Cele News

ဘယ်လိုအခြေအနေရောက်ရောက် ‌မေတ္တာထားနေတဲ့သူတွေကို ရင်ဘတ်ကြီးနဲ့ချစ်တယ်ဆိုတဲ့ ပိုင်ဖြိုးသု

မင်းသမီးချော ပိုင်ဖြိုးသု ဟာ လက်ရှိနိုင်ငံရေးအခြေအနေတွေအပေါ်မှာ မြန်မာပြည်သူတွေနဲ့အတူ အမြဲတမ်းရပ်တည်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒါကြောင့်လဲ ပုဒ်မ ၅၀၅ က နဲ့တရားစွဲဆိုခံထားရပြီးနောက် တိမ်းရှောင်နေရတာပဲ ဖြစ်ပါတယ်။ ဒီလိုတိမ်းရှောင်နေရင်းနဲ့ပဲ ရောက်တဲ့အရပ်ဒေသကနေ ကျရာတာဝန်တွေကို ကျေပွန်ကိုထမ်းဆောင်နေတာလဲ ဖြစ်ပါတယ်။

ဒါအပြင် သူမကိုယ်တိုင် ကြိုးစားဖန်တီးထားတဲ့ Crochet အိတ်လေးတွေကို မဲဖောက်ပြီး ရောင်းချပေးနေပါသေးတယ်။

အိတ်လေးတွေ ဖန်တီးနေစဥ်အတွင်း ပြည်သူတွေကိုလဲ Click ဖို့ အမြဲတမ်းနှိုးဆော်နေတာလဲ ဖြစ်ပါတယ်။

မင်းသမီး ပိုင်ဖြိုးသု ဟာ ခင်ပွန်းဖြစ်သူ ဏကြီးနဲ့အတူ တော်လှန်‌ရေးရန်ပုံငွေအတွက် ဇာတ်လမ်းတိုလေးတွေ ရိုက်ကူးရင်းနဲ့လဲ တော်လှန်ရေးအတွက် ကြိုးစားနေပါသေးတယ်။

ပိုင်ဖြိုးသု ကတော့ မီးဘေးသင့်ပြည်သူတွေအတွက် ဆန်တစ်ပြည် ၂၀၀၀ နှုန်းနဲ့ကူညီနိုင်ပြီလို့ ပြည်သူတွေကို သတင်းကောင်းပါးလိုက်ပါတယ်။

“မြောင်မြို့နယ် အတွင်းမှ ကျေးရွာ ၉ ရွာ မှ မီးဘေးခံစား ပြည်သူများအတွက် ဆန်တစ်ပြည် ၂၀၀၀ ကျပ်နှုန်းဖြင့် အိမ်ထောင်စု ၈၀၀အား တစ်အိမ်ထောင်စု လျှင် ၄ပြည်နှုန်းဖြင့် ထောက်ပံ့ကူညီသွားပါမည်

မီးဘေးခံစားပြည်သူများအတွက် ဆန်တပြည် ၂၀၀၀ကျပ်နှုန်းဖြင့် တက်နိုင်သမျှ ပူးပေါင်းပါဝင်ပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ် ။

လှူဒါန်းလိုပါက NUGpay စကန်ဖတ်ပြီး ရိုးရှင်းလွယ်ကူစွာ ပါဝင်ကြပါစို့ ။ ပြည်သူကူညီအိမ်ထောင်စု၈၀၀အတွက်ဆန်၄ပြည်ရပြီ “လို့ တိုက်တွန်းထားပါတယ်နော်။

မင်းသမီး ပိုင်ဖြိုးသု ဟာ ဘယ်လိုအခြေအနေရောက်ရောက် ‌မေတ္တာထားနေတဲ့သူတွေကို ရင်ဘတ်ကြီးနဲ့ချစ်ပါတယ်ဆိုတဲ့အကြောင်း

“ကိုယ့်အပေါ်ဘယ်လိုအခြေနေရောက်ရောက်ချစ်ပေးမေတ္တာထားပေးနေတဲ့သူတွေကိုဆိုရင်လေ ရင်ဘတ်ကြီးအပြည့်ပြန်ချစ်တယ် မေတ္တာတွေပြန်ပေးတယ်…

မေး : အဲဒါဆိုအလကားနေလိုက်မုန်း မဟုတ်တာတွေလျှောက်ပြော လိုက်ပြဿနာရှာနေတဲ့လူတွေဆိုရင်ရော….

ဖြေ : ဦးဏကြီးနဲ့တိုင်ပြောတယ် ” လို့ ပိုင်ဖြိုးသု ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။

ဘယ္လိုအေျခအေနေရာက္ေရာက္ ‌ေမတၱာထားေနတဲ့သူေတြကို ရင္ဘတ္ႀကီးနဲ႔ခ်စ္တယ္ဆိုတဲ့ ပိုင္ၿဖိဳးသု

မင္းသမီးေခ်ာ ပိုင္ၿဖိဳးသု ဟာ လက္ရွိႏိုင္ငံေရးအေျခအေနေတြအေပၚမွာ ျမန္မာျပည္သူေတြနဲ႔အတူ အၿမဲတမ္းရပ္တည္ခဲ့တာပဲ ျဖစ္ပါတယ္။

ဒါေၾကာင့္လဲ ပုဒ္မ ၅၀၅ က နဲ႔တရားစြဲဆိုခံထားရၿပီးေနာက္ တိမ္းေရွာင္ေနရတာပဲ ျဖစ္ပါတယ္။ ဒီလိုတိမ္းေရွာင္ေနရင္းနဲ႔ပဲ ေရာက္တဲ့အရပ္ေဒသကေန က်ရာတာဝန္ေတြကို ေက်ပြန္ကိုထမ္းေဆာင္ေနတာလဲ ျဖစ္ပါတယ္။

ဒါအျပင္ သူမကိုယ္တိုင္ ႀကိဳးစားဖန္တီးထားတဲ့ Crochet အိတ္ေလးေတြကို မဲေဖာက္ၿပီး ေရာင္းခ်ေပးေနပါေသးတယ္။

အိတ္ေလးေတြ ဖန္တီးေနစဥ္အတြင္း ျပည္သူေတြကိုလဲ Click ဖို႔ အၿမဲတမ္းႏႈိးေဆာ္ေနတာလဲ ျဖစ္ပါတယ္။

မင္းသမီး ပိုင္ၿဖိဳးသု ဟာ ခင္ပြန္းျဖစ္သူ ဏႀကီးနဲ႔အတူ ေတာ္လွန္‌ေရးရန္ပုံေငြအတြက္ ဇာတ္လမ္းတိုေလးေတြ ႐ိုက္ကူးရင္းနဲ႔လဲ ေတာ္လွန္ေရးအတြက္ ႀကိဳးစားေနပါေသးတယ္။

ပိုင္ၿဖိဳးသု ကေတာ့ မီးေဘးသင့္ျပည္သူေတြအတြက္ ဆန္တစ္ျပည္ ၂၀၀၀ ႏႈန္းနဲ႔ကူညီႏိုင္ၿပီလို႔ ျပည္သူေတြကို သတင္းေကာင္းပါးလိုက္ပါတယ္။

“ေျမာင္ၿမိဳ႕နယ္ အတြင္းမွ ေက်း႐ြာ ၉ ႐ြာ မွ မီးေဘးခံစား ျပည္သူမ်ားအတြက္ ဆန္တစ္ျပည္ ၂၀၀၀ က်ပ္ႏႈန္းျဖင့္ အိမ္ေထာင္စု ၈၀၀အား တစ္အိမ္ေထာင္စု လွ်င္ ၄ျပည္ႏႈန္းျဖင့္ ေထာက္ပံ့ကူညီသြားပါမည္

မီးေဘးခံစားျပည္သူမ်ားအတြက္ ဆန္တျပည္ ၂၀၀၀က်ပ္ႏႈန္းျဖင့္ တက္ႏိုင္သမွ် ပူးေပါင္းပါဝင္ေပးၾကဖို႔ ဖိတ္ေခၚလိုက္ပါတယ္ ။

လႉဒါန္းလိုပါက NUGpay စကန္ဖတ္ၿပီး ႐ိုးရွင္းလြယ္ကူစြာ ပါဝင္ၾကပါစို႔ ။ ျပည္သူကူညီအိမ္ေထာင္စု၈၀၀အတြက္ဆန္၄ျပည္ရၿပီ “လို႔ တိုက္တြန္းထားပါတယ္ေနာ္။

မင္းသမီး ပိုင္ၿဖိဳးသု ဟာ ဘယ္လိုအေျခအေနေရာက္ေရာက္ ‌ေမတၱာထားေနတဲ့သူေတြကို ရင္ဘတ္ႀကီးနဲ႔ခ်စ္ပါတယ္ဆိုတဲ့အေၾကာင္း

“ကိုယ့္အေပၚဘယ္လိုအေျခေနေရာက္ေရာက္ခ်စ္ေပးေမတၱာထားေပးေနတဲ့သူေတြကိုဆိုရင္ေလ ရင္ဘတ္ႀကီးအျပည့္ျပန္ခ်စ္တယ္ ေမတၱာေတြျပန္ေပးတယ္…

ေမး : အဲဒါဆိုအလကားေနလိုက္မုန္း မဟုတ္တာေတြေလွ်ာက္ေျပာ လိုက္ျပႆနာရွာေနတဲ့လူေတြဆိုရင္ေရာ….

ေျဖ : ဦးဏႀကီးနဲ႔တိုင္ေျပာတယ္ ” လို႔ ပိုင္ၿဖိဳးသု ရဲ႕လူမႈ႕ကြန္ယက္ေပၚမွာ ေရးသားထားပါတယ္။