ပရိသတ်ကြီးရေ တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြား လူကြိုက်များခဲ့တဲ့ မင်းသမီး လင်းဇာနည်ဇော် ကိုတော့ ရုပ်ရုပ်ချစ်ပရိသတ်တွေ အားလုံးမှတ်မိကြအုန်းမယ်ထင်ပါတယ်။
ဆံနွယ်ရှည်ကို ပိုင်ဆိုင်ထားပြီးတော့ ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့တဲ့ သူမကတော့ ပရိသတ်တွေချစ်ခင်အားပေးရတဲ့ မင်းသမီးလေးတစ်လက် ဖြစ်ခဲ့ပါတယ်။
မင်းသား ရဲကိုကို နဲ့ လင်းဇာနည်ဇော် တို့ရဲ့ သမီးလေး မြူလင်းကိုကို ဟာလဲ အရမ်းကို ချစ်စရာကောင်းလွန်းတာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုနဲ့အတူ ချစ်ခင်မှုကို ရရှိထားခဲ့ရတဲ့သူလေး တစ်ယောက်ပါ။
သရုပ်ဆောင် လင်းဇာနည်ဇော် တို့မိသားစုလေးကတော့ ချစ်ဖို့ကောင်းတဲ့ စိတ်ရင်းစေတနာကောင်းလေးတွေနဲ့ ချစ်ချစ်ခင်ခင်နေထိုင်ကြတဲ့ ပျော်ဖို့ကောင်းတဲ့ မိသားစုလေး ဖြစ်ပါတယ်။
ဒီကနေ့ ဒီဇင်ဘာလ ၃ ရက်နေ့ ကတော့ ဖခင်ဖြစ်သူ ဒါရိုက်တာ ဦးခင်ဇော် ကွယ်လွန်သွားခဲ့တာ ၄ နှစ်ပြည့်နေ့ပဲ ဖြစ်ပါတယ်။
ဒါကြောင့်လဲ ဖခင်ကြီးကို ရည်စူးပြီးကိုယ်တိုင်ချက် အုန်းနို့ခေါက်ဆွဲ စတုဒီသာ ကိုနေအိမ်ရှေ့မှာ ပြုလုပ်ကုသိုလ်ယူခဲ့ပါတယ်။ ဖခင်ကြီးကို လွမ်းဆွတ်သတိရတဲ့အနေနဲ့ လင်းဇာနည်ဇော် ကတော့ “ဖေဖေ ခွဲခွာသွားခဲ့တာ(4)နှစ်တင်းတင်းပြည့်မယ့်နေ့။
“မြန်လိုက်တာနော်” ….လို့ ၊လူတိုင်းပြောနေကျစကားလေး။အမေနဲ့သမီးတို့အတွက်ကတော့အဖေ မရှိတော့တဲ့နေ့တွေဟာ၊ ကုန်မှန်းမသိတဲ့အချိန်တွေကို ရေတွက်ဖို့ရာတောင် အချိန်မရှိပဲ၊ခက်ခဲကြမ်းတမ်းတဲ့ ကန္တာရခရီးရှည်ကြီးကို
ပျော်ရွှင်စရာမရှိ အားကိုးမှီခိုရာမရှိရင်ဖွင့်အကြံဉာဏ်ယူဖို့ရာ လမ်းကောင်းညွှန်ပြပေးမယ့်သူမရှိတယုတယ ဖက်ရမ်းနမ်းရှုပ်ရမယ့်သူမရှိတဲ့ဘဝနဲ့၊အဖေပေးခဲ့တဲ့ခွန်အားတွေကိုသာ အသုံးချရင်း ကြိုးစားအားယူ ရုန်းကန်လျှောက်လှမ်းခဲ့ရပါတယ်ဖေဖေရေ။” လို့ ရေးသားထားတာကို တွေ့ရပါတယ်။
မိသားစုပြုသမျှ ကောင်းမှူ့ကုသိုလ်လေးကို ရောက်ရှိနေတဲ့ဘုံဘဝမှ ဝမ်းမြောက်ကြည်နူးစွာ သာဓုအကြိမ်ကြိမ်ခေါ်ဆိုနိူင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ကွယ်လွန်တာ ၄ နှစ်ပြည့်သွားတဲ့ ချစ်ရတဲ့ဖခင်ကြီးအတွက် အုန်းနို့ခေါက်ဆွဲအလှူလုပ်ခဲ့တဲ့ လင်းဇာနည်ဇော် တို့ မိသားစုလေး
မိသားစုပြုသမျှ ကောင်းမှူ့ကုသိုလ်လေးကို ရောက်ရှိနေတဲ့ဘုံဘဝမှ ဝမ်းမြောက်ကြည်နူးစွာ သာဓုအကြိမ်ကြိမ်ခေါ်ဆိုနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။