ပရိသတ်ကြီးရေ… အဆိုတော် R ဇာနည် ကတော့ အသံပါဝါကောင်းကောင်းကို ပိုင်ဆိုင်ထားပြီးတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှု့ကို တစ်ခဲနက်ရရှိထားတဲ့ ဝါရင့်အဆိုတော်ကြီးတစ်ဦး ဖြစ်ပါတယ်။
R ဇာနည် ဟာ MRTV-4 ကနေ စီစဥ်တင်ဆက်တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ ကျားပေါက်၊နီနီခင်ဇော်၊ရန်ရန်ချမ်း တို့နဲအတူပါဝင် အကဲဖြတ်ဒိုင်တစ်ဦးအဖြစ် ပါဝင်ခဲ့ပါသေးတယ်။
သူကတော့ ဖေဖော်ဝါရီလကတည်းက နွေဦးတော်လှန်ရေးအစကနေ ပြည်သူတွေနဲ့အတူ ရပ်တည်ခဲ့တဲ့အနုပညာရှင်တစ်ဦးလဲဖြစ်ပါတယ်။
ဒါကြောင့်လဲ တရားစွဲဆိုခံထားရတာကြောင့် ဘေးကင်းရာကိုတိမ်းရှောင်ရင်း ကျရာတာဝန်ကို ဆက်လက်ထမ်းဆောင်နေတာပါ။
အဆိုတော် ရန်ရန်ချမ်းနဲ့ R ဇာနည် ကတော့ အမှန်တရားဘက်တော်သားတွေလဲ ဖြစ် အဆိုတော်အဖြစ် စတင်လျှောက်လှမ်းခဲ့တဲ့အချိန်ထဲက အခင်အမင်ရဆုံး သူငယ်ချင်းမိတ်ဆွေတွေ ဖြစ်ပါတယ်။
အမှန်တရားကိုချစ်မြတ်နိုးသူတွေ ဖြစ်တာကြောင့်လဲ အာဏာစသိမ်းတဲ့အချိန်မှ လက်ရှိအချိန်ထိ သွေးမအေးနောက်မဆုတ်ပဲ ပြည်သူတွေဘက်ကနေ ခိုင်ခိုင်မာမာ ရပ်တည်နေဆဲဖြစ်တဲ့ အနုပညာရှင်ညီအစ်ကိုတွေလဲ ဖြစ်ပါတယ်။
ဒီကနေ့ ဒီဇင်ဘလ ၅ ရက်နေ့ကတော့ အဆိုတော် ရန်ရန်ချမ်း ရဲ့ ၄၂ နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ရန်ရန်ချမ်း ရဲ့ မွေးနေ့ကို အဆိုတော် R ဇာနည်ကတော့ အခုလိုပဲ ဆုတောင်းပေးလာခဲ့ပါတယ်။
” မိသားစုအားလုံးကျန်းမာပြီး အစစအရာရာ အဆင်ပြေပါစေ YC မွေးနေ့အမှတ်တရ ဆုတောင်းပါတယ် “ဆိုပြီး ပရိသတ်တွေမမြင်ဖူးသေးတဲ့ သူတို့နှစ်ဦးရဲ့ဓာတ်ပုံလေးနဲ့အတူ တင်ထားတာကို တွေ့ရပါတယ်။
ကဲ…ပရိသတ်ကြီးရေ ယနေ့မှာကျရောက်တဲ့ YC ရဲ့ မွေးနေ့လေးအတွက် ဆုတောင်းစကားလေးတွေကို ကောမန့်မှာ ရေးသားသွားပေးခဲ့အုန်းနော်။
ညီအစ်ကိုလိုခင်ရတဲ့ ရန်ရန်ချမ်းရဲ့မွေးနေ့ကို ဘယ်သူမှမမြင်ဖူးသေးတဲ့ပုံလေးနဲ့ ဆုတောင်းပေးလိုက်တဲ့ R ဇာနည်