာတော့ ပြောင်းလဲမှ ရပ်တည်နိုင်တော့မှာ မို့ထပ်ပြီးကြိုးစားရုန်းကန်ရဦးမယ်….
အရင်က ကမ္ဘာကျော်တံဆိပ်တွေ နဲ့ ဖက်ရှင်ကျတဲ့ဝတ်စုံတွေ ရောင်းတဲ့နေရာ မှာ ပျော်တဲ့ကျမ ခုတော့ …စုံစီနဖာရောင်းတဲ့ဈေးတွေမှာ ပျော်နိုင်အောင်ကြိုးစားနေတက်ပါပြီ…