“ဒီတစ်ခါစိတ်ကောက်တတ်တဲ့ မင်းရဲ့မျက်နှာ ငါပြန်ချော့လိုက်လို့ပြုံးသွားတဲ့အခါ လေပြေတွေလို ကြည်နူးသွား နူးညံ့မှု့တွေပေးတဲ့ မျက်နှာ” ဆိုတဲ့ သီချင်းလေးကို ကြားလိုက်ရင်
ဂီတလောကမှာ ယောက်ကျားလေးပရိသတ်တွေကြားမှာ အဓိကရေပန်းစားကျော်ကြားခဲ့တဲ့ မျက်နှာသီချင်းပိုင်ရှင်လေးကိုတော့ မှတ်မိကြအုန်းမှာပါ။
သီချင်းကောင်းလေးတစ်ပုဒ်ဖြစ်တဲ့ မျက်နှာ သီချင်းစာသားတိုင်းဟာ လူငယ်ပရိသတ်တွေရဲ့ နှုတ်ဖျားမှာ အကြိမ်အကြိမ်အခါခါ စွဲစွဲမြဲမြဲသီဆိုလေ့ရှိပြီး ဘယ်အချိန်နားထောင်ထောင် ရိုးမသွားတဲ့သီချင်းလေးဖြစ်ပါတယ်။
ဒီသီချင်းလေးရဲ့ ဖန်တီးသီဆိုသူ အဆိုတော် Fly (IMP Music Band ) ဟာမနေ့က ဒီဇင်ဘာ ၄ ရက်နေ့ မနက်ပိုင်းမှာ နှလုံးအဆို့ရှင်ရောဂါနဲ့ ရုတ်တရက် ကွယ်လွန်သွားခဲ့ပြီး ပရိသတ်တွေကို ထာဝရနှုတ်ဆက်သွားခဲ့ပါပြီ။
အဆိုတော် Fly (ညီဝင်းထွန်း) ဟာ တောင်ကြီးသားအဆိုတော်တစ်ဦးဖြစ်ပြီး ကွယ်လွန်ချိန်မှာတော့ အသက် ၄၁ နှစ်သာရှိပါသေးတယ်။
အဆိုတော် Fly ရဲ့ မိသားစုနဲ့ထပ်တူ ဝမ်းနည်း၊ ကြေကွဲရပါတယ်။ ကောင်းရာ၊ မွန်ရာ ဘုံဘဝသို့ ရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ေၾကာက္စရာေကာင္းတဲ့ ေရာဂါတစ္ခုေၾကာင့္ မ်က္ႏွာသီခ်င္းပိုင္ရွင္ အဆိုေတာ္ Fly ႐ုတ္တရက္ ကြယ္လြန္
“ဒီတစ္ခါစိတ္ေကာက္တတ္တဲ့ မင္းရဲ႕မ်က္ႏွာ ငါျပန္ေခ်ာ့လိုက္လို႔ၿပဳံးသြားတဲ့အခါ ေလေျပေတြလို ၾကည္ႏူးသြား ႏူးညံ့မႈ႕ေတြေပးတဲ့ မ်က္ႏွာ” ဆိုတဲ့ သီခ်င္းေလးကို ၾကားလိုက္ရင္
ဂီတေလာကမွာ ေယာက္က်ားေလးပရိသတ္ေတြၾကားမွာ အဓိကေရပန္းစားေက်ာ္ၾကားခဲ့တဲ့ မ်က္ႏွာသီခ်င္းပိုင္ရွင္ေလးကိုေတာ့ မွတ္မိၾကအုန္းမွာပါ။
သီခ်င္းေကာင္းေလးတစ္ပုဒ္ျဖစ္တဲ့ မ်က္ႏွာ သီခ်င္းစာသားတိုင္းဟာ လူငယ္ပရိသတ္ေတြရဲ႕ ႏႈတ္ဖ်ားမွာ အႀကိမ္အႀကိမ္အခါခါ စြဲစြဲၿမဲၿမဲသီဆိုေလ့ရွိၿပီး ဘယ္အခ်ိန္နားေထာင္ေထာင္ ႐ိုးမသြားတဲ့သီခ်င္းေလးျဖစ္ပါတယ္။
ဒီသီခ်င္းေလးရဲ႕ ဖန္တီးသီဆိုသူ အဆိုေတာ္ Fly (IMP Music Band ) ဟာမေန႔က ဒီဇင္ဘာ ၄ ရက္ေန႔ မနက္ပိုင္းမွာ ႏွလုံးအဆို႔ရွင္ေရာဂါနဲ႔ ႐ုတ္တရက္ ကြယ္လြန္သြားခဲ့ၿပီး ပရိသတ္ေတြကို ထာဝရႏႈတ္ဆက္သြားခဲ့ပါၿပီ။
အဆိုေတာ္ Fly (ညီဝင္းထြန္း) ဟာ ေတာင္ႀကီးသားအဆိုေတာ္တစ္ဦးျဖစ္ၿပီး ကြယ္လြန္ခ်ိန္မွာေတာ့ အသက္ ၄၁ ႏွစ္သာရွိပါေသးတယ္။
အဆိုေတာ္ Fly ရဲ႕ မိသားစုနဲ႔ထပ္တူ ဝမ္းနည္း၊ ေၾကကြဲရပါတယ္။ ေကာင္းရာ၊ မြန္ရာ ဘုံဘဝသို႔ ေရာက္ရွိပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။