ဇာတ်ပို့သရုပ်ဆောင်တွေနဲ့ အဓိကဇာတ်ဆောင် မင်းသား၊မင်းသမီးတွေဟာ ညီအစ်ကိုမောင်နှမတွေလိုပါပဲ။
ဇာတ်ကားတွေကို ပျော်ပျော်ပါးပါး ရိုက်ကူးခဲ့ကြပြီး အိမ်ကမိသားစုတွေထပ်တောင် တွေ့ဆုံရချိန်တွေ ပိုများတာကြောင့် သွေးမတော်သားမစပ်ပေမယ့် ဆွေမျိုးတွေလိုပဲ ဖြစ်နေကြပါပြီ။
တခေတ်တစ်ခါတုန်းကတည်းက ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ဇာတ်ပို့ဇာတ်ရန်အဖြစ်ပါဝင်သရုပ်ဆောင်ရင်း လူသိများသတိထားမိလာသူလေးကတော့ ဇာတ်ပို့သရုပ်ဆောင် မျိုးမျိုးခိုင် ပဲဖြစ်ပါတယ်။
သူမကတော့ ဟာသဇာတ်ကားတွေမှာပဲဖြစ်ဖြစ် အကြမ်းအနုအစုံ ကာရိုက်တာပေါင်းစုံကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်တဲ့ ဝါရင့်ဇာတ်ပို့သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။
မော့စ်၊မိုးဒီ နဲ့ ဟာသသရုပ်ဆောင်များစွာပါဝင်တဲ့ ဘိုချည်ပေါင် ဆိုတဲ့ ဇာတ်ကားလေးထဲမှာ မင်းသမီးဖြစ်ချင်လို့ ကြိုးစားနေတဲ့ ဆယ်ကျော်သက်လေးအဖြစ် ပီပီပြင်ပြင်သရုပ်ဆောင်ထားတာကြောင့် အားလုံးကနှစ်သက်ခဲ့ကြရပါတယ်။
ဇာတ်ပို့သရုပ်ဆောင် မျိုးမျိုးခိုင် ဟာ တိလေးတွေကို ချစ်မြတ်နိုးတတ်ပြီး ကြင်နာတတ်တဲ့ အနုပညာရှင်တစ်ဦးလဲ ဖြစ်ပါတယ်။
ဒါကြောင့်လဲ လမ်းဘေးက ပိုင်ရှင်မဲ့ခွေးလေးတွေအပြင် ခွေးဂေဟာမှာရှိတဲ့ခွေးလေးတွေကို အလှူရှင်တွေကိုယ်စားသွားရောက်ပြီး လှူဒါန်းပေးတတ်ပါသေးတယ်။
ဇာတ်ပို့သရုပ်ဆောင် မျိုးမျိုးခိုင် ကတော့ ချစ်ဖို့ကောင်းတဲ့ သူမရဲ့ ငယ်ဘဝဓာတ်ပုံလေးတွေကို အခုလိုပဲ ထုတ်ပြလာခဲ့ပါတယ်။
ကဲ…ပရိသတ်ကြီးရေ မျိုးမျိုးခိုင် ရဲ့ငယ်ဘဝက ဓာတ်ပုံလေးတွေကို ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။
အချိန်ပေးပြီး ဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်၊သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ။
ဘယ်သူမှသတိမထားမိတဲ့ ဇာတ်ပို့သရုပ်ဆောင် မျိုးမျိုးခိုင် ရဲ့ ချစ်ဖို့ကောင်းတဲ့ ငယ်ဘဝဓာတ်ပုံလေးများ