The Voice Myanmar Season 2 ၊ Team ရန်ရန်ချမ်း ( YC) မှာပါဝင်ယျဉ်ပြိုင်ခဲ့ပြီး Top 4 အထိတတ်ရောက်ခဲ့ပြီး
ပရိသတ်တွေရဲ့အချစ်ကို ရရှိခဲ့သူတစ်ဦး ဖြစ်တဲ့ မယ်လိုဒီခေါင် ကိုတော့ အားလုံးပဲမှတ်မိကြလိမ့်မယ်ထင်ပါတယ်။
ကချင်တိုင်းရင်းသူလေးတစ်ဦးဖြစ်တဲ့ သူမကတော့ သီချင်းဆိုကောင်းတဲ့အပြင် သားလေးအတွက် ဖခင်တာဝန် နဲ့ မိခင်တာဝန် နှစ်ခုလုံးကို
အသက် ၂၃ နှစ် ငယ်ရွယ်တဲ့အသက်အရွယ်ဖြစ်ပေမယ့် တာဝန်ကျေအောင် ကြိုးစားပြီးပြုစုစောက်ရှောက်ပေးနေတဲ့ Single Mother တစ်ဦးလဲ ဖြစ်ပါတယ်။
မယ်လိုဒီခေါင် ဟာ အမှန်တရားအတွက် ရဲရဲဝံ့ဝံ့နဲ့ ပြည်သူတွေနဲ့အတူ ရပ်တည်ခဲ့ပြီး လမ်းမပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်ခဲ့တဲ့ အဆိုတ်ောတစ်ဦးဖြစ်ပါတယ်။
ဒီလိုအမှန်တရားအတွက် ရပ်တည်ခဲ့တာကြောင့် ဖေဖော်ဝါရီလ ၁ ရက်နေ့ ၂၀၂၂ မှာ စစ်ကောင်စီကနေ
မတရားဖမ်းဆီးတာကို ခံလိုက်ရတာဆိုရင်တော့ ရက်ပေါင်း ၁၀၀ ကျော်ခဲ့ပြီဖြစ်ပါတယ်။ မယ်လိုဒီခေါင် ရဲ့ သားဖြစ်သူ အဲရစ် ဟာ အမေတစ်ခုသားတစ်ခုပဲရှိတဲ့ ဘဝမှာ
အဖမ်းခံလိုက်ရတဲ့ မိခင်ကိုအရမ်းလွမ်းနေပြီးတော့ အမြန်ဆုံးပြန်လည်လွတ်မြောက်ပါစေဆိုပြီး အချိန်တိုင်းဆုတောင်းနေတာကို တွေ့ရပါတယ်။
ပရိသတ်ကြီးရေ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ အဆိုတော် မယ်လိုဒီခေါင် အမြန်ဆုံးပြန်လည်လွတ်မြောက်ပါစေလို့ ကောမန့်မှတစ်ဆင့် ဆုတောင်းပေးခဲ့ပါအုန်းနော်။
အမှန်တရားအတွက် အကျဉ်းကျခံနေရပြီး လက်ရှိအချိန်ထိ မလွတ်မြောက်သေးတဲ့ အဆိုတော် မယ်လိုဒီခေါင်