နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ အားပေးရတဲ့ မော်ဒယ် သရုပ်ဆောင် တိုင်ရွန် ကတော့ အမိုက်စား ဘော်ဒီနဲ့ ကြည့်ကောင်းပြီး ဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။
တိုင်ရွန် ဟာ ဇာတ်ကားတွေမှာ သရုပ်ဆောင်တဲ့အခါ ကာရိုက်တာအတွက် ခန္ဓာကိုယ်ပုံစံတွေကို ပြောင်းလဲအောင် လုပ်ဆောင်ကာ ပီပြင်အောင် သရုပ်ဆောင်တဲ့သူပဲဖြစ်ပါတယ်။
ဒါပြင် ယောက်ကျားလေးတိုင်း အားကျရတဲ့ ဘော်ဒီရရှိအောင်လို့လဲ စနစ်တကျလေ့ကျင့်ထားတဲ့ အနုပညာရှင်တစ်ဦးပါနော်။ တတ်တူးကိုကြိုက်နှစ်သက်တဲ့ တိုင်ရွန် ရဲ့ ခန္ဓာကိုယ်နေရာအနှံ့မှာလဲ တတ်တူးအများအပြား ရေးထိုးထားပါတယ်။
လက်ရှိ Mahar မှာထုတ်လွှင့်ပြသနေတဲ့ “သမီးဆိုး”ဇာတ်လမ်းတွဲထဲမှာ ဝါရင့်အနုပညာရှင်တွေနဲ့အပြိုင် အကောင်းဆုံးသရုပ်ဆောင်ထားတာကိုလဲ တွေ့မြင်ရအုန်းမှာပါ။
နိုဝင်ဘာလ ၂၇ ရက်နေ့မှာကျရောက်တော့မယ့် သရုပ်ဆောင် တိုင်ရွန် ရဲ့ ၂၉ နှစ်ပြည့်မွေးနေ့အလှူအဖြစ် မြောက်ဥက္ကလာပမြို့နယ်၊ ဘုမ္မာလမ်းမကြီးအတွင်း၊ ဘုမ္မာ(17)လမ်းမှတည်ရှိတဲ့ မွန်မြတ်စိတ်ထားဘိုးဘွားရိပ်သာမှာ အဘိုးအဘွားတွေကို အာဟာရဒါနတစ်ရက်စာအပြင် မုန့်၊ ဆန်၊ ဆီ၊ ဆေးဝါးတွေနဲ့အတူ ဆေးပဒေသာပင်အလှူငွေတွေကို လှူဒါန်းပေးခဲ့ပါတယ်။
ပရိသတ်ကြီးရေ မွေးနေ့အကြိုအဖြစ် လှူဒါန်းပေးခဲ့တဲ့ သရုပ်ဆောင် တိုင်ရွန် ရဲ့အလှူလေးအတွက် သာဓုလေးတွေခေါ်ဆိုခဲ့ပြီးတော့ တိုင်ရွန်အတွက် မွေးနေ့ဆုတောင်းလေးတွေကို ကောမန့်မှာ မန့်ပေးခဲ့ပါအုန်းနော်။
မွေးနေ့အကြိုအနေနဲ့ ဘိုးဘွားရိပ်သာမှာ အလှူအတန်းတွေပြုလုပ်ခဲ့တဲ့ သရုပ်ဆောင် တိုင်ရွန်