ပရိသတ်ကြီးရေ ငယ်စဉ်ကတည်းက ကလေးသရုပ်ဆောင်အနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိထားပြီး လက်ရှိအချိန်မှာလည်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမူ့ကို ရရှိထားတဲ့သူကတော့ တစ်ချိန်က ကလေးသရုပ်ဆောင် ဟဲဗီးဖြိုး ပဲ ဖြစ်ပါတယ်။
ကလေးသရုပ်ဆောင် ဟဲဗီးဖြိုး ကတော့ ပြည်သူတွေအခက်ခဲဖြစ်နေချိန် အနုပညာအလုပ်တွေလုပ်ရမှာ ရှက်တယ်ဆိုတဲ့ သူ့ရဲ့ခံယူချက်ကို အခုလိုပဲ ရေးသားပြခဲ့ပါတယ်။
“ကျွန်တော်ကိုတစ်ချို့အသိတွေကပြောကြတယ် မင်းlineပေါ်ပုံမတင်ဘူးလား ဇာတ်လမ်းအတိုလေးမရိုက်ဘူးလားလို့မေးကြပါတယ် အနုပညာအလုပ်ပဲ လုပ်ချင်တာပေါ့ အချိန်အခါဆိုတာရှိတယ်လေ ပြီးတော့ ကျွန်တော်ကိုအားပေခဲ့တဲ့ ပရိတ်သတ်ပြည်သူ့မျက်နှာပြန်ကြည့်ကသေးတယ်
ဒီအချိန် ဒီကာလ ဒီလိုအနေထားကြီးမှာ lineပေါ်မှာ ဘာရိုက်ညာရိုက်နဲ့ ကျွန်တော်နာမည်ကြီးဖို့မလုပ်ချင်ပါဘူး ဘာလို့လဲဆို…ကျွန်တော်တို့အနုပညာကိုအားပေးနေတဲ့ ပြည်သူတွေ ဒုက္ခအခက်ခဲဖြစ်နေချိန် ကျွန်တော် lineပေါ်တက်ပြီး အကြောင်းအရာမရှိပဲ ဖင်မယားနိုင်ပါဘူး…
ကျွန်တော်ရှက်လို့ပါ…FBပေါ် ပုံမတင်လို့ Videoမတင်လို့ ပရိတ်သတ်တွေမေ့သွားမယ်ဆိုလဲ အမေ့ခံလိုက်ပါ့မယ် နောက်လဲ မပြီးမခြင်း line ပေါ်တက်ပြီး ဖင်မယားပါဘူး ကျွန်တော့်စိတ်ပါ…အကြောင်းအရာရှိမှFBပေါ်တင်ပါ့မယ်…မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက်ခြင်း မဟုတ်ပါ ” ဘူးလို့ ရေးသားထားပါတယ်။
ပြည်သူတွေအခက်ခဲဖြစ်နေချိန် အနုပညာအလုပ်တွေပြန်လုပ်ရမှာ ရှက်တယ်ဆိုတဲ့ သရုပ်ဆောင် ဟဲဗီးဖြိုး