Cele News

နာမည်ကြီးနေတဲ့ MRTV-4 ရဲ့ဆရာဝန်ဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီး ဝေဖန်လိုက်တဲ့ ဒေါက်တာ မြဝတ်ရည်

ပရိသတ်ကြီးရေ အွန်လိုင်းပေါ်မှာနာမည်ကြီးဆယ်လီတစ်ဦးဖြစ်တဲ့ ခွဲစိတ်အထူးကု ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာ မြဝတ်ရည် ကိုတော့ လူတိုင်းသိကြလိမ့်မယ်ထင်ပါတယ်နော်။

သူမကတော့ ခွဲစိတ်ဆရာဝန်ဘဝမှာ CDM ပြုလုပ်ပြီး ပြည်သူတွေနဲ့တစ်သားထည်းရပ်တည်ရင်း စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြခဲ့သူတစ်ဦးပါ။

ဒါကြောင့် ဒေါက်တာ မြဝတ်ရည် ကို ပုဒ်မ ၅၀၅ ကနဲ့ တရားစွဲဆိုထားတာကြောင့် လွတ်မြောက်နယ်မြေတစ်နေရာမှာ ကိုယ်ဝန်ဆောင်ထားရင်းနဲ့ပဲ မိသားစုနဲ့အတူ တိမ်းရှောင်နေရပါတယ်။

သူမဟာ ဖမ်းဝရမ်းထုတ်ခံထားရလို့ ရှောင်တိမ်းရင်း လွတ်မြောက်နယ်မြေမှာပဲ ရင်သွေးငယ်လေးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ပြီး သမီးလေးကြောင့် ဓမ္မဘက်မှာပဲရပ်တည်ပြီး လိပ်ပြာသန့်သန့်နဲ့ ရှေ့ဆက်နေခဲ့တာပါ။

လက်ရှိMRTV-4 မှာ ထုတ်လွှင့်ပြသတော့မယ့် ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ “ဆရာဝန်စစ်စစ်ဖြစ်ချင်တယ်” ဆိုတဲ့ ဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီး ဝေဖန်မှု့တွေများစွာ မြင့်တတ်နေပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး CDM ဆရာမတစ်ယောက်ဖြစ်တဲ့ ဒေါက်တာ မြဝတ်ရည် က အခုလိုပဲဝေဖန်လိုက်ပါတယ်။

” ဆရာဝန်အတုတွေမို့ အစစ်ဖြစ်ချင်နေတာလား Ball မပြီး CDM ဆရာဝန်တွေကို တွယ်တဲ့ ဇာတ်လမ်းအမလေး non non တွေရဲ့ ” လို့ မြဝတ်ရည် ရဲ့ လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

ပရိသတ်ကြီးရေ မကြာခင်ပြသတော့မယ့် ဆရာဝန်ဆိုတဲ့ဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီး ‌ထင်မြင်ယူဆချက်တွေကို ကောမန့်မှာ ရေးသားသွားပေးခဲ့အုန်းနော်။

နာမည္ႀကီးေနတဲ့ MRTV-4 ရဲ႕ဆရာဝန္ဇာတ္လမ္းတြဲနဲ႔ပတ္သက္ၿပီး ေဝဖန္လိုက္တဲ့ ေဒါက္တာ ျမဝတ္ရည္

ပရိသတ္ႀကီးေရ အြန္လိုင္းေပၚမွာနာမည္ႀကီးဆယ္လီတစ္ဦးျဖစ္တဲ့ ခြဲစိတ္အထူးကု ဆရာဝန္တစ္ဦးျဖစ္တဲ့ ေဒါက္တာ ျမဝတ္ရည္ ကိုေတာ့ လူတိုင္းသိၾကလိမ့္မယ္ထင္ပါတယ္ေနာ္။

သူမကေတာ့ ခြဲစိတ္ဆရာဝန္ဘဝမွာ CDM ျပဳလုပ္ၿပီး ျပည္သူေတြနဲ႔တစ္သားထည္းရပ္တည္ရင္း စစ္ေကာင္စီကို ဆန႔္က်င္ဆႏၵျပခဲ့သူတစ္ဦးပါ။

ဒါေၾကာင့္ ေဒါက္တာ ျမဝတ္ရည္ ကို ပုဒ္မ ၅၀၅ ကနဲ႔ တရားစြဲဆိုထားတာေၾကာင့္ လြတ္ေျမာက္နယ္ေျမတစ္ေနရာမွာ ကိုယ္ဝန္ေဆာင္ထားရင္းနဲ႔ပဲ မိသားစုနဲ႔အတူ တိမ္းေရွာင္ေနရပါတယ္။

သူမဟာ ဖမ္းဝရမ္းထုတ္ခံထားရလို႔ ေရွာင္တိမ္းရင္း လြတ္ေျမာက္နယ္ေျမမွာပဲ ရင္ေသြးငယ္ေလးကို ေအာင္ျမင္စြာေမြးဖြားႏိုင္ခဲ့ၿပီး သမီးေလးေၾကာင့္ ဓမၼဘက္မွာပဲရပ္တည္ၿပီး လိပ္ျပာသန္႔သန္႔နဲ႔ ေရွ႕ဆက္ေနခဲ့တာပါ။

လက္ရွိMRTV-4 မွာ ထုတ္လႊင့္ျပသေတာ့မယ့္ ဇာတ္လမ္းတြဲတစ္ခုျဖစ္တဲ့ “ဆရာဝန္စစ္စစ္ျဖစ္ခ်င္တယ္” ဆိုတဲ့ ဇာတ္လမ္းတြဲနဲ႔ပတ္သက္ၿပီး ေဝဖန္မႈ႕ေတြမ်ားစြာ ျမင့္တတ္ေနပါတယ္။

ဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး CDM ဆရာမတစ္ေယာက္ျဖစ္တဲ့ ေဒါက္တာ ျမဝတ္ရည္ က အခုလိုပဲေဝဖန္လိုက္ပါတယ္။

” ဆရာဝန္အတုေတြမို႔ အစစ္ျဖစ္ခ်င္ေနတာလား Ball မၿပီး CDM ဆရာဝန္ေတြကို တြယ္တဲ့ ဇာတ္လမ္းအမေလး non non ေတြရဲ႕ ” လို႔ ျမဝတ္ရည္ ရဲ႕ လူမႈ႕ကြန္ယက္ေပၚမွာ ေရးသားထားတာကို ေတြ႕ရပါတယ္။

ပရိသတ္ႀကီးေရ မၾကာခင္ျပသေတာ့မယ့္ ဆရာဝန္ဆိုတဲ့ဇာတ္လမ္းတြဲနဲ႔ပတ္သက္ၿပီး ‌ထင္ျမင္ယူဆခ်က္ေတြကို ေကာမန႔္မွာ ေရးသားသြားေပးခဲ့အုန္းေနာ္။