Cele News

ဖခင်ကြီးရဲ့ နောက်ဆုံးခရီးကို တည်တည်ငြိမ်ငြိမ်နဲ့ ပို့ဆောင်ပေးခဲ့တဲ့ မင်းသမီး မိုးဟေကို

မင်းသမီး မိုးဟေကို ကတော့အနုပညာလောကမှာ နေရာတစ်နေရာ ယူထားနိုင်တဲ့ နာမည်ကြီးမင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။

ယခုထက်တိုင် အောင်မြင်မှု့တွေရနေဆဲဖြစ်တဲ့ မိုးဟေကို ကတော့ မိဘတွေ အပေါ်မှာလည်း အရမ်းကို သိတတ် လိမ္မာလွန်းတဲ့ သမီးအလိမ္မာလေး တစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေက လေးစား ချစ်ခင်နေရတာပါ ။

မိုးဟေကို ရဲ့ မိခင်ကြီးဟာ ကင်ဆာရောဂါကို နှစ်အတော်ကြာခံစားနေရတာကြောင့်သူမဟာ အခုချိန်ထိ မိခင်ကြီးဘေးမှာအချိန်ပြည့်နေပြီး အစွမ်းကုန်စောင့်ရှောက်ကာ ဆေးကုသပေးခဲ့ပေမယ့် ၂၀၂၁ ဇွန်လမှာ ကွယ်လွန်သွားခဲ့တာပါ။

ဖခင်ဖြစ်သူ ဦးကျော်မင်း အသက်၇၁ နှစ် ဟာလဲ မနေ့က နိုဝင်ဘာလ ၂၈ ရက်နေ့ ၁၀ နာရီ ၁၅ မိနစ်အချိန်တွင် အာယုဆေးရုံမှာ တတ်ရောက်ကုသနေရင်း ကွယ်လွန်သွားခဲ့ပါတယ်။

မင်းသမီး မိုးဟေကို ရဲ့ ဖခင် ဦးကျော်မင်း ရဲ့ ‌နောက်ဆုံးခရီးကို ယနေ့ နိုဝင်ဘာ ၂၈ ရက် မနက် ၁၀ နာရီခန့်က ရေဝေးသုသာန်မှာ ပြုလုပ်ခဲ့ပါတယ်။ မိသားစုနဲ့ထပ်တူဝမ်းနည်းမိပါတယ်။ အန်ကယ် ဦးကျော်မင်း ကောင်းရာဘုံဘဝသို့ ရောက်ရှိပါစေ။



