Cele News

မင်းသား ပြေတီဦး ရဲ့မွေးနေ့ကို သတိတရနဲ့ ဆုတောင်းပေးခဲ့တဲ့ ဇာတ်ပို့သရုပ်ဆောင် နှိုင်းရှင်မြင့်မိုရ်

ပရိသတ်ကြီးရေ…ပြည်သူချစ်နိုင်ငံကျော် မင်းသားချောတစ်ဦးဖြစ်တဲ့ ပြေတီဦး ကိုတော့ လူကြီးလူငယ်မရွေး ပရိသတ်တိုင်း မသိသူမရှိလောက်အောင် သိကြမယ်ထင်ပါတယ်။

သူ့ရဲ့ရုပ်ရှင်ဇာတ်ကားတိုင်းဟာ သဘာဝကျတဲ့သရုပ်ဆောင်ချက်တွေနဲ့ ကောင်းမွန်လွန်းတာကြောင့် ရုံတင်တဲ့ဇာတ်ကားတိုင်းဟာ ပရိသတ်တစ်ခဲနက် အားပေးမှု့ကိုရရှိခဲ့တဲ့ ထိပ်တန်းမင်းသားတစ်လက် ဖြစ်ပါတယ်။

အကယ်ဒမီဆုများစွာကို ပိုင်ဆိုင်ထားတဲ့ ပြေတီဦး ဟာအောင်မြင်တဲ့မင်းသားတစ်လက်ဖြစ်ရုံမက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရရှိရေးအတွက် ပြည်သူတွေနဲ့အတူတကွ အမှန်တရားဘက်ကနေ ရပ်တည်ခဲ့သူတစ်ဦးလဲဖြစ်ပါတယ်။ ဒီနေ့ကတော့ မင်းသား ပြေတီဦး ရဲ့မွေးနေ့လေးပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသား ပြေတီဦး ဟာအမှန်တရားအတွက် တိုက်ပွဲဝင်ခဲတာကြောင့် ဇနီးဖြစ်သူနဲ့အတူ ဖမ်းဆီးခံခဲ့ရပြီးနောက် လွတ်ငြိမ်းချမ်းသာနဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

ဒီကနေ့နိုဝင်ဘာလ ၃၀ရက်နေ့ကတော့ ပြည်သူတွေအားလုံးကချစ်ရတဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ မင်းသား ပြေတီဦး ရဲ့ ၄၄ နှစ်ပြည့် မွေးနေ့ရက်မြတ်ပဲ ဖြစ်ပါတယ်။

ပြေတီဦး ရဲ့ မွေးနေ့ကို ဇာတ်ပို့သရုပ်ဆောင်တစ်ဦးလဲဖြစ် အောင်မြင်နေတဲ့ Live sale Queen တစ်ဦးဖြစ်တဲ့ နှိုင်းရှင်မြင့်မိုရ် ကတော့ ပြေတီဦးရဲ့ မွေးနေ့ကို အခုလိုပဲဆုတောင်းပေးခဲ့ပါတယ်။

” Happy Birthday သမီးတို့အချစ်ရဆုံး ကိုတီ…”ဆိုပြီး ဓာတ်ပုံလေးနဲ့အတူ သူမရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

ကဲ….ပရိသတ်ကြီးရေ ပြည်သူ့အချစ်တော် ပြေတီဦး ရဲ့မွေးနေ့အတွက် ဆုတောင်းစကားလေးတွေ ကောမန့်မှတစ်ဆင့် ရေးသားသွားပေးခဲ့အုန်းနော်။








