ပြည်သူအချစ်တော် မင်းသားချော အကယ်ဒမီ မင်းမော်ကွန်း ကတော့တစ်ခေတ်တစ်ခါက အောင်မြင်ပြီးသားဖြစ်တဲ့အပြင် သရုပ်ဆောင်ပီပြင်လှတာကြောင့်လဲ ယနေ့ထိပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားတာပဲဖြစ်ပါတယ်။
မင်းမော်ကွန်း က တော်လှန်ရေးကြီးမှာလဲ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကတစ်သားတည်းပါဝင်ခဲ့တာကြောင့် ပုဒ်မ၅၀၅ကဖြင့် မတရားအမှုဖွင့်ထားခြင်းခံရပြီး မင်းမော်ကွန်း ကမိသားစုနဲ့အတူ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။
မင်းသား မင်းမော်ကွန်း နဲ့ ပတ်သတ်ပြီးသတင်းအမှားတွေ အများကြီး ထွက်ပေါ်ခဲ့ပါသေးတယ်။ မကြာသေးခင်ကပဲ လွတ်မြောက်နယ်မြေကနေ အမေရိကားကို ရောက်ရှိသွားခဲ့ပြီလို့ သတင်းအမှားတွေလဲ ထွက်ပေါ်ခဲ့ပါသေးတယ်။
အဲ့အကြောင်းနဲ့ပတ်သက်ပြီး မင်းမော်ကွန်း ဟာ လွတ်မြောက်နယ်မြေမှာပဲ ရှိနေပါတယ်လို့ ဖြေရှင်းခဲ့ပါတယ်။ မင်းသား မင်းမော်ကွန်း ဟာ ချစ်ခြင်းမုန်းခြင်းမပါပဲ နှင်းဆီအငြိမ့်အဖွဲ့ထဲကနေ တရားဝင်နုတ်ထွက်ခဲ့ပါတယ်။
ပရိသတ်ကြီးရေ မင်းသား မင်းမော်ကွန်း ကတော့ ချစ်တဲ့ပရိသတ်တွေနဲ့ ပြန်ဆုံကြမယ့်အကြောင်းကို ” နေကောင်းကျန်းမာ အောင်ပွဲနဲ့အတူ လိပ်ပြာသန့်သန့် ပြန်ဆုံကြမယ် ” လို့ သူ့ရဲ့ လူမူ့ကွန်ယက်ပေါ်မှာ ရေးသားသွားခဲ့ပါတယ်။
လိပ်ပြာသန့်စွာ တစ်နေ့ပြန်ဆုံကြမယ်လို့ ပရိသတ်ကို အားပေးလိုက်တဲ့ မင်းသား မင်းမော်ကွန်း