အထိုးအကြိတ်ပိုင်နိုင်လွန်းပြီး ဖိုက်တင်အက်ရှင် ဇာတ်ကားတွေထဲမှာ အမြဲတမ်းလိုလို တွေ့ရတတ်တဲ့ လူကြမ်းသရုပ်ဆောင် မင်းမင်း ကိုတော့ အားလုံးပဲမှတ်မိကြမယ်ထင်ပါတယ်။
မင်းမင်း ရဲ့ သမီးအလတ်လေးဖြစ်တဲ့ ဇင်စန္ဒာထွန်းက ဖခင်ရဲ့ အနုပညာအမွေကို ဆက်ခံရန် အနုပညာလမ်းကြောင်းကို စတင်လျှောက်လှမ်းနေပါပြီ။
မင်းမင်း ဟာ မပြည့်စုံပေမယ့်လည်း သမီးလေးရဲ့ အနုပညာ လမ်းကြောင်းကို အပြည့်အဝ ထောက်ပံ့ပေးနိုင်ဖို့ အမြဲတမ်းကြိုးစားနေခဲ့တာပဲ ဖြစ်ပါတယ်။
အနုပညာလောကမှ မင်းသားတစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ထိုက်စံမော့စ် ကလဲ လက်တွဲခေါ်ယူပေးပြီး ဖခင်ကလဲ အနုပညာနဲ့ပတ်သက်တာတွေကို အမြဲတမ်းသင်ပေးနေတာပါ။
လူရွှင်တော်ကြီး မော့စ် ရဲ့သားဖြစ်သူ ထိုက်စံမော့စ် ကတော့ ဂမ္ဘီရငတေနဲ့မိန်းမလှဖုတ်ကောင် ဆိုတဲ့ ဇာတ်ကားမှာ ဇင်စန္ဒာထွန်း ကို ခေါင်းဆောင်မင်းသမီးအဖြစ် ကမ်းလှမ်းလိုက်ပါတယ်။
ဒီဇာတ်ကားမှာ မျက်နှာသစ်တွေအနေနဲ့ မင်းသားသစ် ခေါင်လင်းနဲ့ မင်းသမီး ကတော့ ဇင်စန္ဒာထွန်းပဲ ဖြစ်ပါတယ်။
မှုခင်းအရှုပ်အရှင်းတွေကို ဖြေရှင်းရတဲ့ကားလေးဖြစ်ပြီး ရင်သတ်ရှုမောစရာဇာတ်ဝင်ခန်းတွေနဲ့ ပရိသတ်စိတ်ဝင်စားမှု့ရရှိအောင် ကြိုးစားရိုက်ကူးနေတယ်လို့ သိရပါတယ်။
ဖခင်ဖြစ်သူရဲ့အိမ်ထောင်ဦးစီးတာဝန်တွေကို ပခုံးပြောင်း၍ တာဝန်ယူလုပ်ကျွေးချင်တဲ့ သမီးအလိမ္မာလေးဇင်စန္ဒာထွန်း အနုပညာလမ်းကြောင်းမှာ အောင်မြင်တဲ့မင်းသမီးတစ်လက်ဖြစ်ပါစေ။
ချစ်တဲ့ပရိသတ်ကြီးကလဲ သူမရဲ့ပထမဆုံးဇာတ်ကားလေးတွေ ထွက်ရှိလာရင် အားပေးဖို့မမေ့ကြနဲ့အုန်းနော်။
လူၾကမ္းသ႐ုပ္ေဆာင္မင္းမင္း ရဲ႕သမီးေလး ဇင္စႏၵာထြန္း ကိုေခါင္းေဆာင္မင္းသမီး တင္႐ိုက္ေတာ့မယ့္ မင္းသား ထိုက္စံေမာ့စ္
အထိုးအႀကိတ္ပိုင္ႏိုင္လြန္းၿပီး ဖိုက္တင္အက္ရွင္ ဇာတ္ကားေတြထဲမွာ အၿမဲတမ္းလိုလို ေတြ႕ရတတ္တဲ့ လူၾကမ္းသ႐ုပ္ေဆာင္ မင္းမင္း ကိုေတာ့ အားလုံးပဲမွတ္မိၾကမယ္ထင္ပါတယ္။
မင္းမင္း ရဲ႕ သမီးအလတ္ေလးျဖစ္တဲ့ ဇင္စႏၵာထြန္းက ဖခင္ရဲ႕ အႏုပညာအေမြကို ဆက္ခံရန္ အႏုပညာလမ္းေၾကာင္းကို စတင္ေလွ်ာက္လွမ္းေနပါၿပီ။
မင္းမင္း ဟာ မျပည့္စုံေပမယ့္လည္း သမီးေလးရဲ႕ အႏုပညာ လမ္းေၾကာင္းကို အျပည့္အဝ ေထာက္ပံ့ေပးႏိုင္ဖို႔ အၿမဲတမ္းႀကိဳးစားေနခဲ့တာပဲ ျဖစ္ပါတယ္။
အႏုပညာေလာကမွ မင္းသားတစ္ဦးျဖစ္တဲ့ သ႐ုပ္ေဆာင္ ထိုက္စံေမာ့စ္ ကလဲ လက္တြဲေခၚယူေပးၿပီး ဖခင္ကလဲ အႏုပညာနဲ႔ပတ္သက္တာေတြကို အၿမဲတမ္းသင္ေပးေနတာပါ။
လူ႐ႊင္ေတာ္ႀကီး ေမာ့စ္ ရဲ႕သားျဖစ္သူ ထိုက္စံေမာ့စ္ ကေတာ့ ဂမၻီရငေတနဲ႔မိန္းမလွဖုတ္ေကာင္ ဆိုတဲ့ ဇာတ္ကားမွာ ဇင္စႏၵာထြန္း ကို ေခါင္းေဆာင္မင္းသမီးအျဖစ္ ကမ္းလွမ္းလိုက္ပါတယ္။
ဒီဇာတ္ကားမွာ မ်က္ႏွာသစ္ေတြအေနနဲ႔ မင္းသားသစ္ ေခါင္လင္းနဲ႔ မင္းသမီး ကေတာ့ ဇင္စႏၵာထြန္းပဲ ျဖစ္ပါတယ္။
မႈခင္းအရႈပ္အရွင္းေတြကို ေျဖရွင္းရတဲ့ကားေလးျဖစ္ၿပီး ရင္သတ္ရႈေမာစရာဇာတ္ဝင္ခန္းေတြနဲ႔ ပရိသတ္စိတ္ဝင္စားမႈ႕ရရွိေအာင္ ႀကိဳးစား႐ိုက္ကူးေနတယ္လို႔ သိရပါတယ္။
ဖခင္ျဖစ္သူရဲ႕အိမ္ေထာင္ဦးစီးတာဝန္ေတြကို ပခုံးေျပာင္း၍ တာဝန္ယူလုပ္ေကြၽးခ်င္တဲ့ သမီးအလိမၼာေလးဇင္စႏၵာထြန္း အႏုပညာလမ္းေၾကာင္းမွာ ေအာင္ျမင္တဲ့မင္းသမီးတစ္လက္ျဖစ္ပါေစ။
ခ်စ္တဲ့ပရိသတ္ႀကီးကလဲ သူမရဲ႕ပထမဆုံးဇာတ္ကားေလးေတြ ထြက္ရွိလာရင္ အားေပးဖို႔မေမ့ၾကနဲ႔အုန္းေနာ္။