HAPPY BIRTHDAY …ပါ တွတ်ပီလေးရေ..(အမေကတော့ ငိုနေရပြန်ပြီ). . .” လို့ ရေမွန် ရဲ့မိခင်ဖြစ်သူ ခင်မြတ်မွန် ရဲ
ပရိသတ်ကြီးရေ နာမည်ကြီး ရော့ခ်အဆိုတော်တစ်ဦးဖြစ်တဲ့ ရေမွန်(တွတ်ပီ) ကတော့ အမှန်တရားအတွက် တိုက်ပွဲဝင်ရင်း တောတွင်းတစ်နေရာမှာ အစာအိမ်သွေးကြောပေါက်ရောဂါနဲ့ ကွယ်လွန်ခဲ့တာပဲ ဖြစ်ပါတယ်။
ရေမွန် ကွယ်လွန်သွားခဲ့တာဆိုရင်တော့ တစ်နှစ်နီးပါးကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် မိခင်ဖြစ်သူနဲ့ ပရိသတ်တွေကတော့ ယနေ့အထိလွမ်းဆွတ်တမ်းတ အောက်မေ့သတိရနေဆဲပဲဖြစ်ပါတယ်။
သူမရှိတော့တဲ့ သူ့မွေးနေ့ဟာ(၂)ကြိမ်တိုင်ခဲ့ ပါပြီ မွေးနေ့ရှင်မရှိတော့လို့ မကျင်းပနိုင်တော့တဲ့ မွေးနေ့ပွဲတွေအတွက် အမှတ်တယပုံတွေလဲ ဘယ်တော့မှမရိုက်နိုင်၊ထွက်မလာနိုင်တော့လို့(2020) နှစ်(နောက်ဆုံးမွေးနေ့)
ပုံလေးတွေဘဲ အလွမ်းပြေ တင်လိုက်နိုင်တော့တယ် သူ့ရဲ့တစ်နှစ်ပြည့်မွေးနေ့ဖိတ်စာလေးသိမ်းထားတာ ခုထိရှိသေးလို့ အမှတ်တယတင်လိုက်ပါတယ်
စိတ်ထိခိုက်ဝမ်းနည်း၊နာကျင်ရတဲ့ကြားကဘဲမွေးနေ့မွေးရက်ထပ်တူကျလို့နှုတ်ဆက်လိုက်ပါတယ်
HAPPY BIRTHDAY …ပါ တွတ်ပီလေးရေ..(အမေကတော့ ငိုနေရပြန်ပြီ). . .” လို့ ရေမွန် ရဲ့မိခင်ဖြစ်သူ ခင်မြတ်မွန် ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ဝမ်းနည်းစွာနဲ့ ရေးသားထားတာကို တွေ့ရပါတယ်။
ပရိသတ်ကြီးရေ ဒီကနေ့ကတော့ အားလုံးကချစ်ရတဲ့ အဆိုတော်ရေမွန် ရဲ့ လွမ်းမောဖွယ်ရာ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ မွေးနေ့ရှင် ရေမွန် ကိုတော့ အားလုံးကအခုချိန်ထိ အောက်မေ့တမ်းတနေဆဲပါပဲနော်။ ဟက်ပီးဗက်ဒေးပါ ကိုတွတ်ရေ….။