Cele News

တော်လှန်ရေးဘက်မှာ ဝာာဝန်ကျေပေမယ့် မိသားစုအတွက် တာဝန်တွေပျက်ကွက်နေတာကြောင့် ရှက်မိတယ်လို့ ဝန်ခံလိုက်တဲ့ မင်းမော်ကွန်း

ပရိသတ်တိုင်း ချစ်ခင်ရတဲ့ ပြည်သူချစ်သရုပ်ဆောင် မင်းသားချော အကယ်ဒမီ မင်းမော်ကွန်း ကတော့ ဆယ်စုနှစ်တစခုကြာ ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးထားပြီးတော့

ယခင်အချိန်တည်းက ပရိသတ်အားပေးချစ်ခင်မှု့ကို အပြည့်အဝရရှိထားတဲ့ မင်းသားချောတစ်လက်ဖြစ်ပါတယ်။

အမှန်တရားအတွက် ပြည်သူတွေနဲ့အတူ ရပ်တည်ခဲ့တာကြောင့် စစ်ကောင်စီမှ ၅၀၅ က ဖြင့်တရားစွဲဆိုခံထားရပါတယ်။

ဒါကြောင့်လဲ ခက်ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကို မိသားစုနဲ့အတူ အလျင်အမြန်တိမ်းရှောင်ခဲ့ရပါတယ်။

မင်းသား မင်းမော်ကွန်း ကတော့ စစ်ကောင်စီကိုနည်းမျိုးစုံနဲ့ တော်လှန်ဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်နော်။

ဒါအပြင် တပ်ထောက်ခံနေတဲ့ အနုပညာရှင်တွေနဲ့ ပြည်သူတွေရဲ့ဒုက္ခကို မျက်ကွယ်ပြုပြီး အနုပညာလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်နေတဲ့ အနုပညာရှင်တွေနဲ့

စစ်တပ်ပိုင်ပစ္စည်းတွေကို ကြော်ငြာပေးနေတဲ့ နယ်ပယ်ပေါင်းစုံက မိတ်ဆွေဟောင်း အနုပညာရှင်တွေရဲ့ နာမည်တစ်ခုချင်းဆီကို bycotte လုပ်ဖို့တိုက်တွန်းနေပါသေးတယ်။

မင်းမော်ကွန်း ဟာ လက်ရှိမှာ လွတ်မြောက်နယ်မြေမှတစ်ဆင့် သြစတေးလျနိုင်ငံကို ရောက်ရှိနေပြီးတော့ တော်လှန်ရေးအတွက် ဆက်လက်ကြိုးစားနေပါတယ်။

မင်းသား မင်းမော်ကွန်း ဟာ တော်လှန်ရေးလုပ်ရင်း မိသားစုအတွက် တာဝန်တွေပျက်ကွက်ခဲ့တာကြောင့် ရှက်မိပါတယ်လို့ ဝန်ခံလိုက်ပါတယ်။

” ကျွန်တော်ရှက်မိတယ် ကျွန်တော်အလုပ်မရှိအကိုင်မရှိ ဝင်ငွေကလည်းမရှိပေါ့လေတော်လှန်ရေးအတွက်ထောက်ပို့လုပ်တယ်ဆိုပေမယ့် ဒီငွေအားလုံးဟာကျွန်တော်နဲ့လုံးဝမသက်ဆိုင်

ကျွန်တော်မိန်းမကိုတိုင်ပင်ပါတယ် မေမေရေ ဖေဖေ show ပွဲလေးတွေလုပ်တဲ့အခါ ဆုကြေးလေးတွေကိုလက်ခံရင်ကောင်းမလားပေါ့ သူကပြောတယ် ဖေဖေငါတ်ရင် သူရှာကျွေးပါ့မယ်တဲ့

တော်လှန်ရေးကရသမျ တစ်ပြားတစ်ချတ်မှမစားပါနဲ့တဲ့လေ ကျွန်တော်ရှက်မိတယ် ကျွန်တော့်မိန်းမ အလုပ် ၃ခုလုပ်ပါတယ် Cleaning House keeping Age care

ကျွန်တော်တော်လှန်ရေးကလွဲရင် မိသားစုအတွက် ဘာတာဝန်မှမကျေဘူး ကျွန်တော်ရှက်မိပါတယ်” လို့ မင်းမော်ကွန်း ဟာ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်













