ပရိသတ်ကြီးရေ နာမည်ကြီး ရော့ခ်အဆိုတော်တစ်ဦးဖြစ်တဲ့ ရေမွန်(တွတ်ပီ) ကတော့ အမှန်တရားအတွက် တိုက်ပွဲဝင်ရင်း တောတွင်းတစ်နေရာမှာ အစာအိမ်သွေးကြောပေါက်ရောဂါနဲ့ ကွယ်လွန်ခဲ့တာပဲ ဖြစ်ပါတယ်။
ရေမွန် ကွယ်လွန်သွားခဲ့တာဆိုရင်တော့ တစ်နှစ်နီးပါးကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် မိခင်ဖြစ်သူနဲ့ ပရိသတ်တွေကတော့ ယနေ့အထိလွမ်းဆွတ်တမ်းတ အောက်မေ့သတိရနေဆဲပဲဖြစ်ပါတယ်။
ဒီကနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့ကတော့ အားလုံးကချစ်ရတဲ့ ရော့ခ်အဆိုတော် ရေမွန် ရဲ့ ၃၄ နှစ်ပြည့်မွေးနေ့ပဲ ဖြစ်ပါတယ်။
မိခင် ဒေါ်ခင်မြတ်မွန် ဟာ ရေမွန် ရဲ့မွေးနေ့မှာ ဖခင်နဲ့ပတ်သက်ပြီး နာကျင်ဖွယ်ရာအမှတ်တရတွေကို အခုလိုပဲပြောပြလာခဲ့ပါတယ်။
” ဒီနှစ်ကတော့….. မွေးနေ့+မွေးရက်(26.11.22 Saturday) တိုက်ဆိုင်စွာ ထူးထူးခြားခြားထပ်တူကျတဲ့ နေ့လေးပါ.. သူသာရှိနေရင် အတော်လေးပျော်ဖို့ကောင်း မှာဘဲ သူ့အတွက် နောက်ဆုံးကျင်းပခဲ့ရတဲ့ မွေးနေ့ဟာ (26.11.20) ပါ ခု. . .
သူမရှိတော့တဲ့ သူ့မွေးနေ့ဟာ(၂)ကြိမ်တိုင်ခဲ့ ပါပြီ မွေးနေ့ရှင်မရှိတော့လို့ မကျင်းပနိုင်တော့တဲ့ မွေးနေ့ပွဲတွေအတွက် အမှတ်တယပုံတွေလဲ ဘယ်တော့မှမရိုက်နိုင်၊ထွက်မလာနိုင်တော့လို့(2020) နှစ်(နောက်ဆုံးမွေးနေ့)
ပုံလေးတွေဘဲ အလွမ်းပြေ တင်လိုက်နိုင်တော့တယ် သူ့ရဲ့တစ်နှစ်ပြည့်မွေးနေ့ဖိတ်စာလေးသိမ်းထားတာ ခုထိရှိသေးလို့ အမှတ်တယတင်လိုက်ပါတယ်
(အဲ့ဒီမွေးနေ့ပွဲအချိန်တုန်းကသူ့အဖေအတူရှိပါသေးတယ်၊နှစ်နှစ်ပြည့်ကစပြီး သူ့မွေးနေ့တိုင်း အမေတစ်ယောက်ထဲ ဘဲသူ့အနားမှာရှိခဲ့တာ ခုချိန်ထိပါ)
တွတ်ပီအသက်(၃)လပြည့်၊ဗန္ဓုလပန်းခြံမှာ ဓါတ်ပုံရိုက်တော့ သူ့အဖေက သူ့ကိုချီမြှောက်ထားရလို့ သူ့အဖေ ရဲ့ရှပ်အင်္ကျီဖြူဝတ်ထားတဲ့ လက်မောင်းဘဲပါလာလို့ အဲ့တုန်းက ရီခဲ့ကြသေးတယ် သူ့အဖေနဲ့အတူတွဲရိုက်ဖူးတာ အဲ့တစ်ပုံပါဘဲ
နောက်ထပ်ရိုက်ဖို့ အခွင့်အရေး မရခဲ့ဘူး သူ့အသက်တစ်နှစ်ကျော်မှာ စွန့်ပစ်သွားခဲ့တာ သူဆုံးပါးချိန်ထိပါ..စိတ်ထိခိုက်ဝမ်းနည်း၊နာကျင်ရတဲ့ကြားကဘဲမွေးနေ့မွေးရက်ထပ်တူကျလို့နှုတ်ဆက်လိုက်ပါတယ်
HAPPY BIRTHDAY …ပါ တွတ်ပီလေးရေ..(အမေကတော့ ငိုနေရပြန်ပြီ). . .” လို့ ရေမွန် ရဲ့မိခင်ဖြစ်သူ ခင်မြတ်မွန် ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ဝမ်းနည်းစွာနဲ့ ရေးသားထားတာကို တွေ့ရပါတယ်။
ပရိသတ်ကြီးရေ ဒီကနေ့ကတော့ အားလုံးကချစ်ရတဲ့ အဆိုတော်ရေမွန် ရဲ့ လွမ်းမောဖွယ်ရာ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ မွေးနေ့ရှင် ရေမွန် ကိုတော့ အားလုံးကအခုချိန်ထိ အောက်မေ့တမ်းတနေဆဲပါပဲနော်။ ဟက်ပီးဗက်ဒေးပါ ကိုတွတ်ရေ….။
ေရမြန္ရဲ႕ေမြးေန႔မွာ ဖခင္နဲ႔ပတ္သက္ၿပီး နာက်င္ဖြယ္ရာအမွတ္တရေတြကို ေျပာျပလိုက္တဲ့ မိခင္ ေဒၚခင္ျမတ္မြန္
ပရိသတ္ႀကီးေရ နာမည္ႀကီး ေရာ့ခ္အဆိုေတာ္တစ္ဦးျဖစ္တဲ့ ေရမြန္(တြတ္ပီ) ကေတာ့ အမွန္တရားအတြက္ တိုက္ပြဲဝင္ရင္း ေတာတြင္းတစ္ေနရာမွာ အစာအိမ္ေသြးေၾကာေပါက္ေရာဂါနဲ႔ ကြယ္လြန္ခဲ့တာပဲ ျဖစ္ပါတယ္။
ေရမြန္ ကြယ္လြန္သြားခဲ့တာဆိုရင္ေတာ့ တစ္ႏွစ္နီးပါးၾကာျမင့္ခဲ့ၿပီျဖစ္ေပမယ့္ မိခင္ျဖစ္သူနဲ႔ ပရိသတ္ေတြကေတာ့ ယေန႔အထိလြမ္းဆြတ္တမ္းတ ေအာက္ေမ့သတိရေနဆဲပဲျဖစ္ပါတယ္။
ဒီကေန႔ ႏိုဝင္ဘာလ ၂၆ ရက္ေန႔ကေတာ့ အားလုံးကခ်စ္ရတဲ့ ေရာ့ခ္အဆိုေတာ္ ေရမြန္ ရဲ႕ ၃၄ ႏွစ္ျပည့္ေမြးေန႔ပဲ ျဖစ္ပါတယ္။
မိခင္ ေဒၚခင္ျမတ္မြန္ ဟာ ေရမြန္ ရဲ႕ေမြးေန႔မွာ ဖခင္နဲ႔ပတ္သက္ၿပီး နာက်င္ဖြယ္ရာအမွတ္တရေတြကို အခုလိုပဲေျပာျပလာခဲ့ပါတယ္။
” ဒီႏွစ္ကေတာ့….. ေမြးေန႔+ေမြးရက္(26.11.22 Saturday) တိုက္ဆိုင္စြာ ထူးထူးျခားျခားထပ္တူက်တဲ့ ေန႔ေလးပါ.. သူသာရွိေနရင္ အေတာ္ေလးေပ်ာ္ဖို႔ေကာင္း မွာဘဲ သူ႔အတြက္ ေနာက္ဆုံးက်င္းပခဲ့ရတဲ့ ေမြးေန႔ဟာ (26.11.20) ပါ ခု. . .
သူမရွိေတာ့တဲ့ သူ႔ေမြးေန႔ဟာ(၂)ႀကိမ္တိုင္ခဲ့ ပါၿပီ ေမြးေန႔ရွင္မရွိေတာ့လို႔ မက်င္းပႏိုင္ေတာ့တဲ့ ေမြးေန႔ပြဲေတြအတြက္ အမွတ္တယပုံေတြလဲ ဘယ္ေတာ့မွမ႐ိုက္ႏိုင္၊ထြက္မလာႏိုင္ေတာ့လို႔(2020) ႏွစ္(ေနာက္ဆုံးေမြးေန႔)
ပုံေလးေတြဘဲ အလြမ္းေျပ တင္လိုက္ႏိုင္ေတာ့တယ္ သူ႔ရဲ႕တစ္ႏွစ္ျပည့္ေမြးေန႔ဖိတ္စာေလးသိမ္းထားတာ ခုထိရွိေသးလို႔ အမွတ္တယတင္လိုက္ပါတယ္
(အဲ့ဒီေမြးေန႔ပြဲအခ်ိန္တုန္းကသူ႔အေဖအတူရွိပါေသးတယ္၊ႏွစ္ႏွစ္ျပည့္ကစၿပီး သူ႔ေမြးေန႔တိုင္း အေမတစ္ေယာက္ထဲ ဘဲသူ႔အနားမွာရွိခဲ့တာ ခုခ်ိန္ထိပါ)
တြတ္ပီအသက္(၃)လျပည့္၊ဗႏၶဳလပန္းၿခံမွာ ဓါတ္ပုံ႐ိုက္ေတာ့ သူ႔အေဖက သူ႔ကိုခ်ီေျမႇာက္ထားရလို႔ သူ႔အေဖ ရဲ႕ရွပ္အက်ႌျဖဴဝတ္ထားတဲ့ လက္ေမာင္းဘဲပါလာလို႔ အဲ့တုန္းက ရီခဲ့ၾကေသးတယ္ သူ႔အေဖနဲ႔အတူတြဲ႐ိုက္ဖူးတာ အဲ့တစ္ပုံပါဘဲ
ေနာက္ထပ္႐ိုက္ဖို႔ အခြင့္အေရး မရခဲ့ဘူး သူ႔အသက္တစ္ႏွစ္ေက်ာ္မွာ စြန႔္ပစ္သြားခဲ့တာ သူဆုံးပါးခ်ိန္ထိပါ..စိတ္ထိခိုက္ဝမ္းနည္း၊နာက်င္ရတဲ့ၾကားကဘဲေမြးေန႔ေမြးရက္ထပ္တူက်လို႔ႏႈတ္ဆက္လိုက္ပါတယ္
HAPPY BIRTHDAY …ပါ တြတ္ပီေလးေရ..(အေမကေတာ့ ငိုေနရျပန္ၿပီ). . .” လို႔ ေရမြန္ ရဲ႕မိခင္ျဖစ္သူ ခင္ျမတ္မြန္ ရဲ႕လူမႈ႕ကြန္ယက္ေပၚမွာ ဝမ္းနည္းစြာနဲ႔ ေရးသားထားတာကို ေတြ႕ရပါတယ္။
ပရိသတ္ႀကီးေရ ဒီကေန႔ကေတာ့ အားလုံးကခ်စ္ရတဲ့ အဆိုေတာ္ေရမြန္ ရဲ႕ လြမ္းေမာဖြယ္ရာ ေမြးေန႔ေလးပဲ ျဖစ္ပါတယ္။ ေမြးေန႔ရွင္ ေရမြန္ ကိုေတာ့ အားလုံးကအခုခ်ိန္ထိ ေအာက္ေမ့တမ္းတေနဆဲပါပဲေနာ္။ ဟက္ပီးဗက္ေဒးပါ ကိုတြတ္ေရ….။