မိသားစုဝင်အသစ် သားသားလေးရောက်ရှိလာပြီဖြစ်ကြောင်း အသိပေးလာခဲ့တဲ့ နေတိုး
ပရိသတ်ကြီးရေနေတိုးကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားခဲ့တဲ့ ပရိသတ်အချစ်တော် တစ်ယောက်ပဲဖြစ်ပါတယ်။ နေတိုးကတော့ လက်ရှိမှာ အနုပညာအလုပ်တွေကို ရပ်နားထားပြီး ဇနီးသည်နဲ့အတူ အေးချမ်းတဲ့ မိသားစုဘဝလေးကို အချိန်ပေးကုန်ဆုံးနေခဲ့ပါတယ်။
ပရိသတ်တွေသိရှိပြီးသားဖြစ်တဲ့အတိုင်း နေတိုးရဲ့ ဇနီးသည်ကတော့ ပထမဆုံးသားဦးလေးကို ကိုယ်ဝန်ဆောင်ထားတာပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ နေတိုးက သူရဲ့ ဇနီးက သားလေးကိုအောင်မြင်စွာမွေးဖွားနိုင်ခဲ့ပြီး သူ့ရဲ့သားလေးလူ့လောကထဲကိုရောက်ရှိလာပြီးဖြစ်ကြောင်း သူ့ရဲ့ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ်။
သားလေးရဲ့ လက်ကလေးကိုရိုက်ကူးထားတဲ့ ဓာတ်ပုံလေးအပါအဝင် ဇနီးသည်နဲ့အတူရိုက်ကူးထားတဲ့ ပုံလေးတွေနဲ့ ဗီဒီယိုလေးတစ်ခုဖန်တီးကာ သူ့ရဲ့ Youtube Channel ကနေ မျှဝေဖော်ပြလာခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်ကြီးရေ နေတိုးကတော့ “Welcome to the world baby boy”ဆိုပြီး သားလေးကို နွေးထွေးစွာနဲ့ကြိုဆိုထားခဲ့ပါသေးတယ်နော်။