Cele News

ဆေးယဉ်ပါး တီဘီရောဂါကြောင့် အနုပညာအလုပ်တွေ မလုပ်နိုင်တော့တဲ့ လူကြမ်းသရုပ်ဆောင် ဖုန်းနိုင်

တစ်ခေတ်တစ်ခါက အက်ရှင်ဇာတ်ကားတွေရဲ့ မင်းသားနဲ့ ဖိုက်တင်အပြန်အလှန်ချရတဲ့ ဇာတ်ဝင်ခန်းတွေမှာ အမြဲလိုလိုတွေ့ရတတ်တာကတော့ လူကြမ်းသရုပ်ဆောင်တွေပဲ ဖြစ်ပါတယ်။

သူတို့ကတော့ အနုပညာကြေးများများစားစားမရပေမယ့် ဖိုက်တင်ထိုးနေရပြီး အနုပညာလုပ်ငန်းတွေကို လုပ်နေရရင် ပျော်နေကြသူတွေပါ။

ရုပ်ရှင်တစ်ကားဖြစ်မြောက်ဖို့အတွက် လူကြမ်းတွေ၊စက်အဖွဲ့တွေရယ်၊ကင်မရာမန်းတွေ အားလုံးကနောက်ကွယ်ကနေ တတ်ညီလက်ညီ ကြိုးစားမှသာ ပရိသတ်တွေကြည့်ရကျိုးနပ်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်လာမှာပါပဲ။

မြန်မာနိုင်ငံနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအခြေအနေတွေကြောင့် အနုပညာရှင်တွေအားလုံးဟာ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးနေပြီး အချို့အနုပညာရှင်တွေဆိုရင် ကင်မရာရှေ့က ပျောက်ကွယ်နေပြီး အနုပညာကို ရပ်နားထားတဲ့အထိ ဖြစ်ပါတယ်။

ဒါကြောင့်လဲ အနုပညာအလုပ်နဲ့ပဲ အသက်မွေးတတ်ပြီး ငွေကြေးမချမ်းသာတဲ့ ဇာတ်ပို့၊ဇာတ်ရန် အနုပညာရှင်တွေအားလုံး ဒုက္ခရောက်ကြရပါတယ်။

လူကြမ်းသရုပ်ဆောင် ဖုန်းနိုင် ဟာ ဆေးယဉ်ပါးတီဘီရောဂါကို ခံစားနေရတာကြောင့် အနုပညာအလုပ်တွေမလုပ်တော့တာ ၂နှစ်ကျော်ခဲ့ပါပြီ။ ရောဂါအကြောင့်နဲ့ပတ်သက်ပြီး

“နေမကောင်းဖြစ်ပြီး သွေးအန်တော့ ဆေးရုံသွားပြတဲ့ အချိန်မှာ ဆေးယဉ်ပါး တီဘီရောဂါ ဖြစ်နေတယ်လို့ သိလိုက်ရတယ်။ ရောဂါကြောင့် ခြေ၊ လက်တွေ ကောက်ကွေးပြီး အကြောတွေ ဆိုင်းကုန်တော့ အနုပညာ အလုပ် မလုပ်နိုင်တော့ဘူး။

မင်းသား၊ မင်းသမီးတွေလောက် အနုပညာကြေး မရတော့ အနုပညာ သက်တမ်း အနှစ်

(၃၀) လောက် ရှိခဲ့ပေမယ့် စုဆောင်းမိတာမျိုး မရှိခဲ့ဘူး”လို့ MC ရဲ့အင်တာဗျူးတစ်ခုမှာ ဖြေဆိုထားပါတယ်။

လူကြမ်းသရုပ်ဆောင် ဖုန်းနိုင် ဟာ အသက် ၅၅ နှစ်ရှိပြီဖြစ်ပြီး အနုပညာအလုပ်ကို နှစ်၃၀ဆယ်နီးပါး လုပ်ကိုင်ပြီးနောက် ဆေးယဉ်ပါးတီဘီရောဂါကြောင့် အနုပညာအလုပ်တွေ ရပ်နားခဲ့ရတာပါ။

သားသမီးအနေနဲ့ကတော့ သားတစ်ယောက်၊သမီးတစ်ယောက်ရှိပြီး မိန်းမဖြစ်သူကတော့ စက်ချုပ်တဲ့အလုပ်ကို လုပ်ကိုင်ပါတယ်။

ရောဂါကြောင့် ခြေ၊လက် အကြောတွေကောက်ကွေးကုန်တာကြောင့် အနုပညာအနေနဲ့ကတော့ လုပ်ဖြစ်ဖို့မရှိတော့ပါဘူး။

လူကြမ်းဖုန်းနိုင် ရဲ့ ဆေးယဉ်ပါးတီဘီကတော့ နှစ်ရှည်ဆေးစွဲသောက်ရင် ပျောက်ကင်းနိုင်ပါသေးတယ်လို့ သိရပါတယ်။

ေဆးယဥ္ပါး တီဘီေရာဂါေၾကာင့္ အႏုပညာအလုပ္ေတြ မလုပ္ႏိုင္ေတာ့တဲ့ လူၾကမ္းသ႐ုပ္ေဆာင္ ဖုန္းႏိုင္

တစ္ေခတ္တစ္ခါက အက္ရွင္ဇာတ္ကားေတြရဲ႕ မင္းသားနဲ႔ ဖိုက္တင္အျပန္အလွန္ခ်ရတဲ့ ဇာတ္ဝင္ခန္းေတြမွာ အၿမဲလိုလိုေတြ႕ရတတ္တာကေတာ့ လူၾကမ္းသ႐ုပ္ေဆာင္ေတြပဲ ျဖစ္ပါတယ္။

သူတို႔ကေတာ့ အႏုပညာေၾကးမ်ားမ်ားစားစားမရေပမယ့္ ဖိုက္တင္ထိုးေနရၿပီး အႏုပညာလုပ္ငန္းေတြကို လုပ္ေနရရင္ ေပ်ာ္ေနၾကသူေတြပါ။

႐ုပ္ရွင္တစ္ကားျဖစ္ေျမာက္ဖို႔အတြက္ လူၾကမ္းေတြ၊စက္အဖြဲ႕ေတြရယ္၊ကင္မရာမန္းေတြ အားလုံးကေနာက္ကြယ္ကေန တတ္ညီလက္ညီ ႀကိဳးစားမွသာ ပရိသတ္ေတြၾကည့္ရက်ိဳးနပ္တဲ့ ဇာတ္ကားေကာင္းတစ္ကား ျဖစ္လာမွာပါပဲ။

ျမန္မာႏိုင္ငံႏိုင္ငံရဲ႕ လက္ရွိႏိုင္ငံေရးအေျခအေနေတြေၾကာင့္ အႏုပညာရွင္ေတြအားလုံးဟာ အလုပ္အကိုင္အခြင့္အလမ္းနည္းပါးေနၿပီး အခ်ိဳ႕အႏုပညာရွင္ေတြဆိုရင္ ကင္မရာေရွ႕က ေပ်ာက္ကြယ္ေနၿပီး အႏုပညာကို ရပ္နားထားတဲ့အထိ ျဖစ္ပါတယ္။

ဒါေၾကာင့္လဲ အႏုပညာအလုပ္နဲ႔ပဲ အသက္ေမြးတတ္ၿပီး ေငြေၾကးမခ်မ္းသာတဲ့ ဇာတ္ပို႔၊ဇာတ္ရန္ အႏုပညာရွင္ေတြအားလုံး ဒုကၡေရာက္ၾကရပါတယ္။

လူၾကမ္းသ႐ုပ္ေဆာင္ ဖုန္းႏိုင္ ဟာ ေဆးယဥ္ပါးတီဘီေရာဂါကို ခံစားေနရတာေၾကာင့္ အႏုပညာအလုပ္ေတြမလုပ္ေတာ့တာ ၂ႏွစ္ေက်ာ္ခဲ့ပါၿပီ။ ေရာဂါအေၾကာင့္နဲ႔ပတ္သက္ၿပီး

“ေနမေကာင္းျဖစ္ၿပီး ေသြးအန္ေတာ့ ေဆး႐ုံသြားျပတဲ့ အခ်ိန္မွာ ေဆးယဥ္ပါး တီဘီေရာဂါ ျဖစ္ေနတယ္လို႔ သိလိုက္ရတယ္။ ေရာဂါေၾကာင့္ ေျခ၊ လက္ေတြ ေကာက္ေကြးၿပီး အေၾကာေတြ ဆိုင္းကုန္ေတာ့ အႏုပညာ အလုပ္ မလုပ္ႏိုင္ေတာ့ဘူး။

မင္းသား၊ မင္းသမီးေတြေလာက္ အႏုပညာေၾကး မရေတာ့ အႏုပညာ သက္တမ္း အႏွစ္ (၃၀) ေလာက္ ရွိခဲ့ေပမယ့္ စုေဆာင္းမိတာမ်ိဳး မရွိခဲ့ဘူး”လို႔ MC ရဲ႕အင္တာဗ်ဴးတစ္ခုမွာ ေျဖဆိုထားပါတယ္။

လူၾကမ္းသ႐ုပ္ေဆာင္ ဖုန္းႏိုင္ ဟာ အသက္ ၅၅ ႏွစ္ရွိၿပီျဖစ္ၿပီး အႏုပညာအလုပ္ကို ႏွစ္၃၀ဆယ္နီးပါး လုပ္ကိုင္ၿပီးေနာက္ ေဆးယဥ္ပါးတီဘီေရာဂါေၾကာင့္ အႏုပညာအလုပ္ေတြ ရပ္နားခဲ့ရတာပါ။

သားသမီးအေနနဲ႔ကေတာ့ သားတစ္ေယာက္၊သမီးတစ္ေယာက္ရွိၿပီး မိန္းမျဖစ္သူကေတာ့ စက္ခ်ဳပ္တဲ့အလုပ္ကို လုပ္ကိုင္ပါတယ္။

ေရာဂါေၾကာင့္ ေျခ၊လက္ အေၾကာေတြေကာက္ေကြးကုန္တာေၾကာင့္ အႏုပညာအေနနဲ႔ကေတာ့ လုပ္ျဖစ္ဖို႔မရွိေတာ့ပါဘူး။

လူၾကမ္းဖုန္းႏိုင္ ရဲ႕ ေဆးယဥ္ပါးတီဘီကေတာ့ ႏွစ္ရွည္ေဆးစြဲေသာက္ရင္ ေပ်ာက္ကင္းႏိုင္ပါေသးတယ္လို႔ သိရပါတယ္။