Cele News

တော်လှန်ရေးရန်ပုံငွေအတွက် အိမ် ဆိုတဲ့ ဇာတ်ကားလေး ထပ်မံရိုက်ကူးတော့မယ် ကိုပေါက်

ပရိသတ်ကြီးရေ ဒါရိုက်တာ ကိုပေါက် ကတော့ အမှန်တရားအတွက် ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပြီး တော်လှန်ရေးအတွက် အစွမ်းကုန်ကြိုးစားနေသူတစ်ဦး ဖြစ်ပါတယ်။

ဒါအပြင် ပြည်သူတွေကို စိတ်ဓာတ်မကျစေဖို့ အမြဲတမ်းအားပေးနေပြီး သွေးမအေးသွားစေဖို့အတွက်လဲ အမြဲတမ်းလှုံ့ဆော်နေသူလဲ ဖြစ်ပါတယ်။

တော်လှန်ရေးအတွက် ပြုလုပ်တဲ့ ရန်ပုံငွေပွဲတွေမှာလဲ အမြဲတမ်းလိုလိုပါဝင်နေတာကိုလဲ တွေ့ရပါတယ်။

တော်လှန်ရေးရန်ပုံ‌ငွေအနေနဲ့ “မသောက်မိသော မိုးခါးရေ” ဇာတ်လမ်းကို တော်လှန်ရေးနယ်မြေမှာရှိတဲ့ ရဲဘော်တွေနဲ့ ရိုက်ကူးခဲ့ပါတယ်။

မိုးခါးရေဇာတ်လမ်းဟာ ကမ္ဘာအရပ်ရပ်ထိ ရောက်ရှိခဲ့ပြီး အရမ်းကိုအောင်မြင်ခဲ့တဲ့အပြင် တော်လှန်ရေးအတွက် ရန်ပုံငွေများစွာ ရရှိခဲ့ပါတယ်။

နောက်ထပ်လဲ တော်လှန်ရေးရန်ပုံငွေအဖြစ် “အိမ်”ဆိုတဲ့ ဇာတ်ကားကိုရိုက်ကူးတော့မယ်လို့ ပြည်သူတွေကို အသိပေးလိုက်ပြန်ပါတယ်။

ဒီဇာတ်ကားမှာတော့ တော်လှန်ရေးရဲဘော်ရဲမေတွေ ပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်ကားကောင်းတစ်ကားဖြစ်မယ်လို့ ယုံကြည်ရပါတယ်။

ဒီကြောင်းကို ဒါရိုက်တာ ကိုပေါက် ကတော့ ” နောက် တကား နောက်ထပ် တကား နောက်ထပ် နောက်ထပ် တကား စသည်ဖြင့်…..

ဆက်တိုက် ဆက်တိုက် မကြာမီ ထပ်လာမည်”ဆိုပြီး ဒါရိုက်တာ ကိုပေါက် ရဲ့ လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။

ပရိသတ်ကြီးရေ ဒါရိုက်တာ ကိုပေါက် ရဲ့ အိမ် ဆိုတဲ့ ဇာတ်ကားလေးထွက်ရှိလို့လာရင် အားပေးကြဖို့ မမေ့ကြနဲ့အုန်းနော်။










