Cele News

မကြာခင်ရင်သွေးလေး ပိုင်ဆိုင်တော့မယ်လို့ ဓာတ်ပုံနဲ့တကွကြွားလိုက်တဲ့ အဆိုတော် ဝန

ပရိသတ်ကြီးရေ ရော့ခ်သီချင်းအကြမ်းစားတွေကို ဖန်တီးသီဆိုတတ်ပြီး နာမည်ကြီးလူကြိုက်များလာတဲ့ အဆိုတော် ဝန ကိုတော့အားလုံးပဲ မှတ်မိကြအုန်းမယ်ထင်ပါတယ်‌။ ဒါအပြင် အချစ်သီချင်းချိုချိုလေးတွေကိုလဲ ပရိသတ်ရင်ထဲရောက်အောင် ဖန်တီးသီဆိုနိုင်တာကြောင့်လဲ သူ့ရဲ့သီချင်းတွေဟာ အရမ်းကိုအောင်မြင်ကျော်ကြားပါတယ်။ “အနီးဆုံးလူ”ဆိုတဲ့သီချင်းလေးဟာလဲ ယောက်ကျားလေးပရိသတ်တွေ အရမ်းကိုကြိုက်နှစ်သက်ကြတဲ့ သီချင်းလေးပဲ ဖြစ်ပါတယ်။

အရင်ချိန်က ဆံပင်ရှည်ကြီးနဲ့ ရော့ခ်သီချင်းကြမ်းကြမ်းတွေကို သီဆိုတတ်တဲ့ ဝန ဟာ အရင်ချိန်က ၁၀ နှစ်တာတွဲခဲ့တဲ့ ချစ်သူနဲ့လက်ထပ်ပွဲပျက်သွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဂီတလောကကနေ ပျောက်ကွယ်နေတာ ကြာနေပါပြီနော်။ လက်ရှိအချိန်မှာတော့ အဆိုတော် ဝန ဟာ အရမ်းချစ်ရတဲ့ချစ်သူလေးနဲ့ ‌ရွှေလက်တွဲခဲ့ပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်ရေးခရီးလမ်းကို ဖြတ်သန်းနေတာပါ။ ဒီကနေ့မှာတော့ ရော့ခ်အဆိုတော်ကြီး ဝန ရဲ့ ဝမ်းသာစရာသတင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။

အဆိုတော် ဝန ရဲ့လူမှု့ကွန်ယက်ပေါ်မှာ “ဖေဖေရယ်မေမေရယ် သားသားရယ်”ဆိုပြီး စာသားလေးနဲ့အတူ ကိုယ်ဝန်လေးနဲ့လှပနေတဲ့ ချစ်ဇနီးနဲ့တွဲရိုက်ထားတဲ့ ဓာတ်ပုံလေးကိုပါ တွဲတင်ထားတာဖြစ်ပါတယ်။ Congratulation ပါ ကိုဝန ရေ ….။



