အဆိုတော်လဲဖြစ် သရုပ်ဆောင်တစ်ဦးလဲဖြစ်တဲ့ ချစ်သုဝေ ဟာ အဆိုတော်လင်းလင်း နဲ့ အိမ်ထောင်ကျပြီး အမြွှာသမီးလေးနှစ်ယောက်ဖြစ်တဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ် ကို မွေးဖွားထားသူတစ်ယောက် ဖြစ်ပါတယ်။
အဆိုတော် လင်းလင်းနဲ့အတူ ကျန်းမာပျော်ရွှင်တဲ့ အိမ်ထောင်ရေးခရီးလမ်းကို ပိုင်ဆိုင်ထားတာကြောင့်လဲ စိတ်ပျိုလို့ကိုယ်နုနေတဲ့ ချစ်သုဝေက အသက် (၃၇) နှစ်ရောက်သည့်တိုင် လူငယ်လေးလို လန်းဆန်းလှပနေဆဲပါ။
ဒါအပြင် ချစ်သုဝေ ကတော့ ခင်ပွန်းဖြစ်သူ လင်းလင်းနဲ့အတူ အမှန်တရားကိုချစ်မြတ်နိုးပြီး ပြည်သူတွေဘက်က ပြတ်ပြတ်သားသားရပ်တည်ခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးထဲမှာ အပါအဝင်ဖြစ်ပါတယ်။
ပုဒ်မ ၅၀၅ က နဲ့တရားဆွဲဆိုခံရထားပေမယ့် တိမ်းရှောင်ရင်း တော်လှန်ရေးအတွက် တာဝန်တွေကို ကျရာနေရာကနေ ဆက်လက်လုပ်ကိုင်နေဆဲပါပဲနော်။
ချစ်သုဝေ ဟာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို နည်းမျိုးစုံနဲ့အကူအညီပေးနိုင်အောင် ဆောင်ရွက်ပေးနေတာပဲ ဖြစ်ပါတယ်။
အခုတစ်ခါမှာလဲ ချစ်သုဝေ ကတော့ တော်လှန်ရေးရန်ပုံငွေအတွက် Music Video လေးတစ်ခုကို ဒီကနေ့ ဒီဇင်ဘာလ ၉ ရက်နေ့ ညနေ ၆ နာရီမှာထွက်ရှိလာတော့မှာဖြစ်ပြီး ပြည်သူတွေအားလုံးကို Click ကြဖို့ တိုက်တွန်းထားပါသေးတယ်။
Music Video ရိုက်ကူးဖို့အတွက် မိတ်ကပ်လိမ်းခြယ်ခြင်းကို ခင်ပွန်းဖြစ်သူ လင်းလင်းကိုယ်တိုင်ပြုလုပ်ပေးနေတဲ့ ကြည်နူးဖွယ်ရာ ဓာတ်ပုံလေးကို ပရိသတ်အားလုံးက သဘောကျနေကြတာပါနော်။
ကဲ…ပရိသတ်ကြီးရေ သဘောကျဖို့ကောင်းတဲ့ လင်းလင်းနဲ့ချစ်သုဝေ တို့ဇနီးမောင်နှံ ရဲ့ ကြည်နူးဖွယ်ဓာတ်ပုံလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
မျမင္ရတာၾကာၿပီျဖစ္တဲ့ လင္းလင္း နဲ႔ ခ်စ္သုေဝ တို႔ရဲ႕ဇနီးေမာင္ႏွံရဲ႕ ၾကည္ႏူးရာဓာတ္ပုံေလး
အဆိုေတာ္လဲျဖစ္ သ႐ုပ္ေဆာင္တစ္ဦးလဲျဖစ္တဲ့ ခ်စ္သုေဝ ဟာ အဆိုေတာ္လင္းလင္း နဲ႔ အိမ္ေထာင္က်ၿပီး အႁမႊာသမီးေလးႏွစ္ေယာက္ျဖစ္တဲ့ ေမျမန္မာေခတ္နဲ႔ ေမျမန္မာသစ္ ကို ေမြးဖြားထားသူတစ္ေယာက္ ျဖစ္ပါတယ္။
အဆိုေတာ္ လင္းလင္းနဲ႔အတူ က်န္းမာေပ်ာ္႐ႊင္တဲ့ အိမ္ေထာင္ေရးခရီးလမ္းကို ပိုင္ဆိုင္ထားတာေၾကာင့္လဲ စိတ္ပ်ိဳလို႔ကိုယ္ႏုေနတဲ့ ခ်စ္သုေဝက အသက္ (၃၇) ႏွစ္ေရာက္သည့္တိုင္ လူငယ္ေလးလို လန္းဆန္းလွပေနဆဲပါ။
ဒါအျပင္ ခ်စ္သုေဝ ကေတာ့ ခင္ပြန္းျဖစ္သူ လင္းလင္းနဲ႔အတူ အမွန္တရားကိုခ်စ္ျမတ္ႏိုးၿပီး ျပည္သူေတြဘက္က ျပတ္ျပတ္သားသားရပ္တည္ခဲ့တဲ့ ျပည္သူခ်စ္အႏုပညာရွင္တစ္ဦးထဲမွာ အပါအဝင္ျဖစ္ပါတယ္။
ပုဒ္မ ၅၀၅ က နဲ႔တရားဆြဲဆိုခံရထားေပမယ့္ တိမ္းေရွာင္ရင္း ေတာ္လွန္ေရးအတြက္ တာဝန္ေတြကို က်ရာေနရာကေန ဆက္လက္လုပ္ကိုင္ေနဆဲပါပဲေနာ္။
ခ်စ္သုေဝ ဟာ ဒုကၡေရာက္ေနတဲ့ ျပည္သူေတြကို နည္းမ်ိဳးစုံနဲ႔အကူအညီေပးႏိုင္ေအာင္ ေဆာင္႐ြက္ေပးေနတာပဲ ျဖစ္ပါတယ္။
အခုတစ္ခါမွာလဲ ခ်စ္သုေဝ ကေတာ့ ေတာ္လွန္ေရးရန္ပုံေငြအတြက္ Music Video ေလးတစ္ခုကို ဒီကေန႔ ဒီဇင္ဘာလ ၉ ရက္ေန႔ ညေန ၆ နာရီမွာထြက္ရွိလာေတာ့မွာျဖစ္ၿပီး ျပည္သူေတြအားလုံးကို Click ၾကဖို႔ တိုက္တြန္းထားပါေသးတယ္။
Music Video ႐ိုက္ကူးဖို႔အတြက္ မိတ္ကပ္လိမ္းျခယ္ျခင္းကို ခင္ပြန္းျဖစ္သူ လင္းလင္းကိုယ္တိုင္ျပဳလုပ္ေပးေနတဲ့ ၾကည္ႏူးဖြယ္ရာ ဓာတ္ပုံေလးကို ပရိသတ္အားလုံးက သေဘာက်ေနၾကတာပါေနာ္။
ကဲ…ပရိသတ္ႀကီးေရ သေဘာက်ဖို႔ေကာင္းတဲ့ လင္းလင္းနဲ႔ခ်စ္သုေဝ တို႔ဇနီးေမာင္ႏွံ ရဲ႕ ၾကည္ႏူးဖြယ္ဓာတ္ပုံေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။