ပရိသတ်ကြီးရေ…တစ်ခေတ်တစ်ခါက နာမည်ကြီးလူကြိုက်များခဲ့တဲ့ သရုပ်ဆောင် မော်ဒယ်မင်းသမီး ရတနာခင် ဆိုရင် လူတိုင်းသိကြမယ်ထင်ပါတယ်။
ချစ်ဖို့ကောင်းတဲ့မျက်နှာသွင်ပြင်ရှိပြီးတော့ ရုပ်ရှင်ဇာတ်ကားတိုင်းမှာလည်း ပီပီပြင်ပြင် သရူပ်ဆောင်နိုင်တာကြောင့် ပရိသတ်အခိုင်အမာရရှိထားသူတစ်ဦးလည်းဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ရုပ်ရှင်ဇာတ်ကားတွေ ဆက်လက်ရိုက်ကူးခြင်းမရှိတော့ပေမယ့် အောင်မြင်တဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ ကံကောင်းသူလေးတစ်ဦးဖြစ်ပါတယ်။
ရတနာခင် ဟာအလှူရေစက်လက်နဲ့မကွာလှူဒါန်းလေ့ရှိတဲ့ မင်းသမီးလေးတစ်ဦးဖြစ်ပါတယ်။ သူမဟာအရမ်းကို ချောမောတဲ့ သားသုံးယောက်ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။
အသားကြီးဆုံးလေးဖြစ်တဲ့ ဇွဲဦးထက် က ယခုဆိုရင် လူပျိုပေါက်အရွယ်ကိုတောင်ရောက်နေပြီဖြစ်ပြီး ချောမောလွန်းတာကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားသူလေးပါ။
အနုပညာလှုပ်ရှားမူ့တွေမရှိတော့တဲ့ သူမကတော့ မိသားစုနဲ့အတူ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ ဘဝလေးကို ရရှိနေတာလဲ ဖြစ်ပါတယ်။
ဒီကနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့ကတော့ သရုပ်ဆောင် ရတနာခင် တို့ ဇနီးမောင်နှံရဲ့ မင်္ဂလာသက်တမ်း ၁၇ နှစ်ပြည့်တဲ့နေ့လေးပဲ ဖြစ်ပါတယ်။
၁၇ နှစ်ပြည့်တဲ့နေ့ အထိမ်းအမှတ်အနေနဲ့ ရတနာခင် ကတော့ “Happy 17 years Anniversary ပါယောက်ျားရေ ဆုတွေအများကြီးမတောင်းချင်တော့ပါဘူး
အမြန်ဆုံးနေကောင်းကျန်းမာပြီး မိသားစုနဲ့အတူတူပြန်ဆုံနိုင်ပါစေ ” လို့ သူမရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။
မင်္ဂလာနှစ်ပတ်လည်နေ့မှာ ကျန်းမာရေးမကောင်းတဲ့ ခင်ပွန်းဖြစ်သူအတွက် ဆုတောင်းပေးခဲ့တဲ့ သရုပ်ဆောင် ရတနာခင်