Cele News

၅၀၅(က)ကို ရုတ်သိမ်းပေးထားပေမယ့် ခိုင်မာတဲ့ယုံကြည်ချက်နဲ့ အမှန်တရားဘက်မှာ ရပ်တည်နေဆဲဖြစ်တဲ့ ဖြူဖြူကျော်သိန်း

ပရိသတ်ကြီးရေ ‌အဆိုတော် ဖြူဖြူကျော်သိန်း‌ ကတော့ အသံပါဝါကောင်းကောင်းကို ပိုင်ဆိုင်ထားပြီးတော့

သီချင်းကောင်းများစွာကို သီဆိုထားတဲ့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှု့ကို ရရှိထားပိုင်ဆိုင်ထားတဲ့ အဆိုတော်တစ်လက်လဲဖြစ်ပါတယ်။

ဒါအပြင် ဒီမိုကရေစီတိုက်ပွဲမှာ ပြည်သူတွေနဲ့အတူတူ အမှန်တရားဘက်ကရပ်တည်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ နဲ့ တရားစွဲဆိုခံထားရတာကြောင့် လက်ရှိမှာ ဘေးလွတ်ရာကိုတိမ်းရှောင်ခဲ့ရပါတယ်။

တိမ်းရှောင်နေတဲ့ကာလအတွင်းမှာ ပိုင်ဆိုင်မှု့တွေကို ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေလက်ထဲ အပ်နှံခဲ့ပေမယ့် ယုံကြည်မှု့ကိုဖောက်ဖျက်ခဲ့ပါတယ်။

အဆိုတော် ဖြူဖြူကျော်သိန်း ဟာ ဖေဖော်ဝါရီလမှစပြီး လက်ရှိအချိန်ထိ အနုပညာလှုပ်ရှားတွေ လုံးဝမရှိပါဘူး။

ချစ်တဲ့ပရိသတ်တွေ အလွမ်းပြေစေဖို့အတွက် ရံဖန်ရံခါ လူမှု့ကွန်ယက်ပေါ်မှာ ဓာတ်ပုံလေးနဲ့နှုတ်ဆက်ပြီး နေကောင်းကျန်းမာကြောင်း ပြသလေ့ရှိပါတယ်။

အဆိုတော် ဖြူဖြူကျော်သိန်း ကိုတော့ တရားစွဲဆိုထားတဲ့ ပုဒ်မ ၅၀၅ ကနေ တရားဝင်ရုတ်သိမ်းပေးခဲ့ပေမယ့် အနုပညာအလုပ်တွေကို လုံးဝပြန်မလုပ်တာကို တွေ့ရပါတယ်။

ပရိသတ်ကြီးရေ အဆိုတော် ဖြူဖြူကျော်သိန်း ရဲ့ ပြတ်သားလွန်းတဲ့ စိတ်ဓာတ်အတွက် ချီးကျူးစကားတွေ ပြောပေးခဲ့ပါအုန်းနော်။







