မြန်မာရုပ်ရှင်ဇာတ်ကားကြီးတစ်ကားဖြစ်တဲ့ “မီ”ဆိုတဲ့ ထူးခြားပြောင်မြောက်တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းကြီးကို ပရိသတ်တွေ မှတ်မိကြအုန်းမယ် ထင်ပါတယ်နော်။
ဒီဇာတ်ကားထဲမှာဆိုရင်တော့ မင်းသမီး ပိုင်ဖြိုးသုပါဝင်ပြီးတော့ နေတိုးနဲ့အတူ ကာရိုက်တာမိမိနဲ့ သရုပ်ဆောင်ထားတာဆိုရင်တော့
ပရိသတ်တွေအရမ်းကို ကြိုက်နှစ်သက်ခဲ့ရတဲ့အပြင် အာဆီယံနိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာလဲ ဇနီးဖြစ်သူ ပိုင်ဖြိုးသုနဲ့အတူ ဆုတွေရရှိခဲ့ပါသေးတယ်။
ဒါရိုက်တာ ဏကြီး ကိုတော့ အမှန်တရားဘက်ကနေ ရပ်တည်ခဲ့တာကြောင့် စစ်ကောင်စီဘက်ကနေ
ပုဒ်မ ၅၀၅ ကနဲ့ တရားစွဲဆိုထားပြီး လက်ရှိမှာ ဇနီးဖြစ်သူနဲ့အတူ ဘေးကင်းရာကို တိမ်းရှောင်နေရပါတယ်။
ဒါရိုက်တာ ဏကြီး ဟာ အနုပညာရှင်တစ်ဦးဖြစ်တာကြောင့် အာဏာရှင်ကိုတွန်းလှန်ရာမှာ တတ်ကျွမ်းထားတဲ့ဒါရိုက်တာပညာနဲ့ တော်လှန်နေတဲ့သူတစ်ဦး ဖြစ်ပါတယ်။
လက်ရှိမှာ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးထားတဲ့အပြင် အပြစ်မရှိတဲ့ကျောင်းးသားတွေကို သေဒဏ်တွေချမှတ်နေတာကြောင့် အားလုံးကဝမ်းနည်းဒေါသထွက်ပြီး ခံပြင်းနေကြရတာပါ။
ဒါကြောင့်လဲ ပိုင်ဖြိုးသု ရဲ့ခင်ပွန်း ဏကြီး ကတော့ ပုံမှန်ပျော်ရွှင်နေတဲ့ဘဝကို ပြန်လည်ဖြတ်သန်းဖို့ ဘယ်တော့မှမဖြစ်နိုင်တော့ဖူးဆိုပြီး စိတ်မကောင်းစွာ ရင်ဖွင့်ထားပါတယ်။
ပုံမှန်ဘဝကိုပြန်ဖြတ်သန်းဖို့ ဘယ်တော့မှမဖြစ်နိုင်တော့ဖူးဆိုတဲ့ ပိုင်ဖြိုးသု ရဲ့ခင်ပွန်း ဏကြီး