တစ်ချိန်ကပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ သရုပ်ဆောင် သူထူးစံ ကတော့ အနုပညာနယ်ပယ်မှာ ဆယ်စုနှစ်တခုကြာရပ်တည်ခဲ့ပြီး အောင်မြင်ခဲ့တဲ့မင်းသားချောတစ်လက် ဖြစ်ပါတယ်။
သူထူးစံ ကတော့ ရုပ်ရှင်၊ဗီဒီယိုဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး မင်းသမီး ခွန်းဆင့်နေခြည်နဲ့အတူ ရိုက်ကူးထားတဲ့ သမန်းကျားရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီထူးချွန်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးထားတာပဲ ဖြစ်ပါတယ်။
သူထူးစံ ဟာ ကာရိုက်တာမျိုးစုံကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်တဲ့အပြင် အက်ရှင်ကားတွေကို အဓိကရိုက်ကူးတဲ့ မင်းသားတစ်လက်ဖြစ်တာကြောင့်လဲ မြို့ပရိသတ်အပါအဝင် နယ်ပရိသတ်တွေရဲ့ အားပေးမှု့ရရှိထားတာပဲ ဖြစ်ပါတယ်။
ဒီကနေ့ ဒီဇင်ဘာလ (၉ ) ရက်နေ့ကတော့ မင်းသားချော သူထူးစံ ရဲ့မွေးနေ့လေးပဲဖြစ်ပါတယ်။ မွေးနေ့ဖြစ်ရုံတင်မက သူထူးစံတို့ ဇနီးမောင်နှံရဲ့ ၄ နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့လေးလဲ ဖြစ်ပါတယ်နော်။
အနုပညာလှုပ်ရှားမှု့တွေကို မတွေ့ရတော့တဲ့ မင်းသား သူထူးစံ ဟာ ဇနီးဖြစ်သူ သရုပ်ဆောင် ထိုက်စုဝင်းနဲ့အတူ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်ရေးချစ်ခရီးလမ်းကို လျှောက်လှမ်းနေပြီး ချစ်ဖို့ကောင်းတဲ့ သမီးလေးကို ပိုင်ဆိုင်ထားတဲ့ ဖခင်ကောင်း၊ခင်ပွန်းကောင်းတစ်ဦး ဖြစ်နေပါပြီ။
ဒီနေ့လေးမှာကျရောက်တဲ့ မင်းသား သူထူးစံ ရဲ့မွေးနေ့လေးကို ဆုတောင်းစကားလေးတွေကို ကောမန့်မှာပြောပေးခဲ့ပါအုန်းနော်။ အချိန်တိုင်းဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
အနုပညာလှုပ်ရှားမှု့တွေမရှိတော့ပေမယ့် အခုချိန်ထိ ပရိသတ်အားပေကးမှဒ့ကို ရရှိထားတဲ့ မင်းသာ သူထူးစံ ရဲ့ မွေးနေ့