Cele News

တော်လှန်ရေးရဲဘော်တွေ ဟာ ပြည်သူကမွေးတဲ့ အဖိုးတန်ရတနာတွေမို့ တစ်ယောက်မှအဆုံးရှုံးမခံနိုင်ဖူးဆိုတဲ့ မြနှင်းရည်လွင်

ပရိသတ်ကြီးရေ MRTV-4 ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း သရုပ်ဆောင်ကောင်းလွန်းတာကြောင့် ပရိသတ်ချစ်ခင်အားပေးမူ့ကို ရရှိခဲ့တဲ့ သရုပ်ဆောင် မြနှင်းရည်လွင် ကိုတော့ အားလုံးပဲ သိကြလိ့မယ်ထင်ပါတယ်။

မြန်မာနိုင်ငံရဲ့ စစ်အာဏာသိမ်းမူ့မှာ မြနှင်းရည်လွင် ဟာ အနုပညာရှင်တစ်ယောက်အနေနဲ့ ပြည်သူတွေနဲ့အတူ နွေဦးတော်လှန်ရေးမှာ တတ်တတ်ကြွကြွပူးပေါင်း ပါဝင်ခဲ့ပါတယ်။

ဒါကြောင့် ကာရိုက်တာမျိုးစုံကို သရုပ်ဆောင်နိုင်တဲ့အပြင် သူရဲကောင်းဆန်တဲ့ သူမရဲ့စိတ်ဓာတ်ကြောင့်လဲ ပရိသတ်တွေ ပိုမိုချစ်ခင်အားပေးကြရပြန်ပါတယ်။

မြနှင်းရည်လွင် ဟာ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာကြောင့် စစ်ကောင်စီ ရဲ့ တရားစွဲဆိုခြင်းကို ခံခဲ့ရပါတယ်။ ဒါအပြင်သူမအပါအဝင် ဆန္ဒပြမူ့တွေမှာ ပါဝင်ခဲ့တဲ့ အနုပညာရှင်တွေကို လိုက်လံဖမ်းဆီးမူ့တွေ ရှိခဲ့တာကြောင့် ဘေးကင်းရာကို အချိန်မှီတိမ်းရှောင်ရင်း လွတ်မြောက်နယ်မြေကို ရောက်ရှိခဲ့ရပါတယ်။

လွတ်မြောက်နယ်မြေမှာ ခက်ခဲကြမ်းတမ်းပေမယ့် အဆင်ပြေအောင်နေထိုင်ရင်း စစ်ကောင်စီကိုတွန်းလှန်နေကြပါတယ်။ ဒီအထဲမှာ သရုပ်ဆောင် မြနှင်းရည်လွင် ဟာလဲ ကိုယ်တိုင်လက်နက်ကိုင်ရင်း နည်းမျိုးစုံနဲ့ တွန်းလှန်နေတာ ဖြစ်ပါတယ်။

သရုပ်ဆောင် မြနှင်းရည်လွင် ကတော့ တော်လှန်ရေးရဲဘော်တွေဟာ ပြည်သူကမွေးတဲ့ အဖိုးတန်ရတနာတွေမို့ အဆုံးရှုံးမခံနိုင်ဖူးလို့ ပြတ်ပြတ်သားသားပြောလိုက်ပါတယ်။

“၂၀၂၃ မှာ အိမ်ပြန်ကြတဲ့ အခါ ဘယ်သူကိုမှမထားခဲ့နိုင်ပါဘူး အိမ်ပြန်ချင်ပြီ တော်လှန်ရေးရဲဘော်တွေပြောကြတယ်၊ CDMer‌ တွေ ပြောကြတယ်။ တချို့ကလည်း ပြန်စရာအိမ်မရှိတော့ဘူး။ တချို့ကလည်း အိမ်မှာ လူမစုံတော့ဘူး။ တချို့ကတော့ အိမ်မပြန်နိုင်တော့ဘူး။

တော်လှန်ရေးရဲဘော်တွေဟာ ပြည်သူကမွေးထားတဲ့ အဖိုးတန် သားကောင်း သမီးရတနာတွေပါ။ တစ်ဦးချင်းတစ်ယောက်ချင်းစီကို ကျွန်‌တော်တို့ တန်ဖိုးထားလို့ အိမ်ပြန်ချိန်မတိုင်ခင် တစ်ယောက်ကိုမျှ အဆုံးရှုံးမခံနိုင်ပါဘူး။”လို့ မြနှင်းရည်လွင် ရဲ့ လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။








