Cele News

ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကနေ နိုင်ငံခြားရောက်ရှိသွားတဲ့ ဒါရိုက်တာ ကိုပေါက်

ပရိသတ်ကြီးရေ ဒါရိုက်တာ ကိုပေါက် ကတော့ ပရိသတ်တွေနဲ့မစိမ်းတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။

လူတိုင်းကချစ်ခင်ကြရတဲ့ ကိုပေါက်ကြီးကတော့ ဇာတ်ကားတွေမှာ ကျရာဇာတ်ရုပ်ကို အကောင်းဆုံး အပိုင်နိုင်ဆုံး သရုပ်ဆောင်နိုင်တဲ့အပြင်

ဇာတ်ကားတွေကိုလဲ ဖန်တီးရိုက်ကူးနိုင်တဲ့ ဒါရိုက်တာ တစ်ဦးလဲဖြစ်တာကြောင့် ပရိသတ်ချစ်ခင်အားပေးမှု့များစွာကို ရရှိထားသူကြီးတစ်ဦးလဲဖြစ်ပါတယ်နော်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သတ်ပြီး အမှန်တရားကိုချစ်မြတ်နိုးသူပီပီ ပြည်သူတွေဘက်နေ ပြတ်ပြတ်သားသားရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ဦးလဲဖြစ်ပါတယ်။

ဒီလိုစိတ်ဓာတ်ပြတ်သားတဲ့ ကိုပေါက်ကိုတော့ ပြည်သူတွေအားလုံးက ပိုမိုချစ်ခင်ကြရပြန်ပါတယ်။

ဒါရိုက်တာ ကိုပေါက် ဟာပုဒ်မ ၅၀၅ က နဲ့တရားစွဲဆိုခံထားရတာကြောင့် မိသားစုနဲ့ခွဲခွာပြီးတော့ ခက်ခဲကြမ်းတမ်းတဲ့လွတ်မြောက်နယ်မြေကို ရောက်ရှိနေတာပဲဖြစ်ပါတယ်။

လွတ်မြောက်နယ်မြေကိုရောက်ရှိနေတဲ့ ကိုပေါက် က ကျရာတာဝန်ကို အကောင်းဆုံးထမ်းဆောင်နေပြီး ရံဖန်ရံခါ အတူနေရဲဘော်တွေအတွက် ဟင်းချက်ကျွေးတတ်ပါသေးတယ်နော်။

အနုပညာကိုဘက်စုံတော်တဲ့ ကိုပေါက် ဟာ အမှန်တရားဘက်တော်သား ညီအစ်ကိုတွေအတွက် ပုံတူပန်းချီလေးတွေကိုလဲဆွဲပေးတတ်ပြီးတော့ နိုင်ငံရေးသီချင်းလေးတွေကိုလဲ ရေးစပ်ပေးတတ်ပါသေးတယ်။

မကြာသေးခင်ကမှ CDM စစ်ဗိုလ်တစ်ဦးရဲ့ ဖြစ်ရပ်မှန်ဇာတ်ကားကို ရိုက်ကူးခဲ့ပြီး မြန်မာပြည်က ပရိသတ်တွေအပြင် ကမ္ဘာအရပ်ရပ်က ပရိသတ်တွေကပါ တစ်ခဲနက်အားပေးခံခဲ့ရပါတယ်။

ဒါကြောင့် နိုင်ငံရပ်ခြားက ပရိသတ်တွေက အမှတ်တရအနေနဲ့ ဒါရိုက်တာ ကိုပေါက် ရဲ့ ပုံတူရုပ်ပုံချပ်တစ်ခုနဲ့အတူ ဓာတ်ပုံရိုက်ကူးခဲ့ကြပါတယ်။

ဒါရိုက်တာ ကိုပေါက် ဟာ “နိုင်ငံခြားရောက် ကိုပေါက်” လို့ အရွှန်းဖောက်ပြီး ဓာတ်ပုံလေးနဲ့အတူ တွဲတင်ထားတာကို တွေ့ရပါတယ်။











