celebrity news

မွေးရပ်မြေ ဘေးကင်းပါစေလို့ သတိတရနဲ့အဝေးကနေ ဆုတောင်းပေးလိုက်တဲ့ မင်းမော်ကွန်း

ပရိသတ်တိုင်း ချစ်ခင်ရတဲ့ ပြည်သူချစ်သရုပ်ဆောင် မင်းသားချော အကယ်ဒမီ မင်းမော်ကွန်း ကတော့ ဆယ်စုနှစ်တစခုကြာ ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးထားပြီးတော့

ယခင်အချိန်တည်းက ပရိသတ်အားပေးချစ်ခင်မှု့ကို အပြည့်အဝရရှိထားတဲ့ မင်းသားချောတစ်လက်ဖြစ်ပါတယ်။

အမှန်တရားအတွက် ပြည်သူတွေနဲ့အတူ ရပ်တည်ခဲ့တာကြောင့် စစ်ကောင်စီမှ ၅၀၅ က ဖြင့်တရားစွဲဆိုခံထားရပါတယ်။

ဒါကြောင့်လဲ ခက်ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကို မိသားစုနဲ့အတူ အလျင်အမြန်တိမ်းရှောင်ခဲ့ရပါတယ်။

မင်းသား မင်းမော်ကွန်း ကတော့ စစ်ကောင်စီကိုနည်းမျိုးစုံနဲ့ တော်လှန်ဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်နော်။

ဒါအပြင် တပ်ထောက်ခံနေတဲ့ အနုပညာရှင်တွေနဲ့ ပြည်သူတွေရဲ့ဒုက္ခကို မျက်ကွယ်ပြုပြီး အနုပညာလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်နေတဲ့ အနုပညာရှင်တွေနဲ့

စစ်တပ်ပိုင်ပစ္စည်းတွေကို ကြော်ငြာပေးနေတဲ့ နယ်ပယ်ပေါင်းစုံက မိတ်ဆွေဟောင်း အနုပညာရှင်တွေရဲ့ နာမည်တစ်ခုချင်းဆီကို bycotte လုပ်ဖို့တိုက်တွန်းနေပါသေးတယ်။

မင်းမော်ကွန်း ဟာ လက်ရှိမှာ လွတ်မြောက်နယ်မြေမှတစ်ဆင့် သြစတေးလျနိုင်ငံကို ရောက်ရှိနေပြီးတော့ တော်လှန်ရေးအတွက် ဆက်လက်ကြိုးစားနေပါတယ်။

မင်းသား မင်းမော်ကွန်း ကတော့ သူနေထိုင်ကြီးပြင်းခဲ့တဲ့ မွေးရပ်မြေအတွက် စိတ်ပူပြီး ဘေးကင်းပါစေလို့ သတိတရနဲ့အဝေးကနေ ဆုတောင်းပေးလိုက်ပါတယ်။

“ရန်ကုန် မှာရန်တွေကုန်စေချင်ပါပြီတပြည်လုံးအတွက်ကျွန်တော် အမြဲကြိုးစားနေတယ် ခုတခါကတော့ချစ်ရသော

မွေးရပ်မြေအတွက် အလှည့်ပေးပါရစေ”လို့ မင်းမော်ကွန်း ရဲ့ လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။

ပရိသတ်ကြီးရေ ရန်ကုန်အပါအဝင် မြန်မာပြည်ကြီးတစ်ခုလုံး အာဏာရှင်ဘေးမှအမြန်ဆုံး ကင်းဝေးပြီး ရွှေရောင်လွှမ်းတဲ့နေ့ရက်တိုင်းကို ပြန်လည်ပိုင်ဆိုင်နိုင်ကြပါစေ။

ရန်ကုန်အတွက် သတင်းကောင်းတစ်ခုပေးလိုက်တဲ့ ပြည်သူ့အချစ်တော် မင်းမော်ကွန်း












ပရိသတ်ကြီးရေ ရန်ကုန်အပါအဝင် မြန်မာပြည်ကြီးတစ်ခုလုံး အာဏာရှင်ဘေးမှအမြန်ဆုံး ကင်းဝေးပြီး ရွှေရောင်လွှမ်းတဲ့နေ့ရက်တိုင်းကို ပြန်လည်ပိုင်ဆိုင်နိုင်ကြပါေ