Cele News

သည်းသည်းလှုပ်ချစ်မဝဖြစ်နေတဲ့ သားလေးရဲ့ဓာတ်ပုံလေးကို ထုတ်ပြလာခဲ့တဲ့ နေတိုး

မြန်မာပြည်တစ်ပြည်လုံးက ချစ်ခင်အားပေးကြတဲ့ ထိပ်ထားမင်းသားတစ်လက်ဖြစ်တဲ့ ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင်

နေတိုးဟာ အနုပညာလောကမှာ အောင်မြင်မှုတွေကို ဆွတ်ခူးနိုင်တဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။

နေတိုး ဟာ ရခိုင်သားလေးတစ်ဦးဖြစ်ပြီး မာန်အောင်မြို့ဇာတိဖြစ်တဲ့ သူ့ရဲ့ငယ်ချစ်နဲ့အတူ ရွှေလက်တွဲသွားခဲ့ပြီး အိမ်ထောင်တစ်ခုကို ပျော်ပျော်ရွှင်ရွှင်နဲ့ ထူထောင်ခဲ့ပါတယ်။

ရုပ်ရှင်နဲ့ပတ်သက်တဲ့ အနုပညာလှုပ်ရှားမှု့တွေ မတွေ့ရတော့ပဲ ဇနီးချောလေးနဲ့အတူ အလှူအတန်းတွေ ပြုလုပ်ရင်းနဲ့ပဲ ဘဝကိုပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာပါနော်။

မနေ့က ဒီဇင်ဘာလ ၅ ရက်နေ့မှာ နေတိုး တို့ဇနီးမောင်နှံ အတွက် ‌သားဦးလေးကတော့ မျှော်လင့်နေတဲ့အတိုင်းပဲ သူတို့နှစ်ဦးရဲ့ ဘဝထဲကို ဘေးကင်းကျန်းမာစွာနဲ့‌ မွေးဖွားပြီး

ကြောင်းကို နေတိုးရဲ့တရားဝင် You Tube Channel ကနေတစ်ဆင့် ကလေးရဲ့လက်ဓာတ်ပုံလေးနဲ့အတူ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

အခုတစ်ခါမှာလဲ ‌သားသား‌လေးရဲ့ချစ်ဖို့ကောင်းတဲ့ ဓာတ်ပုံလေးကို နေတိုး ဟာ တင်ပေးထားတာကြောင့် ပရိသတ်တွေအားလုံးက အရမ်းသဘောကျနေကြပါတယ်။

ပရိသတ်ကြီးရေ နေတိုးရဲ့ သားလေးဓာတ်ပုံလေးတွေကို ကြည့်ရှု့လို့ရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

အချိန်တိုင်းဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ။









