ပရိသတ်ကြီးရေ ရုပ်ရှင်လောကမှာ အောင်မြင်ကျော်ကြားပြီးတော့ ပျော်ရွှင်ဖွယ်အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတဲ့ မင်းသမီးချော ပိုင်ဖြိုးသုကို သိကြမယ်ထင်ပါတယ်။
သူမဟာဆိုရင်တော့ ၂၀၁၇ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးပွဲတွင် ” သရဲမ၊ဘီလူးမ နှင့် မိန်းမပျို ” ရုပ်ရှင်ဖြင့် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့သူလဲ ဖြစ်ပါတယ်။
ရုပ်ရှင်ရိုက်ကူးရာတွင် ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့အပြင် သူမရဲ့စိတ်ဓာတ်ဟာလည်း အတုယူအားကျစရာကောင်းလောက်ပါတယ်။
လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လူထုလှုပ်ရှားမှုများကို ဖေဖော်ဝါရီလကတည်းမှ စတင်ပြီး ပါဝင်ခဲ့သူ ဖြစ်ပြီး နေ့စဉ်ရက်ဆက်
မမောနိုင်မပန်းနိုင်အောင် လမ်းမပေါ်ထွက်ကာ ပြည်သူတွေနဲ့အတူ ဆန္ဒထုတ်ဖော်ခဲ့တာကြောင့် ပုဒ်မ၅၀၅(က)ဖြင့် တရားဆွဲခံထားရပြီး ချစ်တဲ့အနုပညာနဲ့ မိသားစုကိုစွန့်ခွာပြီး ဘေးကင်းရာကို တိမ်းရှောင်နေရပါတယ်။
ဒီလိုတိမ်းရှောင်နေရင်းက တော်လှန်ရေးတာဝန်တွေကို ရောက်တဲ့နေရာကနေတစ်ဆင့် ခင်ပွန်းဖြစ်သူနဲ့အတူ ကြိုးစားထမ်းဆောင်နေတာလဲ ဖြစ်ပါတယ်။
ဒဂုံတက္ကသိုလ်ကျောင်းသားတွေ သေဒဏ်ပေးခံရတဲ့အကြောင်းနဲ့ ပတ်သက်ပြီး စစ်တပ်ရဲ့မတရားအနိုင်ကျင့်မှု့တွေကို နိုင်ငံတကာကိုအရေးယူပေးဖို့ English Language နဲ့ တောင်းဆိုလိုက်ပါတယ်။
ပရိသတ်ကြီးရေ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ မတရားမှု့တွေအားလုံးအမြန်ဆုံးပပျောက်ပါစေလို့ ဆုတောင်းပေးခဲ့ပါအုန်းနော်။
ဒီမတရားမှု့တွေကို အမြန်ဆုံးအရေးယူပေးဖို့ နိုင်ငံတကာထိ အကူအညီတောင်းခံခဲ့တဲ့ မင်းသမီး ပိုင်ဖြိုးသု