ပရိသတ်တွေက ချစ်စနိုးနဲ့ ဒါဒါလို့ခေါ်ကြတဲ့ ဝါရင့်မင်းသမီးကြီး စိုးမြတ်နန္ဒာ ကတော့ တစ်ခေတ်တစ်ခါတုန်းက မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးချောတစ်လက် ဖြစ်ခဲ့ပါတယ်။
အနုပညာမျိုးရိုးရှိသူပီပီ ကျရာဇာတ်ရုပ်ကို အကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့ ဝါရင့်မင်းသမီးတစ်လက်ဖြစ်တာကြောင့် အကယ်ဒမီဆုတွေကိုလဲ ပိုင်ဆိုင်ထားပါသေးတယ်။
အနုပညာလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်ခြင်း မရှိတော့ပေမယ့် ပရိသတ်တွေနဲ့ အဆက်အသွယ်မပျက် ရှိနေပါတယ်။
မင်းသမီး စိုးမြတ်နန္ဒာ ရဲ့ အိမ်ထောင်ရေးကတော့ အဆိုတော်ဖြိုးကြီးနဲ့ အိမ်ထောင်ကျပြီးနောက် “မြတ်သောမောင်” ဆိုတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။
ဖြိုးကြီးနဲ့ လမ်းခွဲပြီးတဲ့နောက်မှာ လက်ရှိမှာ ရုပ်ရှင်သရုပ်ဆောင် မင်းသားကြီး စိုးသူ နဲ့ သာယာပျော်ရွယ်ဖွယ်ကောင်းတဲ့ အချစ်ခရီးလမ်းကို တူတူလျှောက်လှမ်းနေကြပါတယ်နော်။
စိုးသူ ဟာ မြန်မာ့ရုပ်ရှင်လောကရဲ့ ထိပ်တန်းမင်းသားတစ်လက်ဖြစ်ခဲ့ယုံတင်မက ၁၉၉၆ ခုနှစ်မှာ ဆေးတက္ကသိုလ်(၁) ရန်ကုန်ကနေ ဆရာဝန်ဘွဲ့ရရှိခဲ့တဲ့ ဒေါက်တာတစ်ဦးလဲ ဖြစ်ပါတယ်။
လက်ရှိမှာတော့ မင်းသမီး စိုးမြတ်နန္ဒာ နဲ့အတူ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားပြီး ဇနီးနဲ့အတူ အလှူအတန်းနဲ့တရားဓမ္မကို အသားပေးအားထုတ်နေတာကြောင့် နုပျိုကျန်းမာနေတာပဲ ဖြစ်ပါတယ်။
ဒီကနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့ကတော့ မင်းသားကြီး စိုးသူ ရဲ့ ၅၇ နှစ် မွေးနေ့ရက်မြတ်ပဲ ဖြစ်ပါတယ်။ စိုးသူ ရဲ့ ယနေ့ကျရောက်တဲ့ မွေးနေ့ကို ဇနီးဖြစ်သူ စိုးမြတ်နန္ဒာက သက်ရှည်ကျန်းမာစိတ်ကျန်းမာစေဖို့ အခုလိုပဲ ဆုတောင်းပေးခဲ့ပါတယ်။
” ၅၇ နှစ်ပြည့် မွေးနေ့ရက် မှ နောက်ထပ် မွေးနေ့ရက်ပေါင်း ၁၀၀ ပိုင်ဆိုင်နိုင်ပါစေ ( တစ်နှစ်မှာ တစ်ရက်ပဲရှိတဲ့ မွေးနေ့ရက်ပေါင်း ၁၀၀ ကိုဆိုလိုသည် )LoVe YoU BaSoe”ဆိုပြီး သူမရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။
မင်းသားကြီး စိုးသူ ရဲ့ ၅၇ နှစ်မြောက်မွေးနေ့ကို ချစ်တဲ့ပရိသတ်တွေက မွေးနေ့ဆုတောင်းလေးတွေကို ကောမန့်မှတစ်ဆင့် ဆုတောင်းပေးခဲ့ပါအုန်းနော်။
ခင္ပြန္းျဖစ္သူ စိုးသူ ရဲ႕ေမြးေန႔ကို ထူးထူးျခားျခား ဆုေတာင္းေပးလိုက္တဲ့ မင္းသမီး စိုးျမတ္နႏၵာ
ပရိသတ္ေတြက ခ်စ္စႏိုးနဲ႔ ဒါဒါလို႔ေခၚၾကတဲ့ ဝါရင့္မင္းသမီးႀကီး စိုးျမတ္နႏၵာ ကေတာ့ တစ္ေခတ္တစ္ခါတုန္းက ျမန္မာႏိုင္ငံရဲ႕ထိပ္တန္းမင္းသမီးေခ်ာတစ္လက္ ျဖစ္ခဲ့ပါတယ္။
အႏုပညာမ်ိဳး႐ိုးရွိသူပီပီ က်ရာဇာတ္႐ုပ္ကို အေကာင္းဆုံးသ႐ုပ္ေဆာင္ႏိုင္တဲ့ ဝါရင့္မင္းသမီးတစ္လက္ျဖစ္တာေၾကာင့္ အကယ္ဒမီဆုေတြကိုလဲ ပိုင္ဆိုင္ထားပါေသးတယ္။
အႏုပညာလုပ္ငန္းေတြကို ဆက္လက္လုပ္ကိုင္ျခင္း မရွိေတာ့ေပမယ့္ ပရိသတ္ေတြနဲ႔ အဆက္အသြယ္မပ်က္ ရွိေနပါတယ္။
မင္းသမီး စိုးျမတ္နႏၵာ ရဲ႕ အိမ္ေထာင္ေရးကေတာ့ အဆိုေတာ္ၿဖိဳးႀကီးနဲ႔ အိမ္ေထာင္က်ၿပီးေနာက္ “ျမတ္ေသာေမာင္” ဆိုတဲ့ သားေလးတစ္ေယာက္ကို ပိုင္ဆိုင္ထားပါတယ္။
ၿဖိဳးႀကီးနဲ႔ လမ္းခြဲၿပီးတဲ့ေနာက္မွာ လက္ရွိမွာ ႐ုပ္ရွင္သ႐ုပ္ေဆာင္ မင္းသားႀကီး စိုးသူ နဲ႔ သာယာေပ်ာ္႐ြယ္ဖြယ္ေကာင္းတဲ့ အခ်စ္ခရီးလမ္းကို တူတူေလွ်ာက္လွမ္းေနၾကပါတယ္ေနာ္။
စိုးသူ ဟာ ျမန္မာ့႐ုပ္ရွင္ေလာကရဲ႕ ထိပ္တန္းမင္းသားတစ္လက္ျဖစ္ခဲ့ယုံတင္မက ၁၉၉၆ ခုႏွစ္မွာ ေဆးတကၠသိုလ္(၁) ရန္ကုန္ကေန ဆရာဝန္ဘြဲ႕ရရွိခဲ့တဲ့ ေဒါက္တာတစ္ဦးလဲ ျဖစ္ပါတယ္။
လက္ရွိမွာေတာ့ မင္းသမီး စိုးျမတ္နႏၵာ နဲ႔အတူ သာယာေပ်ာ္႐ႊင္ဖြယ္ေကာင္းတဲ့ အိမ္ေထာင္ေရးကို ပိုင္ဆိုင္ထားၿပီး ဇနီးနဲ႔အတူ အလႉအတန္းနဲ႔တရားဓမၼကို အသားေပးအားထုတ္ေနတာေၾကာင့္ ႏုပ်ိဳက်န္းမာေနတာပဲ ျဖစ္ပါတယ္။
ဒီကေန႔ ႏိုဝင္ဘာလ ၃၀ ရက္ေန႔ကေတာ့ မင္းသားႀကီး စိုးသူ ရဲ႕ ၅၇ ႏွစ္ ေမြးေန႔ရက္ျမတ္ပဲ ျဖစ္ပါတယ္။ စိုးသူ ရဲ႕ ယေန႔က်ေရာက္တဲ့ ေမြးေန႔ကို ဇနီးျဖစ္သူ စိုးျမတ္နႏၵာက သက္ရွည္က်န္းမာစိတ္က်န္းမာေစဖို႔ အခုလိုပဲ ဆုေတာင္းေပးခဲ့ပါတယ္။
” ၅၇ ႏွစ္ျပည့္ ေမြးေန႔ရက္ မွ ေနာက္ထပ္ ေမြးေန႔ရက္ေပါင္း ၁၀၀ ပိုင္ဆိုင္ႏိုင္ပါေစ ( တစ္ႏွစ္မွာ တစ္ရက္ပဲရွိတဲ့ ေမြးေန႔ရက္ေပါင္း ၁၀၀ ကိုဆိုလိုသည္ )LoVe YoU BaSoe”ဆိုၿပီး သူမရဲ႕လူမႈ႕ကြန္ယက္ေပၚမွာ ေရးသားထားပါတယ္။
မင္းသားႀကီး စိုးသူ ရဲ႕ ၅၇ ႏွစ္ေျမာက္ေမြးေန႔ကို ခ်စ္တဲ့ပရိသတ္ေတြက ေမြးေန႔ဆုေတာင္းေလးေတြကို ေကာမန႔္မွတစ္ဆင့္ ဆုေတာင္းေပးခဲ့ပါအုန္းေနာ္။