Cele News

ညီဖြစ်သူအတွက် စိုးရိမ်စိတ်ပူစွာနဲ့ ဆုတောင်းပေးလိုက်တဲ့ ဇာတ်မင်းသား ဖိုးချစ် ရဲ့ အစ်ကို

ဇာတ်သဘင် လောကအောင်မြင်ကျော် ကြားနေတဲ့ မင်းသားချော ဖိုးချစ် ဆိုရင်တော့မသိတဲ့သူမရှိသလောက်ပါဘဲနော်။

သဘင် ဥကဠ အဖြစ်တာဝန်ယူဆောက်ရွက်သူတစ်ယောက်ဖြစ်ပြီး ဖိုးချစ် ဟာအနုပညာ မှာသာတော်ရုံမက အများအကျိုးကိုလည်း တက်စွမ်းသမျှကူညီဆောင်ရွက်ပေးနေသူတစ်ယောက်လည်းဖြစ်ပါတယ်။

သူ့ရဲ့ဖခင်ဟာ ရွားစားကျော် ဦးစိန်ဝင်းသောင်းဖြစ်ပြီး ဖခင်ကိုလည်းအလွန်ချစ်တဲ့သားတစ်ယောက်ဖြစ်တာကြောင့် ဖခင် ရဲ့ သဘင်ပညာရှင် မျိုးရိုးကိုဆက်ခံတဲ့ သားကောင်းရတနာတစ်ဦး ဖြစ်ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေမှာ ဖိုးချစ် က ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်ခဲ့ပါတယ်။

ဖိုးချစ် ကတော့ ပြည်သူတွေနဲ့အတူ လမ်းမပေါ်ထွက် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့တဲ့အနုပညာရှင်တွေထဲက တစ်ဦးအပါအဝင်ဖြစ်တဲ့အပြင် ဒီမိုကရေစီရရှိရေးကိုလိုလားတဲ့ စစ်ကောင်စီအာဏာသိမ်းမှု့ကို ပြတ်ပြတ်သားသားဆန့်ကျင်ခဲ့တဲ့သူတစ်ဦးဖြစ်တာကြောင့် ဖိုးချစ် ကိုစစ်ကောင်စီမှ ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံထားရပါတယ်။

ဒါပေမယ့်လဲ တယ်လီဂရမ်တစ်ခုမှ ဖိုးချစ်နဲ့ သျှန်ထွန်း(မြန်မာစာ)တို့ ဟာ PDF တွေကိုထောက်ပံ့တယ်ဆိုပြီး ‌စွပ်စွဲချက်တွေကြောင့် မင်းသား ဖိုးချစ်နဲ့အတူ တေးရေး၊တေးဆို သျှန်ထွဏ်း ( မြန်မာစာ) တို့ ဖမ်းဆီးခံလိုက်ရပါတယ်။

ဇာတ်မင်းသား ဖိုးချစ် အဖမ်းခံရတာကြောင့် အနုပညာအသိုင်းအဝိုင်းနဲ့ မိသားစုဝင်တွေအားလုံးက စိုးရိမ်စိတ်ပူနေကြရပါတယ်။

ဖိုးချစ်ရဲ့အစ်ကိုဖြစ်သူ လူမှု့ကွန်ယက်ပေါ်မှာ ” အစစအရာရာအဆင်ပြေပါစေသူတော်ကောင်းနဲ့ တွေ့ပါစေ” လို့ ရေးသားထားတဲ့ ပိုစ်အောက်မှာ ဘေးကင်းပါစေလို့ ဆုတောင်းပေးထားတဲ့ ချစ်တဲ့လူတွေရဲ့ ကောမန့်တွေကို တွေ့ရပါတယ်နော်။








