Cele News

ချစ်သူဘဝကို ၁၁ နှစ်ကြာဖြတ်သန်းပြီးနောက် ရွှေလက်တွဲသွားပြီဖြစ်တဲ့ အဆိုတော် ကျော်ထွဋ်ဆွေ နဲ့ နန်းသူဇာ

ပရိသတ်ကြီးရေ Rap သီချင်းကောင်းများစွာကို အထာကျကျသီဆိုတတ်တဲ့ နာမည်ကြီး Hip Hop အဆိုတော် ကျော်ထွဋ်ဆွေ ကိုတော့ Rap Music ကိုကြိုက်နှစ်သက်ကြတဲ့ လူငယ်ပရိသတ်တိုင်း မှတ်မိကြအုန်းမယ် ထင်ပါတယ်။

အဆိုတော် ကျော်ထွဋ်ဆွေ ဟာ အဆိုတော် ဂျောက်ဂျက် နဲ့ သီချင်းကောင်းများစွာကို အတူဖန်တီးခဲ့ပြီး လူငယ်ပရိသတ်တွေကြား အတော်လေးရေပန်းစားခဲ့ပါသေးတယ်။

ဒါအပြင် ကျော်ထွဋ်ဆွေ ဟာ ရဲ့ One Way Hair Style ဆံပင်စတိုင် ဟာ ယောက်ကျားလေးပရိသတ်တွေ လိုက်ညှပ်ရတဲ့အထိ နာမည်ကြီးခဲ့ပါတယ်။

အဆိုတော် ကျော်ထွဋ်ဆွေ နဲ့ နန်းသူဇာ ဟာ ချစ်သူတွေအဖြစ် တွဲလာခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်ရှိခဲ့ပြီး အားလုံးကအားကျရတဲ့ စုံတွဲလေးတစ်တွဲ ဖြစ်ပါတယ်။

၁၁ နှစ်ကျော်တိုင်အောင် မပြောင်းလဲတဲ့ချစ်ခြင်းမေတ္တာတွေနဲ့ နားလည်မှု့ရှိတဲ့ စုံတွဲတစ်တွဲအဖြစ် ပျော်ရွှင်တဲ့ချစ်သူခရီးလမ်းကို လျှောက်လှမ်းခဲ့တာပါ။

အဆိုတော် ကျော်ထွဍ်‌ဆွေ နဲ့ နန်းသူဇာ တို့ဟာ နိုဝင်ဘာ၂၈ ရက်နေ့တွင် မိဘများရဲ့‌ရှေ့မှာပဲ နှစ်ဦးသဘောတူ မင်္ဂလာလက်မှတ်ရေးထိုးခဲ့ကြပါပြီ။

သူတို့နှစ်ဦးရဲ့ မင်္ဂလာသတင်းလေးကြောင့် ချစ်တဲ့ပရိသတ်တွေဟာလဲ အရမ်းကိုပျော်ရွှင်နေကြပြီး သက်ဆုံးတိုင်လက်တွဲသွားနိုင်စေဖို့ ဆုတောင်းပေးနေကြပါတယ်။

ကဲ….ပရိသတ်ကြီးရေ လိုက်ဖက်လွန်းတဲ့အပြင် သက်တမ်းအကြာကြီး တွဲလာခဲ့တဲ့ချစ်သူလေးနှစ်ဦးကတော့ ပေါင်းဖက်သွားခဲ့ပါပြီနော်။

အဆိုတော် ကျော်ထွဍ်‌ဆွေ နဲ့ နန်းသူဇာ တို့ရဲ့ ကြည်နူးဖွယ်ရာ ဓာတ်ပုံလေးတွေကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ၊ Cele Only စာဖတ်ပရိသတ်တွေအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။










